ကလေးကို ကတုံးတုံးပေးရင် ဆံပင်သန်မလား

89

အာရှ နိုင်ငံတွေမှာ လသားကလေးငယ်တွေကို ကတုံးလေးတွေနဲ့ တွေ့ရတာ မဆန်းတော့ပါဘူး ။တကယ်တော့ မွေးဆံပင်ကို ကတုံးတုံးပေးရင် ဆံပင် သန်တယ် ဆိုတဲ့အယူနဲ့ တုံးပေးလာတာ နှစ်ပေါင်းကြာမြင့်လှပါပြီ။

အမှန်က ကလေးကို ကတုံးတုံးပေးတာ ၊ဆံပင်အရမ်းတိုတိုလေး ညှပ်ပေးတာတို့ဟာ ဆံပင်သန်ခြင်း၊ မသန်ခြင်းကို ထိရောက်မှုမရှိပါဘူး။ ဆံပင်ဆိုတာက ဦးခေါင်းအရေပြားမှာရှိတဲ့ မွှေးညင်းပေါက်ကလေးတွေက ထွက်တာပါ ။ ဆံပင်မွှေး
တွေကို ညှပ်လိုက် ၊တုံးလိုက်တာနဲ့ ဆံပင်ပေါက်ရာ ထိုမွှေးညင်းပေါက်ကလေးတွေက ထူးခြားပြီး မပြောင်းလဲသွားပါဘူး။

ထိုမွှေးညင်းပေါက်ကလေးတွေကလည်း မျိုးရိုး ဗီဇအရ ဖြစ်လာတာဖြစ်ပြီး ပြောင်းလဲလို့မရပါဘူး။ ကတုံးတုံးလိုက်ရင် ဆံပင်အကုန်လုံး အတိုအရှည်ညီသွားတာ ဖြစ်တဲ့အတွက် ပိုပြီးသန်သလိုထင်ရတာပါ ။ ပုံမှန်အားဖြင့် ဆံပင်ကလေးတွေက သူ့အချိန်နဲ့သူ ခဏနားလိုက် ပြန်ရှည်လိုက်နဲ့ စက်ဝန်း (cycle of rest and growth) လည်နေတာမို့ အတိုအရှည် မညီတာပါ။

ကလေးတွေ မွေးဆံပင်နည်းနည်း သို့မဟုတ် အကုန်ကျွတ်ကုန်တာ ကလည်း ဖြစ်တတ်တဲ့သဘာဝပါ ။ အများအားဖြင့် အသက် သုံး လေးလလောက်မှာ ဖြစ်တတ်ပါတယ် ။မြန်မာလိုတော့ အနှီးစားတယ်လို့ အရပ်ထဲခေါ်ကြတယ်။  တကယ်က ကလေးခေါင်းကို အနှီးနဲ့မပတ်လည်း သူ့ဘာသာသူ ကျွတ်နိုင်ပါတယ်။ တစ်ခါတစ်လေ အကွက်လိုက်ပေါ့ ။ကျွတ်သွားတဲ့နေရာမှာ ဆံပင်ပြန်ပေါက်ဖို့ ကတော့ နည်းနည်းကြာတတ်တယ် ။ပြန်ပေါက်ရင်လည်း ဆံပင်သားမတူ ၊ အတိုအရှည် မညီတတ်ပါဘူး။

ကလေးတွေ မွေးလာတုန်းကပါလာတဲ့ ဆံပင်မွေးလေးတွေကို ဗီးလပ်စ် အမွှေး (Vellus Hair )လို့ခေါ်ပါတယ် ။သူတို့တွေက တိုတယ် ၊ပျော့တယ်၊အရောင်ဖျော့တယ် ။မွေးပြီး သုံးလကနေ ခုနှစ်လလောက်အတွင်း ဆံသားကလေးတွေက ပြောင်းလာတယ် ။ကလေးနှစ်နှစ်သားလောက်ဆိုရင် အဲ့သည် Vellus Hair လေး တွေနေရာမှာ သန်တဲ့ ထူတဲ့ ဆံပင်ကလေးတွေ ပေါက်နေပါပြီ။

ကတုံးတုံးခြင်း ဟာ ကလေးဆံပင်တွေကို ပိုပြီးမသန်စေပါဘူး ၊ဒါပေမယ့် အတိုအရှည်တော့ ညီသွားစေနိုင်ပါတယ် ။တခြား ကလေးဆံပင်သန်စေမယ့် နည်းလမ်းတွေကတော့ အာဟာရပြည့်ဝတဲ့ အစားအသောက်များကို ကလေးကို
ကျွေးပါ ။ကတုံးတုံးချင်က ကလေးအသက် နည်းနည်းကြီးတဲ့အထိ စောင့်ပါ ။ဘာဖြစ်လို့လဲဆိုရင် ဦးရေပြားက ထိလွယ် ရှလွယ်လို့ပါ ။၁ပတ်ကို ၂ခါလောက် ပုံမှန် ခေါင်းလျှော်ပါ ။ဦးရေပြားနှင့်ဆံပင်သားကလေးတွေကို သန့်သန့်ရှင်းရှင်းထားပါ။

Author – ခေတ်သစ်ဇီဝက

-- Advertisement --

ဆက်စပ် ဆောင်းပါးများ

Comments

Loading...

Subscribe To Our Newsletter

Join our mailing list to receive the latest news and updates from our team.

You have Successfully Subscribed!