မိုးစက်မိုးပေါက်များဟာ ရောဂါဖြစ်စေသောအရာများကို သယ် ဆောင်လာခြင်းမဟုတ်ပါ။ မိုးရာသီတွင် ကျန်းမာရေးနေထိုင်နိုင်ရန် ဘယ်လိုနေထိုင်စားသောက်သင့်တယ်ဆိုတာကို ကြည့်ကြရအောင်။
နွေရာသီ၏ပူပြင်းခြောက်သွေ့မှုများကို ခံစားနေစဉ်တွင် ဝဿန်မိုး၏အေးမြခြင်းမှာ သဘာဝတရား၏ဆုလာဘ်ပင်ဖြစ် ပေသည်။ သို့သော်လည်း ဝဿန်မိုးနှင့်အတူ အစာအဆိပ်သင့်ခြင်း၊ ဝမ်းလျှောခြင်းနှင့် ကာလဝမ်းရောဂါအစရှိသည့် ရောဂါများပါလာ တတ်သည်။ ထို့ပြင် အူရောင်ငန်းဖျားရောဂါ၊ ဝမ်းကိုက်ရောဂါ၊ အမြှေးပါးရောင်ရောဂါ၊ အသည်းရောင်ရောဂါနှင့် ပိုလီယိုရောဂါ တို့သည်လည်း မိုးရာသီကာလမျိုးတွင်ဖြစ်လေ့ရှိသောရောဂါများပင်ဖြစ်သည်။ မိုးရာသီကာလတွင်ပြန့်ပွားတတ်သော ရောဂါပိုးများ သည် သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါရှိသူ၊ အဆုတ်ရောဂါရှိ သူ၊ နှလုံးရောဂါရှိသူ၊ သို့မဟုတ် အဆစ်အမြစ်ရောင်ရောဂါရှိသူများ ကို ပိုမိုလွယ်ကူစွာကူးစက်နိုင်သည်။ ထို့ကြောင့် မိုးရာသီကာလ တွင် မိမိတို့၏ခန္ဓာကိုယ်နှင့် အစာခြေစနစ်တို့မှ ရောဂါကူးစက်မှု များဖြစ်ပေါ်တတ်သောကြောင့် မိမိကျန်းမာရေးနှင့်စားသောက်နေ ထိုင်ပုံစနစ်ကို ပို၍ဂရုပြုစောင့်ရှောက်ခြင်းမှာ မရှိမဖြစ်လိုအပ်လာ ပါသည်။
ပို၍ဂရုစိုက်ရမည့်အရာများ
မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသော ရောဂါပိုးများသည် ရေမှ အများဆုံးဖြစ်ပွားလေ့ရှိသောကြောင့် မိမိတို့သောက်သုံးသည့်ရေကိုအထူးဂရုစိုက်သင့်ပါသည်။မိုးရာသီကာလတွင်မသန့်ရှင်းသော ရေကိုသောက်သုံးခြင်းသည် ရောဂါများကိုဖြစ်စေတတ်ပြီး ရေကိုစစ်သောက်ခြင်း၊ကျိုချက်သောက်ခြင်းဖြင့် ရောဂါများကိုကာကွယ်သင့်သည်။မိုးရာသီတွင် မြေအောက်ရေများသည်အမှိုက်သရိုက်များနှင့်မိုးရေတွင်ပျော်ဝင်ပြီးပါလာတတ်သောအဆိပ်အတောက်များကြောင့်ညစ်ညမ်းသွားသည်။မိုးရာသီတွင် မြေအောက်ရေများကိုစုပ်ယူအသုံးပြုခြင်းသည် ကောင်းမွန်သောရေကြောမှရရှိ သောရေမဟုတ်ပါကအဆိပ်အတောက်များပါဝင်သောရေကိုစုပ်ယူခြင်းမျိုးဖြစ်တတ်သောကြောင့် သောက်သုံးမိပါက ဘေးအန္တရာယ် ရှိနိုင်သည်။
