အလှအပကို ဖန်တီးပေးသောသွား

13

မျက်နှာအလှတွင် သွားအလှသည် အရေးကြီးပါသည်။ ပါးစပ်ကလေးဟပြီး သွားကလေးများပေါ်အောင် ပြုံးခြင်းသည် ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကို အေးမြစေပါသည်။

လှပသော သွားများရှိမှသာ ရွှင်ပျပြုံးချိုသော အပြုံးကို လုပ်နိုင်ပါမည်။ မလှမပ ဖြစ်နေသော သွားကြောင့် လေယာဉ်မယ်ယှဉ်ပြိုင်ခြင်း၊ ကုမ္ပဏီဝန်ထမ်းလျှောက်ခြင်း၊ မယ်ပြိုင်ပွဲနှင့် အခြားလုပ်ငန်းလျှောက်ခထားခြင်းများတွင် အနှောင့်အယှက် ဖြစ်စေပါသည်။ သွားမရှိသော မျက်နှာသည် အလှအပကို ပျက်စီးပြီး ဥပတိရုပ်ကို ပျောက်စေပါသည်။ ရုပ်ရည်အိုမင်းစေပြီး ရုပ်ဆိုးစေပါသည်။ ထို့ကြောင့် အလှအပကို ဖန်တီးပေးသောသွားကို ဂရုစိုက်ရပါမည်။
သွားခေါခြင်း
သွားခေါခြင်းကို အရပ်ထဲတွင် ပေါက်ခေါ၊ အုန်းခြစ်ဆိုပြီး အမည်ပြောင်များဖြင့် ခေါ်ဆိုကြပါသည်။ သွားခေါခြင်းသည် ရှေ့သွားများအပြင်သို့ ထွက်နေခြင်းပင်ဖြစ်ပါသည်။ ပါးစပ်ပိတ်မရအောင် အပြင်ထွက်နေ၍ အမြဲတမ်းပါစပ်ဟနေခြင်းကြောင့် ရုပ်ဆိုးစေပါသည်။ မေးရိုးထွက်ခြင်းနှင့် သွားများသီးသန့်ထွက်ခြင်းများလည်း ဖြစ်တတ်ပါသည်။ သွားများသီးသန့်အပြင်ရှေ့သို့ထွက်နေပါက သွားညှိကုသပညာရှင်များနှင့် တွေ့ဆုံပြီး ပြုပြင်အလှဆင်နိုင်ပါသည်။
သွားကျဲခြင်း

