ဘော်ဒီလိုးရှင်း Body Lotion လိမ်းတာ ချွေးပေါက်ပိတ်သလား

15

ဘော်ဒီလိုးရှင်း Body Lotion ဆိုတာ ခန္ဓာကိုယ်ကို လိမ်းပေးရတဲ့ အသားအလှ
ဆီပါ ။ Skin care အသားအရေထိန်းသိမ်းပေးတာ တစ်မျိုးပေါ့ ။အသားအရေလိမ်းဖို့လိုတဲ့
အကျိုးအကြောင်းတော့ ရှိပါတယ် ။နေ့စဉ် အိမ်ထဲမှာပဲ နေနေ ၊အိမ်အပြင်ကိုပဲ ထွက်ထွက် နေပူ
ဒဏ်ပဲဖြစ်ဖြစ် ၊လေတိုက်ဒဏ်ပဲဖြစ်ဖြစ် ၊အဲယားကွန်းဖွင့်လို့ ခံရတဲ့ အအေးဒဏ်ပဲဖြစ်ဖြစ် ၊ပတ်ဝန်း
ကျင် ရာသီဥတု ဒဏ်ပဲဖြစ်ဖြစ် မိမိရဲ့ အသားအရေကသာ တိုက်ရိုက်ထိတွေ့ ရတာပါ ။အဲ့ဒီလို ပူ

လို့ပဲ ဖြစ်ဖြစ် ၊အေးလို့ပဲ ဖြစ်ဖြစ် ဒီအပူအအေးဓာတ်တွေဟာ အရေပြားထဲ စိမ့်ဝင်ပြီး အရေပြားရဲ့
ကျုံ့နိုင် ဆန့်နိုင်တဲ့သတ္တိ Elasticity ကို ပျက်စီးစေပါတယ်။

ထို့ကဲ့သို့ Elasticity ပျက်စီးလာရင် အသားအရေတွေ လျော့တွဲလာမယ် ။
အသားရေတွေ ခြောက်သွေ့လာပြီး အရွယ်မတိုင်ခင် အရေးအကြောင်းတွေ ပေါ်လာမယ် ။
ဒါကြောင့်ပဲ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဘော်ဒီလိုးရှင်း Body Lotion ကိုလိမ်းရတာပေါ့ ။
သတိထားရမှာက အရမ်းအထူအပျစ်ကြီး မလိမ်းမိစေနဲ့ပေါ့ ။အရမ်းထူပျစ်တာမျိုး
ကို လိမ်းမိရင် ချွေးပေါက်တွေ ပိတ်နိုင်တာပေါ့ ။ဘော်ဒီလိုးရှင်း Body Lotion အနေတော်လိမ်းတာ
ကတော့ ပျိုမေတို့အတွက် ချွေးပေါက်လည်းမပိတ်စေဘူး ။အသားအရေလည်း လှမယ် ။နောက်
တစ်ခု သတိခြပ်ရမှာက မိတ်ကပ်အထူစားတွေ ၊သနပ်ခါး ထူထူတွေ လိမ်းထားရင် မလိုအပ်တော့
တဲ့ အချိန်မှာ ကုန်စင်အောင် မဖျက်ရင် အသားအရေကြားထဲ ကျန်ခဲ့ပြီး ချွေးပေါက်ကလေးတွေ
ပိတ်နိုင်တယ် ။ဒါကြောင့် ညအိပ်ခါနီး မျက်နှာကိုပဲဖြစ်ဖြစ် ၊ခန္ဓာကိုယ်ကိုပဲဖြစ်ဖြစ် ချွေးပေါက်မပိတ်
ချင်ရင် လိမ်းထားတဲ့ အလှကုန်တွေ အကုန်ဖျက်ပြီး အသားအလှဆီ ဘော်ဒီလိုးရှင်းကို လိုအပ်တဲ့
နေရာတွေကိုပဲ ခပ်ပါးပါးလေးနဲ့ သာသာလေးသာ လိမ်းသင့်တယ် ။

 

AUTHOR – ဒေါက်တာဗြူတီကို

-- Advertisement --

ဆက်စပ် ဆောင်းပါးများ

Comments

Loading...

Subscribe To Our Newsletter

Join our mailing list to receive the latest news and updates from our team.

You have Successfully Subscribed!