ပလတ်စတစ်ခွဲစိတ်ပြုပြင်ခြင်း၊ အရေပြား၏ အရေးအကြောင်း အတွန့်များကို Botox ထိုးပေးခြင်း၊ ကိုလာဂျင်ဖြင့် နှုတ်ခမ်းလှပစေခြင်း စသည်တို့ကို မေ့လိုက်ပါ။ အသက်အရွယ်ကြီးလာသော်လည်း လှဆဲ၊ ပဆဲ၊ နုပျိုဆဲဖြစ်ဖို့အတွက် နည်းလမ်းခြောက်သွယ်ကို လိုက်နာရန်သာ လိုအပ်မည် ဖြစ်ပါသည်။
အရွယ်တင် နုပျိုလှပဖို့ သင် လိုက်နာရမည့် နည်းလမ်းခြောက်သွယ်မှာ- (၁) တည့်မတ်သော အနေအထားမှာ နေပါ လူကြီးများက ပျင်းရိလေးလံစွာနေထိုင်ခြင်းကို တားမြစ်ကြသည်။ ခနဒဓာကိုယ်ကွေးညွှတ်၍ ပျင်းပျင်းရိရိအနေအထားမျိုးမနေသင့်ပေ။ အမျိူးသမီးများသည် အသက် ၄၀ ကျော်လာခဲ့ပြီဆိုပါက နှစ်စဉ် အရိုးများ၏ သိပ်သည်းမှုမှာ ဝ.၅ မှ ၁.၀ ရာခိုင်နှုန်းကျလာသည်။ သွေးဆုံးပြီဆိုလျှင် ၃ မှ ၇ ရာခိုင်နှုန်းထိပင် သိပ်သည်းမှုလျော့နည်းလာကြောင်း တွေ့ရသည်။ လေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်းသည် အရိုးများ သိပ်သည်းမှု လျော့ကျမသွားစေရန် ထိန်းသိမ်းကာကွယ်ပေးသည်။ ခန္ဓာကိုယ်အနေအထားများတွင် တည့်မတ်မှန်ကန်မှုရှိရန် အရေးကြီးပေသည်။ ထိုင်ခြင်း၊ ထခြင်း၊ လမ်းလျှောက်ခြင်း၊ အိပ်စက်ခြင်း စသည်တို့ အားလုံးပင် မှန်ကန်သော အနေအထားရှိရပါမည်။ (၂) လှပသော အပြုံးပိုင်ဆိုင်ပါစေ ဝါညစ်သောသွား၊ ကျိုးပဲ့သော သွားနှင့် သွားမရှိသော နေရာများသည် အိုမင်းရင့်ရော်မှု၏ နိမိတ်လက္ခဏာဖြစ်သည်။ ဤသို့မဖြစ်လေအောင် ဂရုစိုက်လုပ်ဆောင်ဖို့ လိုအပ်သည်။ အသက်ကြီးလာချိန်တွင် သွားဖုံးများ ကျုံ့ဝင်လာ၍ သွားခြေများပေါ်လာသည်။ အနည်းငယ်မျှ ထိခိုက်မှုကြောင့်ပင် နာကျင်မှုဝေဒနာ ခံစားရနိုင်သည်။ သွားတိုက်ရာတွင် ညင်သာဖို့ လိုအပ်သည်။ သွားဖုံးများ ပွန်းပဲ့မှု မရှိစေရန် ကြမ်းတမ်းစွာ သွားတိုက်ခြင်းနှင့် သွားကြားထိုးခြင်း မပြုသင့်ပေ။ သွားကြားမှ အညစ်အကြေးများကို သွားကြားပွတ်တိုက်ကြိုးဖြင့် သန့်စင်ဖယ်ရှားပေးရမည်။ သွားဖြူဖွေးစေသော ပစ္စ္စ္စည်းများ အသုံးပြုနိုင်သည်။ သွားဘက်ဆိုင်ရာ ဆရာဝန်များနှင့် ပုံမှန်ပြသရန်လည်း အရေးကြီးပါသည်။(၃)အရေပြားကိုကာကွယ်ပါအရေပြားအားအန္တရာယ်ဖြစ်စေဆုံးသောအရာမှာ နေရောင်ခြည် ဖြစ်သည်။ နေရောင်ခြည် ကြာရှည်ထိတွေ့မှုကြောင့် အရေးအကြောင်း အတွန့်များ၊ အရေပြားတွဲကျခြင်း၊အကွက်များဖြစ်ပေါ်ခြင်းစသည်တို့ဖြစ်နိုင်သည်။ နေရောင်အောက်သွားလာမည်ဆိုလျှင် ကာကွယ်မှုများ လုပ်ဆောင်သွားရမည်။ အဆောက်အအုံအတွင်း ပိုမိုနေထိုင်သင့်သည်။ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် E တို့ လုံလောက်စွာ မှီဝဲသင့်သည်။ အရေပြားကို ပတ်ဝန်းကျင်အညစ်အကြေးများ၏ ထိခိုက်စေမှုမှလည်း ကာကွယ်ပေးရပါမည်။ (၄) ခါးကို စောင့်ကြည့်ပါ ခါးပတ်လည်အတိုင်းအတာသည် ကျန်းမာရေးအတွက်အညွှန်းကိန်းတစ်ခုဖြစ်ပါသည်။ခါးပတ်လည်အတိုင်းအတာ၈၉စင်တီမီတာထက် ကျော်နေပြီဆိုလျှင် ကျန်းမာရေးအတွက် အန္တရာယ်ရှိနေပြီဟု မှတ်ယူရပါမည်။ ဝမ်းဗိုက်ဋ္ဌ် အဆီစုခြင်းသည် ခန္ဒာကိုယ်၏အခြားနေရာများထက်ပို၍အန္တရာယ်များသည်။နှလုံးရောဂါနှင့် သွေးချိူဆီးချိုရောဂါတို့ဖြစ်နိုင်သည်။ နှလုံးသွေးကြောရောဂါဖြစ်ပွားမှုမှာ မီးယပ်သွေးဆုံးပြီးချိန်တွင် ၂ဆ၊ ၃ဆ ခန့် ပိုများလာသည်။ သွေးဠ် ကိုလက်စထရောများခြင်း၊ သွေးဖိအားများခြင်းနှင့် ဝမ်းဗိုက်ဠ် အဆီစုခြင်းတို့သည် အဓိက အန္တရာယ်များ ဖြစ်ကြသည်။ (၅) ချိုမြိန်သော အိပ်စက်မှုရယူပါ အိပ်စက်ချိန်မှာ ညစဉ် ၇ နာရီနှင့် ၈နာရီကြားရှိရန် လိုအပ်သည်။ အိပ်စက်ချိန် မလုံလောက်လျှင် မျက်ကွင်းညိုခြင်းကို ဖြစ်စေသည်။ ကိုယ်အလေးချိန်လွန်ကဲမှု ဖြစ်စေသည်။ ညအိပ်စက်ချိန် ၄ နာရီမျှသာ ရှိသောသူများတွင် အစားအစာစားလိုမှုကိုဟန့်တားသောLaptin ဟော်မုန်း လျော့နည်းပြီးစားလိုသောဆနဒကို ဖြစ်ပေါ်စေသောGhrelim ဟော်မုန်း၂၈%ထိ ပိုများလာနိုင်ကြောင်း တွေ့ရသည်။ အိပ်စက်ချိန်မလုံလောက်သူများသည် အဝလွန်ကဲမှုဖြစ်ရန် ၇၃% ပိုများကြသည်။ အိပ်စက်ချိန်မလုံလောက်လျှင် အရေပြား၏ အသစ်ပြန်လည်မွမ်းမံနိုင်မှုကိုအားယုတ်စေသည်။အရေပြားယိုယွင်းပျက်စီးမှုဖြစ်စေသဖြင့်အိုမင်းရင့်ရော်သည့် နိမိတ်လက္ခ ဏာများ ဖြစ်စေသည်။ (၆) ဆံပင်များ၏ အလှအပကို ထိန်းသိမ်းပါ လူလတ်ပိုင်းအရွယ်အမျိုးသမီးများသည်ဆံပင်ကိုမကြာခဏဖြတ်တောက်ခြင်းနှင့်အရောင်ဆိုးခြင်းတို့ ပြုလုပ်တတ်ကြသည်။ အသက်အရွယ်ကြီးရင့်မှု၏ လက္ခ ဏာများကို မျက်နှာနှင့်ဆံပင်တို့တွင် အလွယ်တကူမြင်တွေ့ကြရသည်။ဆံပင်ကိုမိမိနှင့်လိုက်ဖက်မည့်ပုံစံကိုထားရမည်။မီးယပ်သွေးဆုံးကာလတွင် ဆံပင်များ ပါးလာပြီး ကြွပ်ဆတ်မှုပိုလာကြသည်။ အရည်အသွေးပြည့်ဝသော ခေါင်းလျှော်ရည်ကိုသာ သုံးရမည်။ သွယ်လျသော ခန္ဓာကိုယ်ပိုင်ဆိုင်သူများသည် ဆံပင်ရှည်နှင့် ပို၍လိုက်ဖက်သည်။ ပုပုဝဝဆိုလျှင် ဆံပင်တိုနှင့် လိုုက်ဖက်သည်။
AUTHOR – ဒေါက်တာနှင်းကေသီ