ဆံပင်ကျွတ်ခြင်း

19

ဆံပင်ကျွတ်ခြင်း
လူတစ်ယောက်ဟာပျမ်းမျှနေ့စဉ် ဆံပင် ၅၀ မှ ၁၀၀ ထိကျွတ်လေ့ရှိတယ်။ စိတ်ပူပင်သောကရောက်ရင်ပြင်းပြင်းထန်ထန် စိတ်ထိခိုက်ရင်ဆံပင်ကျွတ်တယ်။ တစ်ပတ်အနည်းဆုံးတစ်ပတ်တစ်ခါခေါင်းလျှော်သင့်တယ်။ အသက်ငယ်သူလူငယ်လူရွယ်များမှာဆံပင်ကျွတ်ပြီးထိပ်ပြောင်ရင် မျိုးရိုးလိုက်လို့ဆံပင်ကျွတ်ကြတယ်။

သာမန်လူတစ်ယောက်ရဲ့ဦးခေါင်းမှာဆံပင်ပေါင်းတစ်သိန်းမှတစ်သိန်းသုံးသောင်းထိရှိကြပါတယ်။ လူရဲ့တစ်ကိုယ်လုံးမှာ ဆံပင်အပါအဝင် အမွှေးအမျှင်ပေါင်းပျမ်းမျှငါးသိန်းခန့်ရှိတယ်။ ဆံပင်ဟာအခြားအမွှေးအမျှင်တို့ထက် ရှည်နှုန်းမြန်တယ်။ လူကြီးတစ်ယောက်မှာဆံပင်ဟာတစ်ပတ်မှာတစ်လက်မရဲ့ငါးပုံတစ်ပုံရှည်တယ်။ ဆံပင်ရဲ့သက်တမ်းမှာ နှစ်နှစ်မှ ငါးနှစ်အထိရှည်တယ်။ ဦးခေါင်းပေါ်ရှိဆံပင်အားလုံးအချိန်ပြည့်ရှည်နေတာတော့မဟုတ်ပါ။ ကိုးဆယ်ရာခိုင်နှုန်းကရှည်ပြီး ၁၀ရာခိုင်နှုန်းကအနားယူလေ့ရှိတယ်။
လူတစ်ယောက်မှာပျမ်းမျှနေ့စဉ် ဆံပင် ၅၀ မှ ၁၀၀ထိကျွတ်လေ့ရှိတယ်။ ဆံပင်ရှည်ခြင်း ၊ကျွတ်ခြင်းဟာ ခန္ဓကိုယ်ရှိဟော် မုန်းဓာတ်များ ၊ မျိုးရိုးဗီဇ၊ ရောဂါဘယ၊ အာဟာရ၊ အလေ့အကျင့်နဲ့ စိတ်တို့ပေါ်မူတည်တယ်။ ဆံပင်ကျွတ်များရင်ကာယကံရှင် အနေနဲ့စိတ်ဒုက္ခတော်တော်ရောက်ပါတယ်။
အမျိုးသမီးတို့ရှိမဟော်မုန်းဓာတ် မျိုးရိုးဗီဇရောဂါဘယတို့၊ အာဟာရ၊ အလေ့အကျင့်နှင့် စိတ်တို့အပေါ်မူတည်နေတယ်။ အမျိုးသမီးမဟော်မုန်းဓာတ်ကဆံပင်ကိုရှည်စေတယ်။ အမျိုးသားဟော်မုန်းဓာတ်ကဆံပင်ကိုတိုစေတယ်။အလွယ်တကူကျွတ် စေတယ်။

