မသောက်တာအကောင်းဆုံး

1,000

ကျွနု်ပ်တို့ ဆေးလိပ်ကြိုက်နှစ်သက်ပါက သောက်နိုင်ကြပါသည်။ တစ်နေ့ တစ်လိပ်၊ ဆယ်လိပ်၊ အလိပ် နှစ်ဆယ် သောက်ချင်သလောက် သောက်ခွင့်ရှိပါသည်။ အရက်ကြိုက်တတ်သူ ဖြစ်ပါကလည်း သောက်၍ရပါ သည်။ တစ်ခွက်၊ နှစ်ခွက်၊ ဆယ်ခွက် ကြိုက်သလောက် သောက်နိုင်ပါသည်။ ဆေးလိပ်သောက်၍ လည်း ကောင်း၊ အရက်သောက်၍ လည်းကောင်း (ပြစ်မှုကျူးလွန်ခြင်း မရှိလျှင်)၊ ဥပဒေအရ အရေးယူခံရမည်မဟုတ် ပါ။ ဆေးလိပ်မသောက်ရ နယ်မြေတွင် ဆေးလိပ်သောက်ခြင်းမဟုတ်လျှင် မပြစ်မရှိပါ။
သို့သော် မူးယစ်ဆေးဝါးများ၊ ဆေးခြောက်၊ ဘိန်း၊ ဘိန်းဖြူ၊ အက်စ်တာစီ (Ecstasy)၊ အယ်လ်အက်စ်ဒီ (LSD) စသည်တို့ကို သုံးစွဲလျှင်မူ ဥပဒေအရ အရေးယူခံရမည်ဖြစ်သည်။
ကျန်းမာရေးပညာရှင်များက “တရားဝင်သုံးခွင့်ရှိသော ဆေးလိပ်နှင့် အရက်တို့သည် တရားဝင်သုံးစွဲခွင့် မရှိသော ဆေးဝါးများ (Ecstasy, LSD) တို့ထက်ပို၍ အန္တရာယ်များသည်” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ဆေးလိပ်နှင့် အရက်ကြောင့် လူများသေဆုံးရမှုသည် မူးယစ်ဆေးအမျိုးမျိုးကြောင့် သေဆုံးကြရသည်ထက် အဆပေါင်း ၄၀ သာလွန်နေခြင်းကြောင့် ဖြစ်သည်။
ဆေးလိပ်သည်လည်းကောင်း၊ အရက်သည်လည်းကောင်း စွဲစေတတ်ပါသည်။ ဆေးလိပ်တွင် ဓာတု ပစ္စည်းအမျိူးပေါင်းထောင်ချီ၍ ပါပြီး ၄၀ ခန့်မှာ လူကိုအန္တရာယ်ပြုနိုင်ကြောင်း တွေ့ရသည်။ ဆေးလိပ်တွင်ပါ သော နစ်ကိုတင်း (Nicotine) မှာစွဲလမ်းစေသည်။ ဆေးလိပ်သောက်သူများ အလွယ်တကူ ဆေးလိပ် မဖြတ်နိုင် ခြင်းကပင် သိသာထင်ရှားပါသည်။
အလားတူ အရက်စွဲခြင်းမှာလည်း ကျန်းမာရေးပြဿနာ တစ်ရပ်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကိုသာ ထိခိုက်ယိုယွင်းစေသည် မဟုတ်ပေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာများစွာလည်း ဖြစ်ပေါ်စေနိုင်သည်။ အရက်စွဲသူများသည်လည်း အလွယ်တကူဖြတ်နိုင်ခြင်း မရှိကြပေ။ ဖြတ်လိုက်၊ ခေတ္တပြတ်လိုက်၊ ပြန်သောက် လိုက်ဖြင့် သံသရာလည်နေပေသည်။

အချုပ်အားဖြင့် အရက်နှင့် ဆေးလိပ်သောက်ခြင်းကိုလည်း ရှောင်ကြဉ်သင့်ကြကြောင်း ကျန်းမာရေးရှု ထောင့်မှ တင်ပြလိုက်ရပေသည်။

ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

-- Advertisement --

ဆက်စပ် ဆောင်းပါးများ

Comments

Loading...

Subscribe To Our Newsletter

Join our mailing list to receive the latest news and updates from our team.

You have Successfully Subscribed!