ထို့ပြင်မိုးရာသီကာလသည်အစားအစာများတွင် ရောဂါ ပိုးများဖြစ်ပွားတတ်သောကာလဖြစ်သည့်အလျောက်ကျွန်တော်တို့သည်လမ်းဘေးအစားအစာများစားသုံးခြင်း၊ အချိုရည်များ သောက်သုံးခြင်းကို ရှောင်ရှားသင့်သည်။သန့်ရှင်းသပ်ရပ်စွာပြုလုပ်ပြီးထုပ်ပိုးရောင်းချသောအစားအသောက်များကိုသာ ဝယ်ယူ စားသောက်ခြင်းသည်သာလျှင် မိုးရာသီတွင် အစားအသောက်မှ တစ်ဆင့်ဖြစ်လေ့ရှိသောရောဂါများကိုကာကွယ်နိုင်ပါလိမ့်မည်။လမ်းဘေးတွင်ရောင်းချသောအသုပ်စုံတွင်ပါဝင်သောဟင်းသီးဟင်းရွက်များသည်မလတ်ဆတ်လျှင်ဖြစ်စေ၊ သေချာစွာဆေးကြောခြင်းမရှိလျှင်ဖြစ်စေ ရောဂါပိုးများစွာပါဝင်နေတတ်ပြီး စားသုံးသူ များကို အစားအစာမှတစ်ဆင့် ရောဂါဖြစ်စေတတ်ပါသည်။
မိုးရာသီတွင် လုပ်ဆောင်သင့်သည့်အချက်များ
ရေကိုလုံလောက်စွာသောက်သုံးခြင်း
ရေသောက်ခြင်းသည် ရေငတ်သောခံစားမှုကိုသိသာစွာ ဖြေလျှော့ပေးနိုင်သည့် တစ်မျိုးတည်းသောအရာဖြစ်ပါသည်။ခန္ဓာကိုယ်ကလိုအပ်သောရေဓာတ်ကိုဖြည့်တင်းပေးရုံသာမက အေးမြ ခြင်းကိုလည်းပေးစွမ်းသည်။ နွေရာသီကာလတွင် ချွေးထွက်ခြင်း ကြောင့် ခန္ဓာကိုယ်မှဆိုဒီယမ်နှင့်ရေဓာတ်များကို ကုန်ခန်းစေသည်။ သို့သော်လည်း မိုးရာသီကာလတွင်မူ ပတ်ဝန်းကျင်၏စိုစွတ်မှု ကြောင့် နွေရာသီကဲ့သို့ချွေးထွက်ပြီး ရေဓာတ်ကုန်ခန်းမှုဖြစ်ခြင်းမှာနည်းပါသည်။ ရေဆာမှုကိုမခံစားသော်လည်း ရေကိုပုံမှန်လုံ လောက်စွာသောက်သုံးရန်မှာ လွန်စွာအရေးကြီးပါသည်။ ထို့ ကြောင့်အလုပ်မှာပင်ဖြစ်စေ၊မီးဖိုချောင်မှာပင်ဖြစ်စေ၊ကားထဲမှာပင်ဖြစ်စေ ရေတစ်ပုလင်းကိုပုံမှန်ယူဆောင်သောက်သုံးသင့်ပါ သည်။ သတိပြုရမည်မှာ သန့်ရှင်းစင်ကြယ်သောသောက်ရေသန့် သာဖြစ်သင့်ပါသည်။ ကာဗွန်နိတ်ပါဝင်သောအရည်များ၊ ကဖိန်း ဓာတ်ပါဝင်သောအရည်များ၊ အယ်လ်ကိုဟောပါဝင်သောအရည် များနှင့်အရောင်ဆိုးဆေးများ၊ ဆေးသကြားများပါဝင်သောဖျော်ရည်များသောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ယင်းတို့သည်အက်စစ်ဓာတ်များပါဝင်သောကြောင့်ဆီးရွှင်စေပြီးခန္ဓာကိုယ်မှ ရေဓာတ်များကိုကုန်ခန်းစေသည်။ အချိုရည်တော်တော်များများ တွင် ဖော့စဖရတ်ဓာတ်အပျော့စားပါဝင်ပြီး အချိုရည်များကို လွန် ကဲစွာသောက်သုံးခြင်းသည် သွေးအတွင်းရှိ ဖော့စဖရတ်ဓာတ်ကိုများလာစေပြီးကာအရိုးတွင်းရှိကယ်လ်ဆီယမ်ဓာတ်များကို လျော့နည်းစေသည်။
လတ်ဆတ်သောဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများကို စားသုံးခြင်း
