ကမ္ဘာတစ်ဝန်း ကပ်ရောဂါသဖွယ် ကျရောက်နေသောခုခံအားကျဆင်းရောဂါ အကြောင်းသိကောင်းစရာ (၃)

28

ခုခံအားကျရောဂါ ရှိ/မရှိ ဘယ်လိုသိမလဲ?
“ ဆရာခင်ဗျား ၊ကျွန်တော်/ကျွန်မတို့ HIV ပိုးကူးစက်ခံနေရမှန်းဘယ်လိုသိနိုင်မလဲ။”
“HIV ပိုးကူးစက်ခံရရင် ဘယ်လိုရောဂါလက္ခဏာတွေ ခံစားရပါလဲ ၊ဆရာ။”
ခုခံအားကျ ရောဂါရှိ/မရှိကိုသက်ဆိုင်ရာကျွမ်းကျင်သူဆေးဘက်ဆိုင်ရာ ဝန်ထမ်းများမှသာ
အသေအချာမေးမြန်းစမ်းသပ်စစ်ဆေးပြီးမှသာသိနိုင်ပါတယ်။ခုခံအားကျဆင်းစေတဲ့ HIV ပိုးဟာလူ့

ခန္ဓာကိုယ်ထဲဝင်ပြီး ပြီးချင်းရောဂါလက္ခဏာမပြတတ်ပါ။HIV ပိုးဝင်ပြီး ၂ပတ် မှ ၆ပတ် ကြာကဖျားနာ
ညောင်းကိုက် ၊အနီပြင်အကွက်များပေါ် လာတတ်တယ်။ဒါကြောင့် သာမန်တုတ်ကွေးဖျားနာလက္ခဏာများနှင့် သိပ်မကွဲသဖြင့် သာမန်အားဖြင့် HIV ပိုးကူးစက်ခံရမှန်းမသိနိုင်ပါ။ ကူးစက်ခံရသူ
အများစုက ၅နှစ် မှ ၁၀ နှစ် အထိလူကောင်းပကတိအတိုင်းရောဂါလက္ခဏာမပြဘဲနေထိုင်နိုင်ပါ
တယ်။တချို့ကတော့ ၅နှစ် မတိုင်မီရောဂါလက္ခဏာပြတတ်ပါတယ်။ထိုကဲ့သို့လက္ခဏာပြတတ်သူမှာလည်း၃၀ ရာခိုင်နှုန်းခန့်သာရှိပါတယ်။ထိုအချိန်ကာလကိုရောဂါအစပျိုးချိန် ဟုခေါ်ပါတယ်။

ဘယ်အချိန်မှာ HIV ပိုးကူးစက်ခံနေရပြီလို့ သံသယရှိမလဲ?
အန္တရာယ်ရှိသည့် လိင်ဆက်ဆံမှုမျိုးပြုလုပ်ဖူးခြင်း ၊ဆေးထိုးအပ်နှင့် ဆေးထိုးပြွန်ကို မျှဝေ
သုံးစွဲ၍မူးယစ်ဆေးအကြောတွင်းသုံးစွဲခြင်းစသည့် အပြုအမူများ ပြုလုပ်ဖူးသူတို့အဖို့ သွေးစစ်ဆေး
ခြင်းပြုပြီးမှသာရောဂါပိုးရှိ/မရှိသိနိုင်ပါတယ်။
သတိထားသင့်သောရောဂါလက္ခဏာများမှာအောက်ပါအတိုင်း ဖြစ်ပါတယ်။
၁) ရက်ရှည် ဖျားခြင်း( ၁လ နှင့်အထက် )
၂) ရက်ရှည်ချောင်းဆိုးခြင်း ( ၁လ နှင့်အထက် )
၃) ခန္ဓာကိုယ်တွင် အကြိတ်များ(အထူးသဖြင့် ပေါင်ကြား၊ချိုင်းကြား၊လည်ပင်းတွင်)စမ်းမိခြင်း
(၃လ နှင့်အထက် )
၄) ရက်ရှည် ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း ( ၁လ နှင့်အထက် )
၅) ပါးစပ်ထဲမှိုအဖြူဖတ်တွေဖြစ်ခြင်း
၆) ကိုယ်အလေးချိန် အကြောင်းမဲ့ကျခြင် (၁လအတွင်း အနည်းဆုံးနဂိုထက် ၁၀ ရာခိုင်နှုန်းနည်းခြင်း)
၇) တီဘီရောဂါရှိခြင်း
၈) ရေယုန်ပေါက်ခြင်း

