လှပကျန်းမာ တိုတိုထွာထွာ

9

သွားကိုက်နေသလား
သွားကိုက်ဝေဒနာကို သက်သာချင်ရင် ရှာလကာရည်စားပွဲတင် ဇွန်း နှစ်ဇွန်း၊ ကြက်သီးနွေးရေတစ်ခွက်၊ ဆားစားပွဲတင်ဇွန်း တစ်ဇွန်းတို့ကို ရောဖျော်ပြီး ပလုတ်ကျင်းပါ။ သက်သာပျောက်ကင်း စေပါလိမ့်မယ်။

ဆံပင်ကျွတ်တာကို ကာကွယ်ချင်ရင်
ဆံပင်ကျွတ်တာကို တားဆီးပြီး ဆံပင်ပြန်ပေါက်ဖို့ဆိုရင် လက်ဖက်စိမ်းက အသုံးဝင်ဆုံးပါပဲ။ လက်ဖက် စိမ်းမှာ အင်တီအောက်ဆီးဒင့် များစွာ ပါဝင်ပါတယ်။ ရေနွေးပူပူထဲမှာ လက်ဖက်စိမ်းနည်းနည်းထည့့်ပြီး ခဏနှပ် ထားကာ အတော်အတန်အေးသွားမှ ဆံကေသာ အနံ့လိမ်းပြီး ၁၅ မိနစ်လောက် ညင်သာစွာ နှိပ်နယ်ပေးပါ။ ပြီးမှ ခေါင်းလျှော်ပါ။ တစ်ပတ်တစ်ခါလောက် ပုံမှန်လုပ်ပေးရင် ဆံပင်ကို သန်စွမ်းစေပါတယ်။

အကြောပြတ်တာ သက်သာချင်ရင်
အကြောပြတ်တယ်ဆိုတာ အရေပြားရဲ့ အောက်အလွှာမှာရှိတဲ့ ကိုလာဂျင်လို့ခေါ်တဲ့ အရေပြားကို တင်း စေတဲ့ အမျှင်တွေပြတ်သွားတာကြောင့် အရေပြားပေါ်မှာ ပြတ်ရှရာလိုမျိုး ဖြစ်ပေါ်လာတာကို ခေါ်တာပါ။ သက်သာစေဖို့ဆိုရင် နနွင်းမှုန့်နဲ့ သနပ်ခါးကို ရောပြီး နေ့စဉ်လူးပေးနိုင်ပါတယ်။ သံလွင်ဆီကို အသားထဲ စိမ့်ဝင်အောင် ပုံမှန်လိမ်းပေးရင်လည်း အကြောပြတ်တာတွေကနေ ကာကွယ်ပြီးသားဖြစ်တယ်။

ဖျားချင်သလိုလို ဖြစ်နေရင်
ကိုယ်လက်တွေ လေးလံပြီး ဖျားချင်သလိုလို ဖြစ်နေရင် ကန်းစွန်းရွက်ကို ကြိတ်ချေလို့ရလာတဲ့ အရည်ကို ဆားအနည်းငယ်ထည့်ပြီး အဲဒီဆေးရည်ကို စားပွဲတင်ဇွန်းတစ်ဇွန်းလောက် နံနက်တစ်ခါ၊ နေ့လည် တစ်ခါ၊ ညတစ်ခါ သောက်သုံးပေးရင် ဖျားနာမှုတင်မက ဇက်ကြောတက်တာတွေ အကြောအချင်တောင့်ပြီး၊ မအီမသာရောဂါတွေလည်း ပျောက်ပါတယ်။

ချိုင်းသားလေးတွေ ဖြူဝင်းချင်ရင်
ချိုင်းသားလေးတွေ ဖြူဝင်းချင်တယ်ဆိုရင် ရေချိုးကာနီးတိုင်း သံပရာသီးနဲ့ ချိုင်းအောက်မည်း နေတဲ့ နေရာကို ညင်သာစွာ ပွတ်တိုက်ပေးပါ။ ပျားရည်ကိုလည်း နှစ်ပတ်တစ်ခါလောက် လိမ်းပေးပါ။ ပျားရည်နဲ့ သံပုရာသီးကိုရောပြီး တစ်လတစ်ခါလောက် ပုံမှန်လိမ်းပေးရင် ချိုင်းအောက်အသားအရေဟာ နူးညံ့ပြီး ဆဲလ် အသစ်တွေကို ပြန်လည်အားဖြည့်ပေးပါတယ်။

သစ်သီးကုထုံးနဲ့ ဝက်ခြံပျောက်ဆေး
ပန်းသီးတစ်လုံးကို ခပ်ပါးပါးအလွှာလေးတွေလှီးပြီး ရေနွေးပူလောင်းလိုက်ပါ။ ပန်းသီးက ရေကိုစုပ်ယူပြီး ပန်းသီး၊ အသားကို ပိုနူးညံ့လာတဲ့အခါ ရေစစ်ပြီး ၁၅ မိနစ်လောက်ထားပါ။ ပြီးရင် ပန်းသီးအသားနဲ့ ဝက်ခြံရှိတဲ့ နေရာတွေကပ်ပေးပါ။ ၁၅ မိနစ်လောက်နေရင် ရေအေးအေးနဲ့ မျက်နှာသစ်ပေးပါ။ ပန်းသီးမှာပါတဲ့ အက်ဆစ် ဓာတ်တစ်မျိုးက ဝက်ခြံတွေကို ပျောက်ကင်းစေပါတယ်။

ပါးရေတွန့်ခြင်းကို သက်သာချင်ရင်
သဘောၤသီးကို လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာလောက်ရအောင် ကြိတ်ချေပါ။ ပြီးရင် အုတ်ဂျုံတစ်ဇွန်းနဲ့ ရေပြီးမွှေကာ အရေးအကြောင်းရှိတဲ့ နေရာတွေကို လိမ်းကျံပေးပါ။ ၁၀ မိနစ်လောက် ကြာတဲ့အခါ မျက်နှာကို ရေအေးအေးနဲ့ မျက်နှာသစ်ပေးပါ။ ပန်းသီးမှာပါတဲ့ အက်ဆစ်တစ်မျိုးက ဝက်ခြံတွေကို ပျောက်ကင်းစေပါတယ်။
AUTHOR – နှင်းအေးဝေ

Credit to:
Health Care Journal (Vol-7, No-32)

-- Advertisement --

ဆက်စပ် ဆောင်းပါးများ

Comments

Loading...

Subscribe To Our Newsletter

Join our mailing list to receive the latest news and updates from our team.

You have Successfully Subscribed!