အသားဖြူအောင်လုပ်ဆောင်ဖို့

860

“ဆရာရေ အသားဖြူချင်လို့။ အသားဖြူအောင် ဘယ်လိုလုပ်ရမလဲ”
အသားဖြူဖို့ ဘာလုပ်ရမလဲ၊ ဘယ်လောက်အထိ ဖြူမှာလဲ၊ ဘယ်လောက်ကြာမှာလဲ၊
အသားဖြူဖို့ လုပ်လို့ရတဲ့နည်းလမ်းတွေရှိပေမယ့် ဘယ်နည်းလမ်းကမှ ဘယ်လောက်အထိ ဖြူသွားမလဲ လို့အတိအကျ မပြောနိုင်ပါဘူး။ နဂိုပင်ကိုယ်အသားအရောင်ပေါ်လည်း မူတည်ပါတယ်။

အသားဖြူအောင် ဘာတွေလုပ်ကြမလဲ။

အဓိကကတော့ နေပူထဲမထွက်ပါနဲ့။ နေရောင်က အရေပြားဆဲလ်တွေကို ပျက်စီးစေပါတယ်။ မဖြစ်မနေ ထွက်ရမယ်ဆိုရင် နေရောင်ကာ cream တွေလိမ်းပြီးမှထွက်ပါ။ ဒါတွေလိမ်းထားရင်လည်း တနေကုန်မ ခံတတ်ပါဘူး။ လေးငါးနာရီကြာတိုင်း အသစ်တစ်ခါ ထပ်လိမ်းပေးရပါတယ်။ သင်္ကြန်လည်တာ၊ ကမ်းခြေမှာ ရေကစားတာတွေ အရမ်းသိသာတယ်။ အသားမှာဘာမှမလိမ်းဘဲ နေပူထဲထွက်တဲ့အခါ နေလောင်တာတွေ အရမ်းဆိုးတတ်တယ်။ အဲလိုအချိန်တွေမှာ မဖြစ်မနေ နေရောင်ကာ cream တွေလိမ်းသင့်တယ်။

အိမ်မှာနေတဲ့အခါလည်း သနပ်ခါးပါးပါးလိမ်းထားလို့ ရပါတယ်။ သနပ်ခါးကို မအုံထားပါနဲ့။ ချွေးပေါက် ပိတ်တာ၊ ဝက်ခြံစတာတွေ ဖြစ်တတ်ပါတယ်။

အသားအရေက အစားအသောက်ပေါ်မှာလည်း အရမ်းမူတည်ပါတယ်။ အာဟာရပြည့်ဝအောင် စားသုံး သင့်တယ်။ အသီးအနှံ၊ အသားငါး၊ ဟင်းသီးဟင်းရွက်အားလုံးစုံအောင် စားရတယ်။ ရေများများလည်း သောက်ရမယ်။ ဒါမှလည်း အသားအရေ စိုပြည်လာမှာပါ။

တချို့တွေ အသားအရေအတွက် ပေါင်းတင်ကြတယ်။ မျက်နှာရော၊ တစ်ကိုယ်လုံးရော ပေါင်းတင် တယ်။ ချေးချွတ်တယ်။ ဒါတွေလည်း လုပ်ပေးလို့ရပါတယ်။ အရေပြားတွေ သန့်သွားတာပေါ့။

ဆိုင်တွေမှာ မလုပ်နိုင်လည်း ကိုယ့်အိမ်မှာလုပ်လို့ ရပါတယ်။ သဘာဝနည်းလမ်းတွေ ရှိပါတယ်။ ရှား စောင်းလက်ပတ်၊ သခွားသီး၊ ကြက်ဥ၊ ခရမ်းချဉ်သီး စတာတွေနဲ့ အရေပြားတွေကို သေချာပွတ်ပေးပါ။ ၁၅ မိနစ်ကနေ နာရီဝက်အထိလုပ်ပြီးတာနဲ့ ရေသေချာပြန်ဆေးပါ။

