စားဝတ်နေရေးဟူသောအရာလေးမျိုးတွင် အရေးအကြီးဆုံးသော အစားအစာစားသောက်ရာတွင် လူအမျိုးမျိုးစိတ်အဖုံဖုံဖြင့် စား သောက်နေကြပေသည်။ သို့ရာတွင် ကျန်းမာသန်စွမ်းပြီး ရောဂါဘယ ကင်းဝေးသောခန္ဓာကိုယ်ဖြစ်စေဖို့ရာ အာဟာရမျှတသော အစား အသောက်များကိုသင့်တင့်မျှတစွာစားသောက်ရန်မှာ အလွန်ပင် အရေးကြီးသောအရာဖြစ်သည်။
ကျန်းမာအောင်စားသုံးခြင်းဆိုသည်မှာ အစာလျှော့စား ခြင်း၊ အလွန်အမင်းကိုယ်အလေးချိန်ချခြင်း၊ ကြိုက်နှစ်သက်သော အစားအစာများရှောင်ခြင်းတို့ကိုဆိုလိုသည်မဟုတ်ချေ။ အဓိကအား ဖြင့် ခန္ဓာကိုယ်ခွန်အားပြည့်ဖြိုးခြင်း၊ စိတ်ခံစားမှုကောင်းမွန်စေခြင်း၊ ကျန်းမာရေးကိုထိန်းသိမ်းစေနိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။
၁။ အမူအကျင့်များ ပြုပြင်ပြောင်းလဲပါ
ကယ်လိုရီများကိုတွက်ချက်ပြီးစားသုံးသင့်သည်။ အစား အသောက်ကို အရောင်၊ စုံလင်မှု၊ လတ်ဆတ်မှုဖြင့် စားသုံး သင့်သည်။ အဓိကအားဖြင့် ကြိုက်နှစ်သက်သော အစား အစာများကိုလတ်ဆတ်သန့်ရှင်းသော အသီးအနှံမျိုး ဖြင့်ရောနှောစားသောက်မည်ဆိုပါက အရသာလည်းရှိ အာဟာရ လည်းပြည့်စေမည်ဖြစ်သည်။
ညဘက်အချိန်လွန်မှအစားအသောက်စားသုံးခြင်းသည်လည်း ကောင်းမွန်သောအလေ့အကျင့်မဟုတ်ချေ။ သို့သော် စားသောက်နေကျအလေ့အကျင့်အားလုံးကို တစ်ချိန်တည်း ပြုပြင်ရန်အတွက်မူကား လွယ်ကူသောအရာမဟုတ်ပေ။ တဖြည်းဖြည်းချင်း အရောင်စုံလင်သောအသီးအနှံများကို တစ်နေ့လျှင် တစ်ကြိမ်မျှစားသုံးခြင်း၊ အဆီအနှစ်များ အနည်းငယ်ဆီလျှော့စားခြင်း အစရှိသည့်အလေ့အကျင့် များကို ပြုလုပ်သင့်သည်။
ရေသောက်သုံးခြင်းနှင့်အားကစားပြုလုပ်ခြင်းတို့ကိုသင့်အစားအသောက်ထဲတွင်ပါဝင်သည်ဟုမှတ်ယူသင့်သည်။ ရေသောက်သုံးခြင်းကြောင့်အားအင်ပြည့်ဖြိုးလန်းဆန်းစေပြီး၊အဆိပ်အတောက်များကိုဖယ်ရှားနိုင်သည့်အတွက် လိုအပ်သောပမာဏကို သောက်သုံး သင့်သည်။ အားကစားလေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့်လည်း သွေး လည်ပတ်မှုကိုအားကောင်းစေခြင်း၊ အစာချေစနစ်ကို အားကောင်း စေခြင်း၊ ကျန်းမာသန်စွမ်းစေခြင်းတို့ကြောင့် မရှိမဖြစ်အရေးကြီးသော အရာများပင်ဖြစ်သည်။
