ကျန်းမာရေးကောင်းစေတဲ့ အိပ်ပုံအိပ်နည်း

1,847

ညကောင်းကောင်းအိပ်ပျော်ခြင်းရဲ့ အရေးကြီးပုံကို ကျွန်မတို့အားလုံးသိကြပါတယ်။

အိပ်ရေးပျက်ခြင်းက ကိုယ်အလေးချိန်တိုးခြင်း၊ အရေပြားအရောင်မွဲခြင်း၊ မှတ်ဉာဏ်ပျောက်ခြင်းနဲ့ စိတ်နေစိတ်ထားပြောင်းလဲခြင်းစ တဲ့ မလိုချင်တဲ့ လက္ခဏာတွေကို ဖြစ်စေတယ်။ လှဲလျောင်းလိုက်တဲ့ အနေအထားကြောင့် သင့်ရဲ့ ရုပ်ပိုင်းဆိုင် ရာ ပိုညည်းညူမှုတွေ ဖြစ်လာနိုင်တယ်။

သင့်ရဲ့ အိပ်နေတဲ့အနေအထားက ပုံလျက်သားကျနေပြီး ဖြောင့်တန်းမှုမရှိရင် အသက်ရှုရာမှာ ဆိုးကျိုးရှိနိုင် တယ်။ သင်ခြေကုန်လက်ပန်းကျနေရင် သင့်ရဲ့အနေအထားကို ပြင်ရန် ခက်ခဲလိမ့်မယ်။တစ်မှေးအိပ်မပျော်မီ အနေအထားကို အနည်းငယ်ပြုပြင်ခြင်းက သင့်ခန္ဓာကိုယ်အား အားသစ်မာန်သစ်နဲ့ နိုးကြားစေရန်နှင့် ပြင်ဆင် နိုင်ရန် လုံလောက်တဲ့ အခွင့်အရေးရပြီး နိုးလာသောအခါ ကောင်းစွာအနားရကာ နောက်တစ်နေ့ကို ရင်ဆိုင်ရေး အတွက် အဆင်သင့်ဖြစ်နေမယ်။

လှဲအိပ်တဲ့အနေအထားကို စစ်ဆေးပါ။ သင်အိပ်နေပုံက သင့်ကျန်းမာရေးလိုအပ်ချက်နဲ့ ကိုက်ညီရဲ့လား

(၁) သန္ဓေသားပုံအတိုင်းရှိတဲ့ အနေထား

သင့်နံဘေးပေါ်ခန္ဓာကိုယ်ကို ကွေးပြီး အိပ်ခြင်း။
ကောင်းကျိုး – လူ ၇၅ ရာခိုင်နှုန်းက ဒီလိုကွေးအိပ်တာကို ကြိုက်ကြတယ်။ ခါးနာတဲ့သူတွေအတွက် ဒီလိုအိပ် တာအကျိုးရှိတယ်။ ဒီလိုအိပ်တဲ့အခါမှာ ကျောရိုးပေါ် ဖိထားခြင်းမရှိဘဲကူရှင်သဖွယ် ခံပေးတဲ့ကြောရိုးအဆစ် များကြားရှိ အရိုးနုလွှာသို့ ရေဆွဲငင်ခံရပြီး ၎င်းက ယိုယွင်းပျက်ဆီးမှုကို မွမ်းမံဖို့ ကူညီပေးတယ်လို့ ရူပကုထုံးဆ ရာ ဆမ်မီမာဂိုကဆိုတယ်။ ခန္ဓာကိုယ်ကို အတွင်းဘက်ကွေးခြင်းဟာ တင်းနေတဲ့နေရာတွေကို ဖွင့်ပေးပြီး ဆန့်ထုတ်ပေးတယ်။

