ဟက်ဟက်ပက်ပက် ရယ်လိုက်ပါ

4

ရှေးလူကြီးများကမိန်းကလေးဆိုတာရယ်တာတောင်မှ အသံကျယ်ကျယ် အော်မရယ်ရ၊ တိုးတိုးညှင် ညှင်လေးပဲရယ်၊ ဒါမှမဟုတ်ရင် သွားပေါ်ရုံလေးပြုံးဟုဆိုကြသည်။ မိန်းကလေးဆိုသည်မှာ အိနြေ္ဒရှိမှဟု ဆုံးမတတ်ကြသည်။
သို့သော်ကျွမ်းကျင်သူများကကျန်းမာရေးရှုထောင့်မှ ဟက်ဟက်ပက်ပက်၊ လွတ်လွတ်လပ်လပ် အားပါးတရရယ်လိုက်ကြပါဟုဆိုပါသည်။ လူငါးယောက်တွင် စိတ်ကျဝေဒနာ အနည်းနှင့်အများရှိသည် ဟုဆိုပါ သည်။
စိတ်ကျဝေဒနာကို အကောင်းဆုံးကုစားရန်မှာရယ်မောခြင်းပင်ဖြစ်သည်။ ရယ်မောခြင်းဖြင့် ဦးနှောက် တွင် ဓာတုပစ္စည်းတစ်မျိုး (Endorphins) ထွက်ရှိကြောင်းတွေ့ရသည်။ ယင်း (Endorphins) သည် ဦးနှောက်ကို အားပေးလှုံ့ဆော်နိုင်သည်။ စိတ်ဖိစီးမှုကိုလျော့နည်းနိုင်စေသည်။ စိတ်ကျဝေဒနာရှိသူများကို သက်သာ ပျောက်ကင်းစေနိုင်သည်။ စိတ်ရွှင်လန်းမှုကိုရရှိစေနိုင်သည်။

ထို့ကြောင့် သင့်အနေဖြင့် ဖိစီးမှုများနေပါသလား။ စိတ်မရွှင်မလန်းဖြစ်နေပါသလား။ စိတ်ကျဝေဒနာ ခံစားနေရပါသလား။ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါဟုလမ်းညွှန်လိုက်ပါရစေ။

Author – ဒေါက်တာဇာနည်

 

Comments

Loading...
-- Advertisement --

Subscribe To Our Newsletter

Join our mailing list to receive the latest news and updates from our team.

You have Successfully Subscribed!