အာဟာရဗေဒပညာရှင်တွေကလိမ္မော်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက် တစ်ပွဲထက်မနည်းနေ့စဉ်စားဖို့အကြံပြုကြ တယ်။ လိမ္မော်ရောင်ရှိတဲ့ မုန်လာဥနီ၊ ကန်စွန်းဥနဲ့ ရွှေဖရုံသီးကိုဘာကြောင့်စားသင့်သလဲ။
အစောပိုင်းဖြစ်တဲ့ရင်သားကင်ဆာကိုတွန်းလှန်တိုက်ထုတ်ပေးတယ်
ကန်စွန်းဥတွေနဲ့ မုန်လာဥတွေမှာ များစွာပါဝင်တဲ့ ဗီတာမင်အေမှ Retinoic အက်စစ်ကိုရရှိပါတယ်။ ဖီလဲဒဲလ်ဖီးယားရှိ Fox Chase Cancer ဌာနမှာ ပြုလုပ်တဲ့သုတေသနအရအက်စစ်သည် အစောဆုံးအခြေအနေမှာ ဖြစ်တဲ့ ရင်သားကင်ဆာပေါ် သက်ရောက်မှုရှိကြောင်းသိရတယ်။
သင့်နှလုံးကိုကာကွယ်ပါ
နေ့လည်စာမှာမုန်လာဥနီကိုအစိမ်းလိုက်စားပြီး ၎င်းရဲ့ ဘီတာကာရိုတင်းမြင့်မားစွာ ပါဝင်မှုကို အမြတ်ထုတ်လိုက်ပါ။ လေ့လာရေးတွေက ၎င်းဟာ နှလုံးသွေးကြောဆိုင်ရာရောဂါဖြင့် သေဆုံးမှုဖြစ်နိုင်ချေကိုလျော့စေတယ်လို့ ဖော်ပြကြတယ်။
ဘီတာကာရိုတင်းကိုမြှင့်တင်ပါ
ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ ဘီတာ-ကာရိုတင်း က ကိုယ်ခံစွမ်းအားကိုထိန်းညှိပေးပြီးကောင်းတဲ့အမြင် အာရုံကိုထိန်းပေးတယ်။ မုန်လာဥနီနဲ့ ကန်စွန်းဥတွေမှာဘီတာ-ကာရိုတင်းမြင့်မားစွာ ပါဝင်ပါတယ်။ ၎င်းတို့ကို မီးဖုတ်၍လည်းကောင်း၊ ဆီအနည်းငယ်ဖြင့် မွှေကြော်၍လည်းကောင်း စားသုံးပါကဗီတာမင်အေစုပ်ယူမှုကိုကူညီပေးတယ်။
မျက်စိကိုကာကွယ်ပါ
ရွှေဖရုံသီးနဲ့ မုန်လာဥနီတွေမှာ Lutein နဲ့ Zeaxanthingအရောင်ဖြစ်စေတဲ့အရာ ကြွယ်ဝစွာပါဝင်တယ်။ Archives of Ophthalmology တွင်အမျိုးသမီး၃၅၀၀၀ ကျော်ကိုလေ့လာရာတွင် အဆိုပါ အရောင်ဖြစ်စေတဲ့ အရာများများစားသူတွေဟာအနည်းဆုံးစားသူတွေထက် မျက်စိအတွင်းတိမ် ဖြစ်နိုင်ချေ ၁၈ ရာခိုင်နှုန်းပိုနည်းကြောင်းတွေ့ရတယ်။ ရွှေဖရုံသီးနဲ့မုန်လာဥနီကိုချက်ပြုတ်စားခြင်းဟာ ကောင်းတဲ့ရွေးချယ်မှုဖြစ်တယ်။
ကိုယ်ခံအားကိုမြှင့်တင်ပါ
သွေးဆဲလ်ဖွံ့ဖြိုးမှုနဲ့ ပရိုတိန်းဇီဝတွင်းဖြစ်ပျက်မှုတွင် ၎င်း၏ အခန်းကဏ္ဍကြောင့် ဗီတာမင် B6 ကကိုယ်ခံအားကိုကူညီပြီးရောဂါကိုတိုက်ထုတ်ရန် ဓာတ်တိုးဆန့်ကျင်ပစ္စည်းထုတ်ပေးတယ်။ အရွယ်အလတ်စားကန်စွန်းဥတစ်လုံးကိုအခွံနဲ့တကွ မီးဖုတ်ပြီးစားရင် နေ့စဉ်လိုအပ်မှုရဲ့ ၂၅ ရာခိုင်နှုန်းကိုရရှိတယ်။
နှင်းအေးဝေ (Vol – 7 / No – 19) Healthcare