ဆိုးကျိုး – နံဘေးအနေအထားက ခန္ဓာကိုယ်ပေါ်သို့ အချိုးမညီတဲ့ ဖိအားနဲ့ ဆွဲအားကို ရောက်စေပြီး အရေးအကြောင်းတွေ ဖြစ်ပေါ်စေကာ ကျောရိုးရဲ့မှန်ကန်တဲ့ ဖြောင့်တန်းမှုကို အထိန်းနိုင်တဲ့ကိစ္စတွေမှာ ဖွဲ့စနစ် ပုံနဲ့ဆိုင်တဲ့ အကွေးကိုဖြစ်စေတယ်။ ကောင်းအောင်ဘယ်လိုလုပ်မလဲ – သင့်လည်ပင်း၊ ကျောရိုးနဲ့ တင်ပါးဆုံရိုး တို့ သဘာဝအလယ်မျဉ်းအတွင်း အနေအထား၌ ရှိစေရန် ခေါင်းအုံးတွေကို အသုံးပြုပါ။ အရေအတွက် ဘယ် လောက်သုံးရမယ်ဆိုတာဟာ ခန္ဓာကိုယ်ရဲ့ ပုံသဏ္ဍန်နဲ့ အရွယ်အစားပေါ်မူတည်ပြီး အသုံးပြုဖို့ လိုချင်မှ လိုမယ် ဟုဆယ်ဖီက ဆိုတယ်။ တင်ပါးကြီးသူဖြစ်လျှင် ခေါင်းအုံးအပိုတွေကို ခါးနဲ့ဒူးအောက်မှာ ထားချင်ပေလိမ့်မယ်။

(၂) ဘေးစောင်းအနေအထား

ခန္ဓာကိုယ်ကို မျဉ်းဖြောင့်အတိုင်းဘေးစောင်းဆန့်ပြီး လက်တွေကို နဘေး (သို့) ကိုယ်ရှေ့တည့်တည့် ထုတ်ထားပါ။
ကောင်းကျိုး – ပြန်မတ်လာသည့် အနေအထားနဲ့ ကိုယ်နေဟန်ထားတွင်တူတဲ့ ဒီပုံစံနဲ့လဲလျောင်းခြင်းဟာ အက် စစ်ပြန်စီးထွက်ခြင်းရဲ့ လက္ခဏာတွေကို လျော့စေတယ်။ ဘယ်ဘက်ကိုစောင်းပြီး အိပ်တာက အစာပြွန်မှ အစာ အိမ်အက်စစ်ထုတ်ပစ်ခြင်းကို တိုးမြှင့်စေတာကြောင့် အစာမကြေ၍ ရင်ပူခြင်းကိုလျော့စေတယ်။

ဆိုးကျိုး – သန္ဓေသားကဲ့သို့ ကွေးပြီး အိပ်တဲ့အနေအထားကဲ့သို့ ခန္ဓာကိုယ်အချိုးမညီတဲ့ ဖိအားများမှ တောင့်တင်းမှုခံစားရကာ အိပ်ရာမှ နိုးနိုင်တယ်။ နံဘေးမှာလက်ထားပြီး အိပ်ရင် သွေးလည်ပတ်မှုခံစားရကာ အိပ်ရာမှ နိုးနိုင်တယ်။ နံဘေးမှာလက်ထားပြီးအိပ်ရင် သွေးလည်ပတ်မှုနဲ့ဆိုင်တဲ့ ပြဿနာဖြစ်နိုင်တယ်ဟု ဆမ်မီ ကဆိုတယ်။ ကောင်းအောင်ဘယ်လိုလုပ်မလဲ – ခန္ဓာကိုယ်က အလယ်မျဉ်းအနေအထား၌ ရှိရန်နှင့် ဦးခေါင်းက ဝမ်းဗိုက်ထက်မြင့်နေအောင် ခေါင်းအုံးတွေကို အသုံးပြုပါ။ ဖြစ်နိုင်ရင် လက်မောင်းတွေကို ထိန်းထားတဲ့ အနေ အထားမှာ ထားခြင်းဖြင့်သွေးစီးဆင်းမှု သိပ်မတင်းကျပ်တော့ပေ။

(၃) လူသေအလောင်းအနေအထား

ပက်လက်အိပ်ပြီး လက်တွေကိုဘေးမှာထားပါ။
ကောင်းကျိုး – ဆမ်မီ၏ အဆိုအရ၊ လူ ၁၅မှ ၂၀ ရာခိုင်နှုန်းသာ ဒီအနေအထားမှာ အိပ်ကြတယ်။ ဒီအနေအထား မှာအချိုးအစား ညီညွတ်မျှတပြီး ကိုယ်အလေးချိန်ကို ခန္ဓာကိုယ်တစ်လျှောက် ညီညာစွာထားပေးလို့ ဒီအနေ အထားဟာ အကောင်းဆုံးဖြစ်တယ်။ ဒါပေမယ့် လူတွေက ဒီနည်းကိုမလုံခြုံဘူးလို့ ခံစားကြတယ်လို့ ၎င်းကပြော တယ်။

