အရပ်ရှည်သောအစားအစာ

334

အရပ်ကြီးထွားဖွံ့ဖြိုးမှု အားကောင်းသောအရွယ်တွင် အစားအစာများကို စနစ်တကျမစားခြင်းကြောင့် အရပ်မ ရှည်ဘဲအရပ်ပုနေကြပါသည်။ အရပ်ပုခြင်းသည် ကျန်းမာရေးကိုတိုက်ရိုက်မထိခိုက်ပါ။ သို့ရာတွင် အရပ်ပုခြင်း ကြောင့် “ဂျပု” လို့ပြောခံရနိုင်ပါသည်။ ဝန်ထမ်းရွေးချယ်ခြင်း၊ ကုမ္ပဏီများတွင် အလုပ်လျှောက်ခြင်း၊ ပညာသင် ကြားခြင်း ကိစ္စရပ်များတွင် အနှောင့်အယှက်ဖြစ်စေပါသည်။ ထို့ကြောင့် အရပ်ရှည်အောင်အာဟာရဓာတ်ပြည့်၀ ပြီး ကျန်းမာရေးညီညွှတ်၍ ဓာတုဆိုးဆေးကင်းသော အောက်ပါအစားအစာများကို ရွေးချယ်စားသောက်ရပါမည်။

ကယ်လ်စီယမ်ဓာတ်ပါဝင်သောအစားအစာများ

အရိုးများ ကျန်းမာကြံ့ခိုင်စေရန် ကယ်လ်စီယမ်ဓာတ်သည် မရှိမဖြစ်လိုအပ်သကဲ့သို့ အရပ်ရှည်ရန် လည်းများစွာ အထောက်အကူပြုပါသည်။ ကယ်လ်စီယမ်ဓာတ် ကြွယ်ဝစွာပါရှိသော နွားနို့၊ ဒိန်ချဉ်၊ ပင်လယ် ကျောက်ပွင့်၊ ပင်လယ်ငါးလေးခြောက်၊ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များကို စားပေးရပါမည်။ ကယ်လ်စီယမ်ဓာတ်သည် အရိုးနှင့်ပတ်သက်သော ရောဂါများကို သက်သာစေပါသည်။ ကျောရိုးနှင့် တင်ပါးဆုံ အရိုးများကျန်းမာပြီး အရပ်ရှည်ရန် အထောက်အကူပြုပေးပါသည်။

ပရိုတင်းဓာတ်

အရပ်ရှည်ပြီး ဖွံ့ဖြိုးမှုရရှိစေရန် ပရိုတင်းဓာတ်လုံလောက်စွာ လိုအပ်ပါသည်။ ထို့ကြောင့် ပရိုတင်းဓာတ် ကြွယ်ဝစွာပါသော အသား၊ ငါး၊ ပဲ၊ ဥအမျိုးမျိုး၊ နွားနို့၊ ဒိန်ခဲ၊ အခွံမာသီးနှင့် သီဟိုဋ်စေ့များကို မျှတစွာစားသောက် ရပါမည်။

သံဓာတ်

သံဓာတ်သည် သွေးအားနည်းခြင်းအတွက် ကောင်းရုံသာမက အရပ်ရှည်ခြင်းအတွက်လည်း များစွာအ ထောက်အကူပြုပါသည်။ သံဓာတ်ကြွယ်ဝသော အသား၊ အာလူး၊ ဥအမျိုးမျိုး၊ ဆူးရွက်၊ ဟင်းနုနွယ်ရွက်၊ အသည်းအမြစ်များ ကိုစားပေးရပါမည်။

ဖော့စ်ဖရပ်စ်ဓာတ်

ဖော့စ်ဖရပ်စ်ဓာတ် (မီးစုန်းဓာတ်) သည် အရိုးများကို သန်မာစေပြီး အရပ်စေရှည်ပါသည်။ ထို့ကြောင့် ဖော့စ်ဖရပ်စ်ဓာတ်ကြွယ်ဝသော အသား၊ နို့၊ ဂျုံပဲနှင့် အစေ့ပါ စားသုံးနိုင်သော အသီးများကိုမျှတစွာ စားသုံးပေးရ ပါမည်။

အိုင်အိုဒင်းဓာတ်

အိုင်အိုဒင်းဓာတ်သည် ပရိုတင်းဓာတ်ကဲ့သို့ အရပ်ရှည်စေနိုင်သော စွမ်းအင်ရှိပါသည်။ ထို့ကြောင့် အိုင်အိုဒင်းဓာတ်ရရှိနိုင်သော ငါး၊ ပဲနှင့် ခရမ်းချဉ်သီးများကို စားပေးရပါမည်။

Author – ဒေါက်တာကောင်းစံ – (Healthcare Journal)

-- Advertisement --

ဆက်စပ် ဆောင်းပါးများ

Comments

Loading...