အရေးကြီးဆုံးဆိုသည်မှာ

2,480

လူ့ဘောင်လောကတွင် အိမ်ထောင်သားမွေးကိစ္စကို ရှောင်ကွင်း၍ရမည်မဟုတ်ပေ။ ရှောင်ကွင်း၍ မရ သောလိင်ဆက်ဆံမှုကို ပြဿနာကင်းသော၊ တစ်နည်းအားဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော ဆက်ဆံမှု ဖြစ်အောင် ဖန်တီးနိုင်စွမ်းရှိရန် လိုအပ်သည်။

ကျန်းမာရေးနှင့်ညီညွတ်သော လိင်ဆက်ဆံမှုကရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်နိုင်မှု ပြည့်ဝ၍ စိတ်ပိုင်းဆိုင် ရာကျေနပ်နှစ်သက်မှု အပြည့်အဝရှိစေနိုင်ခြင်းပင် ဖြစ်သည်။ လင်မယား (သို့) ဆက်ဆံဖော်နှစ်ဦးတို့တွင် မိမိကိုယ်မိမိယုံကြည်မှု အပြည့်အဝရရှိရန် လိုအပ်သည်။ မည်သည့်အလုပ်မျိုးလုပ်ဆောင်သည်ဖြစ်စေ၊ မိမိကိုယ် မိမိယုံကြည်မှုသည် အရေးကြီးဆုံးဖြစ်၏။ ယုံကြည်မှုရှိမှသာအောင်မြင်နိုင်မည် ဖြစ်သည်။

ပူပင်သောကကင်းဖို့လည်းလိုအပ်မည်ဖြစ်သည်။ စိုးရိမ်ကြောက်လန့်မှု ရှိနေလျှင် လုပ်ငန်းချောမွေ့ အဆင်ပြေမည် မဟုတ်ပေ။ စိတ်တထင့်ထင့်နှင့် ထစ်ငေါ့ငေါ့ဖြစ်နေမည် မလွဲပေ။ မအောင်မြင်မည်ကိုကြောက် လန့်နေခြင်း၊ ပူပင်သောကဖြစ်နေခြင်းပင်လျှင် အောင်မြင်မှုအတွက် ကြီးမားသောအဟန့်အတားတစ်ခုဖြစ် သည်။

မိမိသည် လိင်ပိုင်းဆိုင်ရာစွမ်းဆောင်မှု အပြည့်ရှိသည်၊ ဆွဲဆောင်မှုအားကောင်းသည်၊ တစ်ဖက်သား ကျေနပ်မှု အပြည့်အဝပေးနိုင်မည် စသည်ဖြင့် ယုံကြည်မှုရှိနေဖို့ လိုအပ်သည်။ ‘ငါလုပ်မှ လုပ်နိုင်ပါ့မလား၊ ငါဟာ ဆွဲဆောင်မှု မရှိတော့ဘူးလား၊ တစ်ဖက်လူကျေနပ်မှု ရှိပါ့မလား၊’ စသည့်မိမိ၏ စွမ်းဆောင်မှုကိုယုံကြည်မှုမရှိ လျှင် အမှန်တစ်ကယ် မစွမ်းဆောင်နိုင်တော့ဘဲ ဖြစ်သွားတတ်ပါသည်။

စိတ်ဓာတ်ခိုင်မာမှုသည် နေရာတိုင်းအတွက်လိုအပ်သည်။ ထို့အတူလိင်ဆက်ဆံမှုတွင် လည်းစိတ်ဓာတ် သည် အရေးကြီးဆုံးဖြစ်သည်ဟု ဆိုနိုင်သည်။ ပူပင်သောကသည် လိင်ဆက်ဆံအားကိုနည်းစေသကဲ့သို့၊ စွမ်းဆောင်နိုင်မှုကိုလည်း ယုတ်လျော့စေပါသည်။ ပန်းသေပန်းညှိုး၊ ပန်းမလန်းခြင်းပင်လျှင် စိတ်ကြောင့် ဖြစ်တတ်သော ဝေဒနာတစ်ခုဖြစ်သည်။

စိတ်ဆန္ဒဖြစ်ပေါ်စေရန် လှုံ့ဆော်မှုတွင် စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုသည် အရေးကြီးသောကဏ္ဍမှပါဝင် သည်။ ရုပ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုနှင့် စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုတို့ ဟန်ချက်ညီညီဆောင်ရွက် ပေးနိုင်ရန် လည်းလိုအပ်သည်။ အသက်အရွယ်ကြီးလာသူများအဖို့ လှုံ့ဆော်မှု ပိုမိုလိုအပ်သည်။ ကိုယ်ခန္ဓာရုပ်ပိုင်းဆိုင်ရာ လိုအပ် လာမှုတို့အတွက် ပိုမိုလှုံ့ဆော်မှုပေးမှသာ လုံလောက်သော စိတ်ဆန္ဒဖြစ်ပေါ်မှု၊ တက်ကြွမှုနှင့် စွမ်းဆောင်နိုင်မှု တို့ ရရှိနိုင်မည်ဖြစ်၏။

လိင်ဆက်ဆံမှုတွင် မိမိကိုယ်မိမိယုံကြည်မှုနှင့် ပူပင်သောကကင်းဖို့မှာ အဓိကလိုအပ်ချက်များ ဖြစ် ကြောင်းတင်ပြလိုက်ရပေသည်။

Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

-- Advertisement --

ဆက်စပ် ဆောင်းပါးများ

Comments

Loading...

Subscribe To Our Newsletter

Join our mailing list to receive the latest news and updates from our team.

You have Successfully Subscribed!