HIV ပိုးရှိ/မရှိသွေးစစ်ဆေးခြင်း
“ကျွန်တော်/ကျွန်မတို့ အန္တရာယ် ရှိသောအပြုအမူများ ပြုလုပ်မိပါတယ်၊ ဆရာ။HIVပိုးရှိ/မရှိ စစ်ချင်လို့ပါ ၊ဆရာ။”
“ကျွန်တော်/ကျွန်မတို့ မှာဆရာပြောပြတဲ့ သံသယလက္ခဏာတွေ ရှိနေပါတယ်။အဲတာ HIV ပိုး
ရှိ/မရှိသွေးစစ်ချင်လို့ပါ ၊ဆရာ။”
HIV ရောဂါပိုးဟာသေးငယ်လွန်း၍ရောဂါပိုးကိုတိုက်ရိုက်ရှာဖွေဖို့ ခက်ပါတယ်။
ဒါဖြင့် ဘယ်လိုသိနိုင်မလဲဆိုလျှင် HIV ရောဂါပိုးကိုတိုက်ဖျက်သောပဋိပစ္စည်းများ(Antibodies)ကို
စစ်ဆေးခြင်းဖြင့် သာသိနိုင်ပါတယ်။
ကနဦးသွေးစစ်ရာတွင် ပဋိပစ္စည်းတွေ့လျှင် HIV ပိုးရှိသည်ဟုယူဆနိုင်ပါတယ်။
ဒါပေမယ့် မတူညီသောသွေးစစ် ပစ္စည်းများနောက်တစ်မျိုး (သို့မဟုတ်)နှစ်မျိုးဖြင့်ထပ်မံစစ်ဆေးပေးပါလိမ့်မယ်။အကုန်လုံးမှာရှိလျှင်တော့ HIV ပိုးကူးစက်ခံနေရပြီ(Confirm) ဟုသတ်မှတ်နိုင်ပါတယ်။
ပထမသွေးစစ်ပစ္စည်းတစ်မျိုးဖြင့် သွေးစစ်တုန်းကပဋိပစ္စည်းရှိပြီးဒုတိယတစ်မျိုးဖြင့် စစ်သော်လည်းပဋိပစ္စည်းမတွေ့က မသေချာသေးသောအခြေအနေမို့ ရှိတယ်၊ မရှိဘူးအတိအကျ ပြောလို့မရသေးပါ။ထို့ကြောင့် နောက်တစ်ကြိမ် ၂ပတ်ခြားပြီးအစကပြန်စစ်ဆေးပါတယ်။အကယ်၍သွေးစစ်ပစ္စည်းနှစ်မျိုးစလုံးဖြင့် ပဋိပစ္စည်းတွေ့ က HIV ပိုးကူးစက်ခံနေရပါပြီ။အကယ်၍တစ်မျိုးမှာ
ရှိပြီး တစ်မျိုးမှာ မရှိက မသေချာသော သွေးအဖြေ (Indeterminate) လို့ခေါ်ပါတယ်။ထပ်မံသွေးစစ်
ဖို့ လိုပါတယ်။နောက် ၁လနေလျှင်တစ်ခါ ၊၃လနေလျှင် တစ်ခါ ၊၆လနေလျှင် တစ်ခါ၊၁နှစ်နေလျှင် တစ်ခါ ထပ်မံသွေးစစ်ဖို့လိုပါတယ်။
ကိုယ်ဝန်ဆောင်မိခင်လောင်းများ တွင်တော့ သွေးစစ်ပစ္စည်းသုံးမျိုးစလုံးမှာပဋိပစ္စည်းတွေ့
မှသာ HIVပိုးရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။

ကနဦးသွေးစစ်ကတည်းကပဋိပစ္စည်းမရှိက အန္တရာယ်ရှိသောအပြုအမူများမရှိက၊သံသယ
ရောဂါလက္ခဏာမရှိသူများသာ HIV ပိုးကူးစက်ခံရမှုမရှိဟုပြောလို့ရပါမယ်။အကယ်၍အထက်ပါ
အပြုအမူများ ၊သံသယရောဂါလက္ခဏာများရှိသူများအဖို့ HIV ပိုးမရှိဟုယတိပြတ်ပြောမရပါ။
အဘယ်ကြောင့်ဆိုသော် ပဋိပစ္စည်းများသည် HIV ပိုးကူးစက်ခံရပြီး ၃ လ မှ ၆ လကြာမှသာသွေးထဲ
တွင် တွေ့ရှိနိုင်ပါတယ်။ထိုကာလကိုစမ်းသပ်စစ်ဆေး၍ မရသေးသောကာလ ကြားကာလ(Window
Period) လို့ခေါ်ပါတယ်။ထိုကာလတွင် သွေးစစ်က HIV ပိုးမရှိဟုအဖြေမှားရရှိနိုင်ပါတယ်။ပဋိပစ္စည်း
မတွေ့သေးသော်လည်းထိုသူများတွင် HIV ပိုးရှိနှင့်နေပြီဖြစ်၍ အခြားသူများထံကူးစက်နိုင်ပါသည်။
ထို့ကြောင့် HIV ပိုးကူးစက်ခံနေရသူများနှင့် ရောဂါပိုးကူးစက်ရန် အန္တရာယ်များသောအပြုအမူရှိရှိသူများသည် သွေးမလှူသင့်ကြပါ၊အခြားသူသို့ မကူးအောင် ကူးစက်နိုင်သောနည်းလမ်းများကို
ရှောင်ကြဉ်သင့်ပါတယ်။ထို့ပြင် နောက် ၃လတွင် တစ်ခါ ၊၆လတွင် တစ်ခါ၊ ၉လတွင် တစ်ခါထပ်မံစစ်ဆေးဖို့လိုပါတယ်။
ဆက်ပါဦးမည်။

 

AUTHOR – ခေတ်သစ်ဇီဝက

-- Advertisement --

ဆက်စပ် ဆောင်းပါးများ

Comments

Loading...