ဆံပင်၊ လက်သည်း၊ခြေသည်းနဲ့ အရေပြားတို့ဟာကိုယ်ခန္ဓာကျမ်းမာရေးရဲ့ ရောင်ပြန်ဟပ်မှုကိုတင်းကျပ်စေပြီးဆံပင် ကျွတ်ခြင်းဆိုတဲ့ရောဂါလက္ခဏာဖြစ်ပေါ်လေ့ရှိတယ်။
ဆံပင်ကျွတ်စေခြင်းအကြောင်းအရင်း
ဆံပင်ကျွတ်ပြီးဦးခေါင်းထိပ်ပြောင်ခြင်းဖြစ်စေတဲ့ အကြောင်းအရင်းများပြားလှတယ်။ ဆေးဝါးကြောင့်ဖြစ်နိုင်သလိုရောဂါ မဟုတ်တဲ့အခြားအကြောင်းကြောင့်ဖြစ်နိုင်တယ်။အချို့မှာဆံပင်တစ်နေရာတည်း ကွက်ကျွတ်တက်ပြီးအချို့မှာနေရာအနှံ့ဆံပင် ကျွတ်ကာအချို့တစ်ခေါင်းလုံးကျွတ်တယ်။
လူဦးရေတစ်ယောက်မှာဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းတစ်မျိုးတည်းကြောင့် ပူပေါင်းဖြစ်လာနိုင်တယ်။ ဆံပင်ကျွတ် ခြင်းမှာယာယီကျွတ်ခြင်းရှိသလို ထာဝစဉ်တစ်သက်လုံးဆံပင်ပြန်မပေါက်တဲ့ ဆံပင်ကျွတ်ခြင်းမျိုးရှိတယ်။ ဆံပင်ကျွတ်ခြင်းမှာဆံပင်မွှေးအိမ်နှင့် ဆံပင်မွှေးဥတို့ပြောင်းလဲခြင်းမဖြစ်ရင် ဆံပင်ထပ်မံပြန်ပေါက်နိုင်တယ်။
ဆံပင်ကျွတ်တဲ့ရောဂါများကြည့်ရင် ပြင်းထန်တဲ့အဖျားရောဂါများပျောက်ကင်းပြီးစသုံးလခန့်မှာဆံပင်ကျွတ်လေ့ရှိတယ်။ အူရောင်ငန်းဖျား၊ အနာကြီး၊ အဆုတ်နာ၊ တီဘီရောဂါတို့ဖြစ်ကြတယ်။
ရောဂါပိုးရဲ့ကိုယ်မှထုတ်လွှတ်တဲ့ အဆိပ်အတောက်ဓာတ်များ ၊လူ့ခန္ဓာကိုယ်သွေးထဲမှာကျန်ရှိနေလို့ဖြစ်တယ်။ ဆံပင် ကျွတ်ပြီးနောက် သုံးလေးလမှသာဆံပင်အသစ်ပြန်ပေါက်လေ့ရှိတယ်။အရေးကြီးတဲ့ခွဲစိတ်မှုများအပြီးမှာဆံပင်ကျွတ်တက်တယ်။ ဦးခေါင်းမှာဒက်၊ ပွေး ၊ဝဲစတဲ့ယားနာများအနာစိမ်းများပေါက်ခြင်း၊ ဗောက်ထူခြင်း၊ ဆံပင်များအကြားသန်းစွဲခြင်းစတဲ့ ဦးရေပြားမသန့်ရှင်းသူများမှာဆံပင်များကျွတ်ပြီး ကျွတ်လေ့ရှိတယ်။ ယင်းတို့ဟာတစ်နေရာတည်းသာမကနေရာအနှံ့ကျွတ်နိုင် တယ်။
ကာလသားရောဂါ ဒုတိယနှင့် တတိယအဆင့်မှာ ၎င်းလည်ပင်းရှိ သိုင်းရွိုက်ဂလင်းလုပ်ငန်းဆောင်တာချို့ယွင်းမှုမှာ ၎င်း ဆံပင်ကျွတ်လေ့ရှိတယ်။ ဆစ်ဖလစ်ဒုတိယအဆင့်မှာဦးခေါင်းရဲ့ဘေးနှစ်ဖက်နှင့် နောက်ဘက်မှာဆံပင်ကျွတ်ခြင်းအဖြစ်များပြီးနေရာအနှံံ့ကွက်လို့ဆံပင်ကျွတ်တက်တယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်အမျိုးမျိုးအထူးသဖြင့် သံဓာတ်ချို့တဲ့ရင် ကျမ်းမာရေးချို့ယွင်းခြင်းနဲ့အတူဆံပင်ကျွတ်လေ့ရှိပါတယ်။
ရောဂါမဟုတ်တဲ့ ဆံပင်ကျွတ်ခြင်းကိုသားဖွားပြီးစနှင့် သွေးဆုံးတဲ့အချိန်ကာလများမှာဆံပင်များအလိုလိုကျွတ်နေလို့ဖြစ် တယ်။မဟော်မုန်းဓာတ်နည်းပါးလို့ဖြစ်တယ်။ ကိုယ်ဝန်ရှိစမှာယင်းဟော်မုန်းဓာတ်နည်းပါးနေလို့ဖြစ်တယ်။ ကိုယ်ဝန်ရှိစမှာယင်း ဟော်မုန်းဓာတ်တိုးလာလို့ ဆံပင်များပိုကောင်းလာမယ်။
