အရက်က ဆေးခြောက်ထက်ဆိုး

31

အရက်နှင့် ဆေးလိပ်တို့သည် မူးယစ်ဆေးဝါးများဖြစ်ကြသော ဆေးခြောက်နှင့် အက်စ်တာစီ (Estasy) တို့ထက် အန္တရာယ်ပိုမိုကြီးမားကြောင်း ဗြိတိသျှလေ့လာမှုတစ်ခုတွင် ဖော်ပြထားကြောင်းတွေ့ရသည်။

Bristol University မှ ပါမောက်္ခDavid Nutt နှင့်အဖွဲ့က အန္တရာယ်ရှိသော ဆေးဝါးပစ္စည်း များနှင့် ပတ်သက်၍ အုပ်စုခွဲလေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။ အရက်နှင့် ဆေးလိပ်မှာ ထိပ်ဆုံးအန္တရာယ်ဆယ်မျိုးတွင် ပါဝင်သည်။ ဆေးဝါးများ၏အန္တရာယ်ကို သုံးသပ်ရာ၌ ကျန်းမာရေးအပေါ် ထိခိုက်စေမှု၊ စွဲစေနိုင်သောအစွမ်း သတ္တိနှင့် လူမှုရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုတို့ကို အဓိကစဉ်းစားခဲ့ကြသည်။

သုတေသနပညာရှင်များသည် အရက်၊ ဆေးလိပ်တို့၏ ပြဿများနှင့်အတူ ဘိန်းဖြူ၊ ကိုကင်း၊ အက်စ်တာစီ၊ အမ်ဖက်တမင်း၊ အယ်လ်အက်စ်ဒီ (LSD) တို့၏ အကျိူးသက်ရောက်မှုတို့ကိုလည်း လေ့လာခဲ့ကြ ၏။

ဘိန်းဖြူ၊ Heroin၊ ကိုကင်း (Cocaine)၊ ဘာဘီကျူရိတ် (Barbiturate)၊ မိသာဒုံ (Methadone)၊ အရက် (Alcohol) စသည်ဖြင့် အမှတ်စဉ် (၁) မှ (၅) အထိ အန္တရာယ်ပြုမှုအလိုက် ဖော်ပြထားပါသည်။ ဆေးလိပ်မှာ အဆင့် ၉ တွင်ရှိနေပြီး ဆေးခြောက်မှာ အဆင့် ၁၁ တွင်ရှိနေပါသည်။

အရက်နှင့် ဆေးလိပ်တို့မှာ မူးယစ်ဆေးဝါးများ ဖြစ်ကြသော ဆေးခြောက်နှင့် အက်စ်တာစီတို့ထက် အဆင့်မြင့်မားမှုကို ကြည့်ခြင်းအားဖြင့် ဆေးလိပ်နှင့် အရက်သောက်သုံးမှုမှ ရှောင်ကြဉ်ကြရန် အဓိက လိုအပ်မည်ဖြစ်ပေသည်။

Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ

Subscribe To Our Newsletter

Join our mailing list to receive the latest news and updates from our team.

You have Successfully Subscribed!