ဆိုးကျိုး – အသက်ရှုခက်တဲ့ ဒါမှမဟုတ် ပန်းနာရောဂါရှိသူတွေအတွက် ဒီအနေအထားက ပြဿနာရှိတယ်။ အဲဒီလို အိပ်တတ်တဲ့ လူတွေပိုပြီး ဟောက်တတ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ လျှာနဲ့ နူးညံ့တဲ့ အာခေါင်တို့ ဟာ လည်မျိုထဲသို့နောက်ဆုတ်လိုဟန်ရှိလို့ လေလမ်းကြောင်းကို ကျဉ်းစေတယ်။ ကောင်းအောင်ဘယ်လိုလုပ်မ လဲ – သင့်လည်ပင်းနဲ့ ဦးခေါင်းဟာ အလယ်မျဉ်းအနေအထားတွင်ရှိနေဖို့ ခေါင်းအုံးများလုံလောက်စွာ ရှိပါစေ။ ပိုမြှင့်ထားတဲ့အနေအထားသည် အပေါ်ပိုင်းလေလမ်းကြောင်းကို ပြေလျော့စေပြီး အောက်စီဂျင် ဝင်ရောက်မှုပို ကောင်းစေလို့ ဟောက်တတ်သူများအတွက် အကျိုးရှိကြောင်း ဆမ်မီကဆိုတယ်။

(၄) မှောက်လျက်အနေအထား

လက်နှစ်ဖက်ကို ခေါင်းအုံးကိုနှိုက်၍ ရင်ဘတ်ပေါ်အိပ်ခြင်း
ကောင်းကျိုး – အစားအစာဟာ လူတွေကို ဟန့်တားခြင်းမရှိဘဲ ဖြတ်သွားနိုင်ပြီး မလိုချင်တဲ့ ကြွက်တက်ခြင်း၊ အစားအစာတို့ကြောင့် ဖောင်းကားနေခြင်းနဲ့ လေထိုးလေအောင့်ခြင်း ဖယ်ရှားဖို့အကောင်းဆုံးနည်းလမ်း ဖြစ် တယ်လို့ ဆိုကြတယ်။
ဆိုးကျိုး – လည်ပင်းနဲ့ နောက်ကျောမှာ ဝေဒနာခံစားတဲ့သူတွေဟာ သူတို့ရဲ့ဝမ်းဗိုက်ပေါ်အိပ်ကြတယ်လို့ ဆမ်မီ ကဆိုတယ်။ ဒီအနေအထားက ကျောရိုးအောက်ပိုင်းရှိအခုံးကို ရှိတာထက် ပိုချဲ့ပြီး ဦးခေါင်းကိုတစ်ဖက်သို့ လိမ် ရတဲ့အတွက် လည်ပင်းပေါ်တင်းမာမှုကို ဖြစ်စေတယ်။ ကောင်းအောင်ဘယ်လိုလုပ်မလဲ – ရင်ဘတ်အောက်မှာ ခေါင်းအုံးတစ်လုံးကို ထားခြင်းဖြင့် စောင်းအိပ်ဖို့ ကိုယ်ခန္ဓာကိုလေးပုံတစ်ပုံခန့် လှည့်လိုက်ပါဟု ဆမ်မီက အကြံ ပြုတယ်။

ညမှာကောင်းကောင်းအိပ်ပျော်ဖို့

၁။ ခေါင်းကိုက်ခြင်းနဲ့ လည်ပင်းနာခြင်းနည်းအောင် သင့်တော်မယ့် အမြင့်ရှိတဲ့ ခေါင်းအုံးကိုရွေးချယ်ပါ။
၂။ အိပ်ယာမဝင်မီ ရေနွေးနွေးလေးနဲ့ ရေချိုးခြင်းက ဦးနှောက်မှ သွေးကိုအရေပြားတွေဆီသို့ ပို့ပေးခြင်းဖြင့် အိပ်ချင်စေတယ်။
၃။ ကြွက်သားတောင့်တင်းမှုမှ ကာကွယ်ရန် လည်ပင်းနဲ့ ပုခုံးကိုဖုံးပြီး ခန္ဓာကိုယ်ချောင်ပြီး လျော့ရဲရဲဖြစ်စေတဲ့ နွေးပြီး ပွပွ၊ ဖားဖား၊ ချည်ထည်အဝတ်အစားကို ဝတ်အိပ်ပါ။

Author – နှင်းအေးဝေ (Healthcare Journal)

-- Advertisement --

ဆက်စပ် ဆောင်းပါးများ

Comments

Loading...

Subscribe To Our Newsletter

Join our mailing list to receive the latest news and updates from our team.

You have Successfully Subscribed!