အသက်ကြီးလာတဲ့အခါ သဘာဝအရဆံပင်များ ကျွတ်လေ့ရှိပြီးဆံပင်ကျဲလာတယ်။ အသက်အရွယ်ကြီးရင့်သူအမျိုးသားများဟာထိပ်ပြောင်လေ့ရှိတယ်။ ဖိုဟော်မုန်းကြောင့်ဖြစ်တယ်။ အသက်ငယ်ရွယ်သူလူငယ်လူရွယ်များမှာဆံပင်ကျွတ်ပြီးထိပ် ပြောင်ရင် မျိုးရိုလိုက်ခြင်းကြောင့်လည်း ဖြစ်နိုင်တယ်။
စိတ်ပူပင်သောကရောက်ရင် ပြင်းပြင်းထန်ထန်စိတ်ထိခိုက်ရင် ဆံပင်ရုတ်တရက်ကျွတ်တယ်။ ယာယီသာဖြစ်ပြီးနောက် ပိုင်းဆံပင်ပြန်ပေါက်လာနိုင်တယ်။ ဆံပင်ကိုမကြာခဏကိုင်တွယ်ပွတ်သတ်ခြင်း၊ ဘီးနှင့်ဖီးခြင်းနဲ့ အချိုကဆံပင်ဆိုးဆေး၊ ဆံပင် ကောက်ဆေးတို့ကြောင့် ဆံပင်ကျွတ်ခြင်း၊ ပြတ်ခြင်းတို့ဖြစ်တယ်။ ဦးခေါင်းထိခိုက်မိခြင်း၊ မီးလောင်ခြင်း၊ ဓာတ်ရောင်ခြည်ထိခြင်းစတဲ့ ဒဏ်ရာအမျိုးမျိုးရှိနေရင် ယင်းနေရာမှာဆံပင်ကျွတ်ပြီးအခြေခံဆဲလ်ငယ်များပျက်စီးသွားလို့ဖြစ်တယ်။
အချို့ပြင်းထန်တဲ့ဆေးများဥပမာတက်ထရိုင်ဆိုင်ကလင်း၊ ကလိုရမ်ဖီနီကော၊ ပဋိသန္ဓေတားဆေး၊ ကင်ဆာရောဂါကုဆေးနဲ့ အချို့သွေးမခဲစေတဲ့ဆေးများကိုလည်းအသုံးများရင်လည်းဆံပင်ကျွတ်လေ့ရှိတယ်။ တစ်ခါတစ်ရံမတော်တဆမှုအမျိုးမျိုးကြောင့်ဆံပင်များပြတ်ခြင်း၊ ကျွတ်ထွက်ခြင်းတို့ဖြစ်စေနိုင်တယ်။ အလုပ်လုပ်နေစဉ်လည်ပတ်နေတဲ့စက်အတွင်းဆံပင်အချို့ညှပ်မိလို့ပါသွားကာဆံပင်ကျွတ်ခြင်း၊ ပြတ်ထွက်ခြင်းအပြင် တစ်ခါတစ်ရံအသက်အန္တရာယ်ရှိတယ်။
ဆံပင်ကျွတ်ခြင်းမဖြစ်စေဖို့ မိမိရဲ့ကျမ်းမာရေးဆိုင်ရာအသိဉာဏ်နဲ့ တက်နိုင်သမျှဆင်ခြင်ကာကွယ်နိုင်တယ်။ ဦးခေါင်းသန့်ရှင်းရေးဟာအလွန်အရေးကြီးပါတယ်။ ဦးရေပြားမှာခန္ဓာကိုယ်အရေပြားနည်းတူအဆီဂလင်းများ၊ ချွေးဂလင်းများရှိပြီးဦးခေါင်းပေါ်မှာအဆီ၊ ချွေးရည်နှင့် ဖုန်မှုန့်များစုလေ့ရှိတယ်။ ဆံပင်များရှိနေလို့ယင်းတို့ကပ်ငြိခိုအောင်းနေတက်ရာတော်ရုံခေါင်းမှ ရေလောင်းချိုးရုံနဲ့ မသန့်ရှင်းနိုင်ပါ။ မကြာခဏခေါင်းလျှော်ခြင်းမပြုနိုင်ရင် ဗောက်ထူခြင်း၊ သန်းစွဲခြင်း၊ ယားနာပေါက်ခြင်းတို့ ဖြစ်လာစေတယ်။ တစ်ပတ်တစ်ကြိမ်အနည်းဆုံးခေါင်းလျှော်သင့်တယ်။ ခေါင်းလျှော်ရည်ဟာခေါင်းလျှော်ရည်မရှိရင် ဆပ်ပြာနဲ့ရေကိုသုံးပြီးသန့်ရှင်းစင်ကြယ်စွာခေါင်းလျှော်နိုင်တယ်။ နေ့စဉ်မှန်မှန်ရေချိုးပြီးတစ်ကိုယ်ရေသန့်ရှင်းမှုများနဲ့အညီနေထိုင်ရမယ်။ ဆံပင်များကိုနေ့စဉ် အုန်းဆီသန့်ထည့်ပြီးအသင့်အတင့်သပ်သပ်ရပ်ရပ်ခေါင်းဖီးသင့်တယ်။ ခေါင်းကိုမကြာခဏကိုင်တွယ်ခြင်း၊ ဖြီးခြင်းမလုပ်သင့်ပါ။ မတော်တဆမှုမဖြစ်ရအောင် စက်ရုံထဲဝင်ရင် ဆံပင်ဖြန့်ပြီးမဝင်သင့်။