လတ်ဆတ်သောဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများတွင်ရေပါဝင်မှုများပြီး အာဟာရများ အနေဖြင့် ရေတွင်ပျော်ဝင်နေသော ဗီတာမင်များ၊ သတ္တုဓာတ်များ၊ သဘာဝသကြားဓာတ်နှင့် အမျှင်များ ပါဝင်ပါသည်။လတ်ဆတ်သောဟင်းသီးဟင်းရွက်များ နှင့်သစ်သီးဝလံများကိုစားသုံးခြင်းသည်ခန္ဓာကိုယ်ရှိ ရေဓာတ်ကိုထိန်းညှိပေးပြီးအမျှင်ဓာတ်ပါဝင်မှုကြောင့်ကိုယ်အလေးချိန်လျှော့ချရာတွင်လည်းအထောက်အကူဖြစ်စေပါသည်။ အိန္ဒိယဆီးဖြူသီးနှင့် ရှောက်သီး၊ သံပရာသီးကဲ့သို့ အချဉ်ဓာတ်ပါဝင်သောအသီးများ တွင် ဗီတာမင်စီများစွာပါဝင်ပြီး ခန္ဓာကိုယ်တွင်းရှိ ခုခံ အားကိုမြင့်တက်စေသည်။ ဆီကြော်စာများ၊ အဆီ ဓာတ်ပါဝင်သောအစားအစာများသည် ခန္ဓာကိုယ်တွင်း ရှိ အပူဓာတ်အပေါ်သက်ရောက်မှုဖြစ်စေပြီး လူကို လေးလံထိုင်းမှိုင်းစေသည်။
တစ်ကိုယ်ရည်သန့်ရှင်းခြင်း
မိုးရာသီကာလသည် ရောဂါပိုးမွှားများပြန့်ပွားလွယ်သော ကာလဖြစ်သည်။ ထိုသို့ရောဂါပိုးမွှားပြန့်ပွားလွယ်သည့်ကာလဖြစ်သည့်အလျောက်လက်ကိုမကြာခဏဆပ်ပြာဖြင့်ဆေးခြင်းပြုလုပ် သင့်သည်။ မိုးရာသီကဲ့သို့ ရောဂါပြန့်ပွားလွယ်သောကာလတွင် ကျွန်တော်တို့သည် အခြားသောအချိန်ကာလများထက် မိမိတို့ ကိုယ်ခန္ဓာတစ်ကိုယ်ရည်သန့်ရှင်းမှုကို သတိထားဆောင်ရွက်သင့် ပါသည်။ ထို့ပြင် အစားအစာများချက်ပြုတ်စားသောက်ရာတွင် လည်း ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများကိုသန့်ရှင်းစွာ ဆေးကြောပြီးမှသာချက်ပြုတ်စားသောက်သင့်ပါသည်။သို့မှာသာမိုးရာသီတွင်ကူးစက်လွယ်သောရောဂါပိုးမွှားရန်မှ အထိုက် အလျောက်ကာကွယ်ပြီးဖြစ်ပါမည်။
မိုးရာသီအတွင်း ဂရုစိုက်သင့်သော ကျန်းမာရေးအကြံပြုချက်များ
အထွေထွေကျန်းမာရေးအတွက်အကြံပြုချက်များ
၁။မိုးရာသီတွင်ဖြစ်တတ်သေအသည်းရောင်အသားဝါဘီကဲ့သို့ရောဂါများအတွက်ကြိုတင်ကာကွယ်ဆေးထိုးရမည်။ နှစ်ရက်ထက်ပို၍ဖျားနာခြင်းသည်မိုးရာသီကာလတွင်အထူးဂရုပြုသင့်သည့်ရောဂါလက္ခဏာဖြစ်ပြီး ဆရာဝန်နှင့် သေချာစွာဆေးကုသမှုခံယူသင့်သည်။ကြိုတင်ကာကွယ် ခြင်းသည်ကုသခြင်းထက်ပိုမိုထိရောက်သည်ကိုလည်း သတိပြုသင့်ပေသည်။
၂။မိုးရာသီကာလတွင် ပြင်းထန်သောလေ့ကျင့်ခန်းပြုလုပ် ခြင်းကို ရှောင်ရှားသင့်ပါသည်။ လေ့ကျင့်ခန်းပြုလုပ်မည်ဆိုပါက ပေါ့ပေါ့ပါးပါးပြုလုပ်၍ရသော လေ့ကျင့်ခန်းမျိုး ဖြစ်သည့်လမ်းလျှောက်ခြင်းနှင့် ယောဂလေ့ကျင့်ခန်းပြု လုပ်ခြင်းများကို သာပြုလုပ်သင့်ပါသည်။
