ရေယုန်ဆေးဖြင့် HIV ဗိုင်းရပ်စ်ကို ကူညီထိန်းချုပ်နိုင်

46

ဗြိတိသျှသုတေသန ပညာရှင်များက လိင်အင်္ဂါရေယုန်အတွက်သုံးသော ဆေးဝါးများသည် သွေး၌ HIV ဗိုင်းရပ်စ်ပမာဏကို ၇၀ ရာခိုင်နှုန်းလျော့နည်းစေနိုင်ပြီး လိင်အင်္ဂါလမ်းကြောင်း၌လည်း HIV ဗိုင်းရပ်စ်ပါဝင်မှု အ တိုင်းအတာကိုလည်း လျော့ပါးစေနိုင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါသည်။

The London School of Hygiene and Tropical Medicine မှ သုတေသန ပညာရှင်များက အာဖရိ ကတွင် လေ့လာမှု တစ်ခုပြုလုပ်ခဲ့ကြသည်။ Philipple May-aud ခေါင်းဆောင်သော အဖွဲ့က HIV နှင့် လိင်အင်္ဂါ ရေယုန်နှစ်မျိုးစလုံးရှိနေသော အမျိုးသမီး ၁၄၀ ဦးအား လေ့လာသုတေသနပြုခဲ့ရာ၌ လူနာတစ်ဝက်အား Valacyclouir နှင့် အခြားတစ်ဝက်အား အာနိသင်မဲ့ဆေး ပုံစံတူ Placebo ပေးကြည့်ခဲ့၏။

သုံးလမျှ ဆေးပေးခဲ့ပြီး နောက်ပြန်လည် စစ်ဆေးကြည့်ခဲ့ရာတွင် ဆေးရရှိသူများ၌ HIV ဗိုင်းရပ်စ်မှာ သွေး၌ ၇၀ ရာခိုင်နှုန်းအထိ လျော့ကျသွားကြောင်း တွေ့ရသည်ဟု ဆိုပါသည်။ လိင်အင်္ဂါလမ်းကြောင်း၌လည်း ဗိုင်းရပ်စ်ပမာဏ လျော့နည်းသွားသည်။ ထို့ကြောင့် ရေယုန်ရောဂါကုဆေးဖြင့် HIV ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို လျော့နည်းစေနိုင် မည်ဟု ကောက်ချက်ချနိုင်သည်။

Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ

Subscribe To Our Newsletter

Join our mailing list to receive the latest news and updates from our team.

You have Successfully Subscribed!