၂။ သင့်တင့်မျှတသောပမာဏကိုသာစားသုံးပါ
အာဟာရမျှတအောင်စားသုံးခြင်းသည် ရေရှည်အတွက် ရည်ရွယ်ခြင်းဖြစ်သောကြောင့် အလွန်အမင်းကိုယ်အလေးချိန် လျော့ကျစေရန်ပြုလုပ်ခြင်းကိုဆိုလိုခြင်းမဟုတ်ချေ။ ကိုယ်ခန္ဓာ အတွက်လိုအပ်သောကာဗိုဟိုက်ဒရိုက်၊ ဗိုက်တာမင်၊ အမျှင်ဓာတ်၊ သံဓာတ် အစရှိသည်တိုကို မျှတအောင်စားသုံးခြင်းကိုဆိုလိုသည်။
လူအမူအကျင့်အရရှောင်ရန်ဆိုသည့်အစားအစာများကို ပိုမိုစားသုံးခြင်းသည်မှာ အမြဲပင်ဖြစ်သည်။ မိမိကြိုက်နှစ်သက်သော အစားအစာများမှာ အချို၊ အငန်နှင့် ကျန်းမာရေးအတွက် မသင့် တော်သည့်အစာများဖြစ်ပါက တတ်နိုုင်သမျှ အနည်းငယ်သာစားသုံုး သင့်သည်။ အစားအသောက်စားသုံးသည့်ပမာဏကိုလည်း သင့်တင့် မျှတပြီး သန့်ရှင်းလတ်ဆတ်သောအစားအစာများကိုသာ စားသုံး သင့်သည်။
၃။ ဘာစားသလဲကိုမစဉ်းစားပါနှင့်၊ ဘယ်လိုစားသလဲကိုစဉ်းစားပါ
အာဟာရမျှတအောင်စားသုံးခြင်းသည် ပန်းကန်ထဲတွင် ရှိသောအစားအစာများကို မည်သို့စားသုံးသည်က ပိုမိုအရေးကြီး သည်။ အချိန်မှန်စားသုံးခြင်းကလည်း ကျန်းမာရေးအတွက် များစွာအထောက်အကူပြုနိုင်ပေသည်။ အလုပ်ကိုသာ အလေးထား ၍အလုပ်အားချိန်များမှ စားသောက်ခြင်းသည် ရေရှည်တွင် ကျန်းမာရေးကိုထိခိုုက်လာစေနိုုင်သည်။
အစာစားသည့်အခါတွင် တစ်ယောက်ယောက်နှင့်အတူ စားပါ။ တီဗီ၊ ကွန်ပျူတာရှေ့တွင်အစာစားခြင်းသည် စိတ်က အစာ စားသည့်ထဲတွင်မရှိနိုင်သောကြောင့် ပိုမိုစားသုံးမိခြင်းကို ဖြစ်စေ နိုင်သည်။ တတ်နိုင်သမျှ အစာကိုကြေညက်အောင်ဝါး၍ စိတ်လက် ပေါ့ပါးစွာဖြင့် အစာစားခြင်းကိုပြုလုုပ်ပါ။ အမှန်တစ်ကယ်ဆာလောင် သည့်အချိန်မှစားသုံးရန်မှာလည်း အရေးကြီးပေသည်။ အစာစားနေ သည့်အချိန်တွင်လည်း အစာအိမ်ပြည့်တင်းအောင်မစားဘဲ မပြည့်မီ အနည်းငယ်မျှလျှော့စားရန်လိုအပ်ပေသည်။ ထို့ပြင် ကျန်းမာရေးနှင့် သင့်တော်စေရန်အတွက် ညဘက်အချိန်လွန်မှ အစားစားခြင်းကို ရှောင်ကြဉ်ရန်လိုအပ်ပေသည်။
၄။ အသီးအနှံများကို ဖြည့်တင်းစားသုံးပါ