၃။မိုးရာသီကာလတွင်ချည်ထည်များကိုဝတ်ဆင်ခြင်းသည်အကောင်းဆုံးဖြစ်သည်။ပတ်ဝန်းကျင်စိုထိုင်းမှုကြောင့် မှို စွဲမှုများလွယ်ကူစွာဖြစ်စေပါသည်။ အဝတ်ဗီဒိုများ၊ အိမ် ပတ်ဝန်းကျင်တွင် မှိုစွဲတတ်သောနေရာများရှိပါက မှိုသတ် ပေးသောအမှုန့်များ (Anit-fungla Talcum Powder)
ကိုအသုံးပြုခြင်းဖြင့် အလတ်ဂျီနှင့် မှိုကြောင့်ဖြစ်တတ်သော ရောဂါများကို ကာကွယ်ပေးနိုင်သည်။ ထို့ပြင် စိုထိုင်းထိုင်း ရှိသောရာသီဥတုသည် အသားအရေကိုပျက်စီးလွယ်စေ သည်။ ထို့ကြောင့် တစ်နေ့ကိုရေနှစ်ကြိမ်ချိုးခြင်းဖြင့် ရောဂါ ပိုးကူးစက်မှုများကို ကာကွယ်သင့်ပါသည်။
၄။ ခြင်၊ ယင်၊ ပိုးဟပ်နှင့် အင်းဆက်ပိုးမွှားများသည် မိုးရာသီ ကာလတွင်ပိုမိုများပြားပြီး ယင်းတို့မှတစ်ဆင့်ကူးစက်ရောဂါများဖြစ်စေတတ်သောကြောင့်ဗက်တီးရီးယားပိုးသတ်ဆေးများကိုအသုံးပြုသင့်သည်။ ထို့ပြင် ပျဉ်းတော်သိမ်ရွက်၊ ပရုပ်နှင့် လေးညှင်းပွင့်များကို အိမ်ထောင့်များတွင်ထား ခြင်းဖြင့်လည်း ပိုးမွှားများကိုလျော့နည်းစေသည်။
အသားအရေကျန်းမာရေးအတွက်အကြံပြုချက်များ
၁။ မိုးရာသီကာလတွင် မျက်နှာအသားအရေကျန်းမာမှုရှိစေ ရန် မျက်နှာသစ်ဆပ်ပြာဖြင့်နေ့စဉ်သန့်ရှင်းပေးပါ။ မျက်နှာ ပေါ်ရှိဆဲလ်အသေများဖယ်ရှားရန် တစ်နေ့တစ်ကြိမ် Scrub ပြုလုပ်ပေးပါ။ မျက်နှာကိုသန့်ရှင်းပြီးပါက အယ်လ်ကိုဟောလ်မပါဝင်သော Toner နှင့် နို့ရည်ကိုအသုံးပြုခြင်း ဖြင့် မိုးရာသီတွင် မျက်နှာအသားအရေကိုထိန်းသိမ်းပေးပါ။
၂။နေသာသည့်နေ့တွင် ခရမ်းလွန်ရောင်ခြည်များကိုကာကွယ် ရန် နေလောင်ဒဏ်ကာကွယ်သည့် ခရင်မ်ကိုအသုံးပြုပါ။
၃။ အသားအရေကိုရေဓာတ်ပြန်လည်ဖြည့်တင်းရန်နှင့် တောက်ပနေစေရန် အစိုဓာတ်ပါဝင်သော Lotion ကိုပုံမှန်အသုံး ပြုပါ။
ဆံပင်ကျန်းမာရေးအတွက်အကြံပြုချက်များ
၁။မိုးရာသီကာလတွင်ဆံပင်ကျွတ်ခြင်းကိုဖြစ်စေသည့်ဆံသားများစေးကပ်ခြင်းနှင့် ဗောက်ထခြင်းများပို၍ဖြစ်တတ်သည်။ ထို့ကြောင့် Chemical ပါဝင်နှုန်းနည်းသောခေါင်းလျှော် ရည်ဖြင့် ပုံမှန်ခေါင်းလျှော်ခြင်းနှင့် ခေါင်းလျှော်ပြီးချိန်တွင် ဆံပင်ပျော့ဆေး၊ ဆံပင်ပေါင်းဆေးများကိုအသုံးပြုသင့် သည်။
၂။ပတ်ဝန်းကျင်စိုထိုင်းဆမြင့်သောမိုးရာသီတွင်ဆံပင်ကိုချွဲကျိကျိဖြစ်စေသောဆံပင်ပုံသွင်းရာတွင်အသုံးပြုသည့် အရာများကိုအသုံးမပြုသင့်ပါ။
၃။ ရေစိုနေသောဆံပင်များကိုစုချည်ထားခြင်းမျိုးမပြုလုပ်သင့်ပါထို့သို့ချည်နှောင်ထားခြင်းသည်ဆံသားများကိုကျိုး ပြတ်စေနိုင်သည်။ ဆံသားများကို တစ်ပတ်တစ်ကြိမ်ဆီလိမ်း ပေးခြင်းသည် ဆံသားများတောက်ပခြင်းနှင့် ဆံပင်သန်ခြင်း တို့အတွက် အထောက်အကူဖြစ်စေသည်။