နောက်တစ်ခုကတော့ ရေချိုးတဲ့အခါ သေချာချိုးပါ။ ပြီးပြီးရော ရေလောင်းသလို မချိုးပါနဲ့။ ဂျီးနူးပေးသ လိုပဲဖြစ်မှာပါ။ နေ့တိုင်းရေချိုးပေး နိုင်ရင်ပိုကောင်းပါတယ်။ အေးတဲ့အခါ ရေနွေးစပ်ချိုးခြင်းက ကျန်းမာ ရေးနဲ့ ပိုသင့်တော်ပါတယ်။ သေချာ ဂျီးတွန်းပေးပါ။ တချို့က နို့ရည်နဲ့ ချိုးတတ်ကြတယ်။ ဒါလည်းလုပ် လို့ရပါတယ်။ ဒါပေမယ့် နို့ရည်ကလည်း သန့်ရှင်းနေမှပါ။ ဈေးကွက်ထဲမှာ ရေချိုးဆပ်ပြာကို နို့ရည်နဲ့ လုပ်ထားတာတွေလည်း ရှိပါတယ်။

စကားပုံတစ်ခုရှိပါတယ်။ “ဝလို့၊ လှလို့” ပါ။ အသားအရေလည်း ဒီလိုပါပဲ။ ပိန်နဲ့သူနဲ့ ဝတဲ့သူကို နှိုင်းယှဉ် ကြည့်ပါ။ ဝတဲ့သူတွေ အများစုက အသားအရေတင်းတင်းရင်းရင်းနဲ့ ပိုပြီးစိုပြည်ပါတယ်။ ပိန်တဲ့သူအ များစုကတော့ အသားအရေမွဲခြောက်ပါတယ်။ ဒါကြောင့် အာဟာရပြည့်အောင် စားဖို့၊ အိပ်ရေးဝဖို့ လို ပါတယ်။ စိတ်ဖိစီးတာတွေလည်း လျော့ပါ။
လိုအပ်ရင် အားဆေးကူပေးလို့ရပါတယ်။ အသားအရေအတွက် Vitamin A, E လိုပါတယ်။ Omega 5 တို့ ငါးကြီးဆီတို့လည်း စားပေးလို့ရတယ်။

နောက်ဆုံးနည်းလမ်းကတော့ အသားဖြူဆေးထိုးကြတာပါ။ အခုမြန်မာနိုင်ငံမှာလည်း ခေတ်စားလာ တယ်။ အလှအပဆိုင်ရာ ဆေးခန်းတွေမှာလည်း လုပ်ပေးတယ်။ နဂိုပင်ကိုယ် အသားရောင်ပေါ်မူတည် ပြီး ဆေးဘယ်နှစ်လုံးထိုးရမယ်၊ ဘယ်လောက်ကြာကြာ ထိုးရမယ်ဆိုတာ ကွာခြားတယ်။ ဒီအသားဖြူ ဆေးတွေမှာ အားဆေးတွေ၊ Antioxidant တွေနဲ့ Amino acid တွေပါတယ်။ ဒါပေမယ့် တခြားဆေး တွေလိုပါပဲ။ ဆိုးကျိုးအနည်းနဲ့အများရှိတယ်။ စထိုးကာစမှာ နည်းနည်းထိုးပြီး စောင့်ကြည့်ရတယ်။ မတည့်တာတွေ ရှိတတ်တယ်။ အသက်အန္တရာယ် ရှိတာလည်းဖြစ်နိုင်တယ်။ ကြာရှည်စွဲသုံးတဲ့သူတွေ မှာလည်း ခေါင်းကိုက်တာ၊ အမြင်ဝါးတာ၊ ဗိုက်အောင့်တာ၊ ကျောက်ကပ်ထိတာ စသဖြင့်လည်း ဖြစ်နိုင် တယ်။

အပေါ်မှာပြောသလိုပါပဲ။ ဘယ်နည်းလမ်းကို သုံးသုံး၊ ဘယ်လောက်အထိ အသားဖြူမယ် မပြောနိုင်ပါ ဘူး။ တစ်ခါတစ်လေလုပ်ပြီး အသားအရေကို တောက်လျှောက်ဂရုမစိုက်ရင်တော့လည်း နောက်ထပ် ထပ်ပြီးပျက်စီးနေဦးမှာပါပဲ။

Author – Dr. CST

-- Advertisement --

ဆက်စပ် ဆောင်းပါးများ

Comments

Loading...