အသီးအရွက်များသည် ကျန်းမာသောအစာအာဟာရ ဖြစ်ဖို့ အဓိကအထောက်အကူပြုသောအရာများပင်ဖြစ်သည်။ ဗိုက်တာမင်၊ အဆိပ်ထုတ်ဓာတ်၊ သတ္တုဓာတ် အစရှိသည့် ခန္ဓာကိုယ် အတွက်လိုအပ်သည့်အာဟာရဓာတ် များစွာပါဝင်သည့်အတွက် မိမိနေ့စဉ်စားသုံးသည့်အစားအစာများထဲတွင် တတ်နိုင်သမျှထည့် သွင်းစားသုံးသင့်သည်။
အစိမ်းရောင်ရှိသောအသီးအရွက်များ (ကိုက်လန်၊ မုန်ညင်း စိမ်း၊ ပန်းမုန်လာ၊ ဂေါ်ဖီထုပ်) အစရှိသည့်တို့တွင် ကယ်စီယမ်ဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်၊ သံဓာတ်၊ ပိုတက်စီယမ်ဓာတ်တို့အပြင် ဗိုက်တာမင် A ၊ C ၊ E ၊ K တိုု့ပါဝင်သည်။ ပြောင်းဖူး၊ မုန်လာဥ၊ သကြားမုန်လာ၊ ဝဥ၊ ကြက်သွန်အစရှိသည့် သဘာဝအလျောက် အချိုဓာတ်ပါဝင် သည့်အသီးအနှံများကို ပိုမိုစားသုံုးသင့်သည်။
ဗိုက်တာမင် စီ၊ အမျှင်ဓာတ် အစရှိသည်တိုပါဝင်သော အသီးအနှံများဖြစ်သည့် ပန်းသီး၊ လိမ္မော်သီး၊ သရက်သီးတိုု့ကိုလည်း စားသုံးသင့်သည်။ အဓိကသတိပြုရမည်မှာ ခန္ဓာကိုယ်အတွက်လို အပ်သည့်ဗိုက်တာမင်များသည် ဆေးသောက်ခြင်းမှရသည်မဟုတ် ဘဲ သန့်ရှင်းလတ်ဆတ်သောအသီးအနှံများမှရသည်ကို သတိပြုသင့် သည်။
၅။ ခန္ဓာကိုယ်အတွက်လိုအပ်သည်များကို မျှတစွာစားသုံးပါ
မိမိကြိုက်နှစ်သက်သောအစာများကိုသာကြာရှည်စားသုံးမည်ဆိုပါကကျန်းမာရေးအတွက်ထိခိုုက်လာ နိုုင်မည်ဖြစ်သည်။ထို့အတွက်ကြောင့်ပင်ခန္ဓာကိုယ်ကိုထိခိုက်စေနိုင်သောအဆီအစိမ့်များကိုအလွန်အကျွံစားသုံး ခြင်၊ အငန်ဓာတ်များ၊ အချိုဓာတ်များကို တတ်နိုင်သမျှရှောင်ကြဉ်စားသုံးသင့်သည်။ ဖန်တီးပြုလုပ်ထားသော အဆီများ၊အငန်များ၊အချိုများနေရာတွင်သဘာဝမှရရှိသောအသီးအနှံ၊အရွက်များကိုအစားထိုုးစားသုံးသင့်သည်။ ထို့ပြင်ခန္ဓာကိုယ်တွင်လိုအပ်သောပရိုတင်းဓာတ်ကိုလည်းဖြည့်တင်းပြီး အရိုးများကျန်းမာ သန်စွမ်းစေရန်အတွက် အရေးကြီးသည့် ကယ်စီယမ်ဓာတ်ကိုလည်း နို့နှင့် နို့မှရသောပစ္စည်းများအား စားသုံး သင့်သည်။
နိဂုံးချုပ်ဆိုရသော် လူ့သက်တမ်းစေ့ ကျန်းမာစွာနေထိုင် နိုင်ရေးအတွက် အစာအာဟာရသည် အရေးကြီးသောအရာဖြစ် သကဲ့သို့ ပျော်ရွှင်ကျန်းမာသောဘဝကိုပိုင်ဆိုင်နိုင်ဖို့ရာ အာဟာရမျှတ ကျန်းမာအောင်စားသုံးခြင်းမှာလည်း လွန်စွာအရေးကြီးသောအရာ ပင်ဖြစ်ပေသည်။