ဆံပင်ကျွတ်ခြင်းဟာယာယီသာဖြစ်ပြီးဆံပင်ပြန်ပေါက်လေ့ရှိတယ်။ အချို့ဆံပင်မွှေးများပျက်စီးသွားလို့ ဆံပင်များပြန်မပေါက်တော့လို့ ယင်းအတွက်ကျေနပ်အားရလောက်တဲ့ဆေးမျိုးမရှိသေးဘူး။ ဆံပင်ကျွတ်ခြင်းဟာအလွန်ကြည့်ရဆိုးတဲ့ ဝေဒနာတစ်ရပ်ဖြစ်တယ်။ ယင်းမဖြစ်ပေါ်စေဖို့ တက်နိုင်သမျှကာကွယ်ရမှာဖြစ်တယ်။
လူတစ်ယောက်ရဲ့တင့်တယ်ခြင်း၊ အဆင်းလှခြင်း၊ ခန့်ညားခြင်း၊ ကျက်သရေရှိခြင်းနဲ့ ယဉ်ကျေးမှုစသည်တို့ဟာယင်းရဲ့ ဆံကေသာပေါ်မူတည်တယ်။ ဦးခေါင်းပေါ်မှာတစ်နေရာရာဆံပင်ကွက်ပြီးကျွတ်ရင် ကာယကံရှင်ဘယ်လောက်စိတ်ဒုက္ခရောက်ရကြောင်းတွေ့ကြုံခံစားဖူးသူတိုင်းသိကြတယ်။ ဆံပင်ကျွတ်ခြင်းကြောင့် အဆင်မပြေကြည့်ရဆိုးတာကိုလူတိုင်းလိုလိုတွေ့မြင် နားလည်ကြပါတယ်။
ဘာသာအမျိုးမျိုးလူမျိုးအဖုံဖုံရဲ့ယဉ်ကျေးမှုဓလေ့ထုံးစံအလိုက် ဦးခေါင်းထက်ရှိဆံကေသာကိုအမြတ်တနိုးထားပြီးဆင်ယဉ်ထုံးဖွဲ့ကြတယ်။ မိန်းမတို့ရဲ့ကောင်းခြင်းငါးဖြာမှာဆံကေသာရဲ့ကောင်းခြင်းဟာ တစ်ပါးအပါအဝင်ဖြစ်တယ်။
ဆံပင်မကျွတ်စေဖို့ မိမိတို့ရဲ့ဦးခေါင်းကို ထာဝစဉ်သန့်ရှင်းနေစေပြီးခန္ဓာကိုယ်အတွင်းရှိမည်သည့်ရောဂါပိုးမှ ကပ်ငြိမနေစေဘဲကျမ်းမာရေးအသိနဲ့ ထာဝရဆင်ခြင်နေထိုင်ကြရမှာဖြစ်ပါတယ်။ ဆံပင်အလှပြုပြင်စားရိတ်ကအမျိုးသမီးများသုံးလို့မပြီးနိုင် တဲ့ ဝန်ဆောင်မှုပါပဲ။

AUTHOR – ဒေါက်တာလွင်သန့် (ဆေး ၂)

Credit to Health Care Journal Vol 7 No 35

-- Advertisement --

ဆက်စပ် ဆောင်းပါးများ

Comments

Loading...