ခြေထောက်ကျန်းမာရေးအတွက်အကြံပြုချက်များ
၁။မိုးရာသီကာလတွင် ခြေထောက်ကိုရေနွေးစိမ်ပြီးအစိုဓာတ်ဖြည့်တင်းပေးသောခရင်မ်များလိမ်းပေးခြင်းသည်အကောင်းဆုံးဖြစ်သည်။မှိုရောဂါရှိသူများအတွက်အရေပြားဆရာဝန်မှညွှန်ကြားပေးသောမှိုရောဂါပျောက် သောခရင်မ်များနှင့်ပေါင်ဒါများကို အသုံးပြုသင့်ပါသည်။
၂။အဲယားကွန်းခန်းများတွင်အလုပ်လုပ်သူများသည်မိမိတို့၏ ခြေထောက်များကို နွေးနွေးထွေးထွေးထားသင့်သည်။
၃။ ခြေထောက်မှိုစွဲမှုမှကာကွယ်ရန်မိမိတို့၏ခြေထောက်များကို ခြောက်သွေ့စွာထားရမည်။မိုးစိုလာပါက ခြေထောက်ကို ရေသန့်ဖြင့်ဆေးကြောပြီး ခြောက်သွေ့အောင်ထားရမည်။
၄။အထူးသဖြင့် သွေးချို၊ ဆီးချိုရောဂါရှိသူများသည် မိုးရာသီ ကာလတွင် မိမိတို့၏ခြေထောက်များကို ပိုမိုဂရုစိုက်သင့် ပေသည်။ပုံမှန်လူထက်ဆီးချို၊ သွေးချိုရောဂါရှိသူများသည် ခြေထောက်တွင်အနာတရဖြစ်ခြင်းသည် ပို၍ အန္တရာယ်ရှိပေသည်။
၅။မိုးရွာသွန်းမှုကြောင့် မြေကြီးများသည် ရောဂါပိုးမွှားများရှိ နေတတ်သောရွှံ့အိုင်များအဖြစ်သို့ ပြောင်းလဲသွားသော ကြောင့်ဖိနပ်မပါဘဲသွားလာခြင်းသည် ရောဂါပိုးများကပ်တွယ်လာနိုင်ပြီးအနာရောဂါများကိုဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ဖိနပ်မပါဘဲသွားလာခြင်းကိုရှောင်ရှားသင့်ပြီး ပြင်ပမှပြန်လာသောအခါတွင်လည်း မိမိတို့၏ခြေထောက် များကို သန့်ရှင်းစင်ကြယ်စွာဆေးကြောသင့်သည်။
မိုးရာသီကာလသည် အေးမြမှု၊ စိမ်းစိုအေးချမ်းမှုကိုပေး စွမ်းသော်လည်း မိုးမိ၍ဖျားနာခြင်း၊ နှာမွှန်ခြင်း၊ မသန့်ရှင်းသော အစားအစာများစားမိ၍ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ ထိုမျှမက မိုးရာသီဖြစ်တတ်သေအသည်းရောင်အသားဝါရောဂါအစရှိ သောရောဂါများသည်မိုးနှင့်အတူပါလာတတ်ပေသည်။မိုးရာသီ နှင့်အတူပါလာတတ်သောလူသားတို့ကိုအန္တရာယ်ဖြစ်စေသည့် ရောဂါပိုးမွှားများပေါက်ဖွားမှုမြန်သော၊ ပြန့်ပွားမှုလွယ်သောကာလ အပိုင်းအခြားတွင် မိမိတို့၏ကျန်းမာရေးကို ပို၍ဂရုစိုက်စောင့် ရှောက်ခြင်း၊ သန့်ရှင်းသောသောက်သုံးရေနှင့် အစားအစာများကို ရွေးချယ်စားသုံးခြင်းသည် မိုးရာသီကာလအတွက် အကောင်းဆုံး သောကျန်းမာရေးစောင့်ရှောက်မှုသာဖြစ်ပေတော့သည်။