သွားကျဲခြင်းကြောင့် အလှအပကို ပျက်စီးနိုင်ပါသည်။ သွားများထပ်နေခြင်းသည် မျိုးရိုးလိုက်တတ်ပါသည်။ သွားကျဲပါကလည်း အသံထွက်ရာတွင် လေထွက်တတ်ပါသည်။ ထို့ကြောင့် တတ်ကျွမ်းနားလည်သော သွားဆရာဝန်များအား ပြသရပါမည်။ သွားအရောင်နှင့် တူညီသော သွားဖာပစ္စည်းများနှင့် သွားဘက်ဆိုင်ရာ သုံးရောင်ခြည်ကို အသုံးပြုပြီး ကျဲနေသော သွားကို ညီပြီးစေ့သွားအောင် ပြန်လည်အလှဆင်ပေးပါလိမ့်မည်။
သွားများထပ်နေခြင်း
သွားများထပ်နေခြင်းသည် မျိုးရိုးလိုက်တတ်ပါသည်။ သွားထပ်သူများသည် သွားသူဌေးများဖြစ်ပါသည်။ သွားများသည် နေရာမဆန့်ခြင်း၊ ဘယ်ညာမညီခြင်း၊ ရွေ့နေခြင်း၊ စောင်းနေခြင်းနှင့် သီးသန့်အပြင်တွန့်နေခြင်းကဲ့သို့ ထပ်နေတတ်ပါသည်။ သွားများထပ်ခြင်းကြောင့် အလှအပကို ပျက်စီးစေပါသည်။ ရယ်မောချိန်တွင် သွားများကို တစ်ထပ်ပိုမြင်ရ၍ ကြည့်ရဆိုးပါသည်။ထို့ကြောင့် သွားထပ်ခြင်းကို သီးသန့် သွားညှိကုဆရာဝန်နှင့်ပြုပြင်ပါက လှသွားနိုင်ပါသည်။ သွားထပ်သူများသည် သွားလှရန်နှင့် သွားများညီညာစေရန် ပြုပြင်ပေးရပါမည်။
သွားများညိုမည်းနေခြင်း
အချို့သော သွားများသည် သွားအသက်မရှိခြင်းကြောင့် ညိုမည်းတတ်သကဲ့သို့ အသက်ရှိပြီးလည်း ညိုမဲတတ်ပါသည်။ အသက်ရှိနေသော သွားအမဲများကို ဖြူဖွေးအောင် သွားတိုက်သောနည်းနှင့် ပြုပြင်ပေးရပါမည်။ လိုအပ်ပါက အထူးသီးသန့် သွားဖြူစေနိုင်သော နည်းများနှင့် ပြုပြင်ပြီး ဖြူဖွေးလာအောင် အချိန်ပေးပြုလုပ်နိုင်ပါသည်။
အပေါ်ရှေ့သွား နှစ်ချောင်းကြားတွင် အမည်းမြင်နေရခြင်း
သွားနှစ်ချောင်းကြားတွင် စားကြွင်း စားကျန်များ ညှပ်ကျန်နေပြီး သွားဆွေးတတ်ပါသည်။ သွားပိုးစားလာတတ်ပါသည်။ သွားဆွေးပေါက်သည် ကြီးလာပါက ပြုပြင်ရခက်ခဲပါသည်။ သွားကိုက်ခြင်း၊ သွားနာခြင်းများဖြစ်တတ်ပါသည်။ ထို့ကြောင့် သွားဆွေးသော ပမာဏပေါ်မူတည်၍ ပြုပြင်ရပါမည်။ မပြုပြင်ပါက အပေါ်ရှေ့သွားနှစ်ချောင်းကြားတွင် အမည်းမြင်နေရပြီး ရုပ်ဆိုးနိုင်ပါသည်။

ရှေ့သွားများချွန်သေးသေးဖြစ်နေခြင်း
ရှေ့သွားများ ချွန်သေးသေးပုံစံများနှင့် ဖြစ်နေပါက အလှအပကို ပျက်စီးနိုင်ပါသည်။ ထို့ကြောင့် သွားပုံစံ၊ သွားအရောင်၊ သွားအရွယ်တူညီအောင်တွက်ပြီး သေးချွန်နေသော သွားများတွင် သွားတုပြန်စွပ်ပြီး အလှဆင်ပြုပြင်ရပါမည်။
သွားဖုံးများ ဖောင်းကြွနေခြင်း
သွားဖုံးများ ရောင်နေခြင်း၊ နီမြန်းနေခြင်းများ ရှိပါက မျက်နှာအလှကို ပျက်စေပါသည်။ သွားဖုံးကို ကျွမ်းကျင်သော ဆရာဝန်နှင့်ပြသပြီး ပြုပြင်ရန်လိုအပ်ပါမည်။ ရောင်နေသော ကြီးနေသော သွားဖုံးကို ချွဲလိုက်ပါက ပြန်လည်ကောင်းမွန်နိုင်ပါသည်။
အောက်သွားများ အထဲဝင်နေခြင်း
အောက်မေးရိုးအထဲဝင်နေခြင်း
အောက်မေးရိုးရှေ့ထွက်ပါက အလှအပကို ပျက်နိုင်ပါသည်။ ပြုပြင်ရခက်ပါသည်။ ကျွမ်းကျင်သော သွားညှိကုဆရာဝန်းများနှင့် ကုသရပါမည်။
အကြံပြုချက်
သွားနှင့်ခံတွင်း ကျန်းမာရေးကို လူတိုင်းဂရုစိုက်ရပါမည်။ မျက်နှာလှစေရန် သွားလည်းလှရန် လိုအပ်ပါသည်။ သွားလှမှသာ ယုံကြည်မှုပြည့်ဝပြီး အရာရာ အောင်မြင်နိုင်ပါမည်။

 

AUTHOR – ဒေါက်တာကောင်းစံ HEALTH CARE/ VOL: 7/ NO: 25/PG: 21

-- Advertisement --

ဆက်စပ် ဆောင်းပါးများ

Comments

Loading...