အသက်ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ကျခြင်းသည်မိခင်နှင့် ဆက်နွယ်နေ

1,235

လူငယ်များ စောစောစီးစီးအိမ်ထောင်ပြုခြင်းသည် သူတို့မိခင်၏ အိမ်ထောင်ရေး၊ အခြေအနေပေါ်မူ တည်ကြောင်း၊ သုတေသနအသစ်တစ်ခု အရသိရသည်။ အဆိုပါ သုတေသနကို အိုဟိုင်းရိုးတက္ကသိုလ်မှ သုတေသနပညာရှင်များက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မိသားစုစိတ်ကျန်းမာရေးဆိုင်ရာ ဂျာနယ်၌ ဖော်ပြထားသည်။

မိခင်သည် အသက်ငယ်ရွယ်စဉ် အိမ်ထောင်ကျပါက ကလေးများတွင်လည်း အသက်ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ကျနိုင်ချေများပြီး မိခင်၏အိမ်ထောင်ရေးသည် ယခုထိ တည်မြဲနေကြောင်း တွေ့ရှိရသည်။ သုတေသ နပညာရှင်များသည် ၁၉၇၉ ခုနှစ် နိုင်ငံလုံးဆိုင်ရာ လူငယ်စစ်တမ်း၏ အချက်အလက်များကို ပြန်လည်လေ့လာ ဆန်းစစ်ခဲ့ကြသည်။ ထို ၁၉၇၉ ခုနှစ် စစ်တမ်းသည် ၁၉၆၄ ခုနှစ်အတွင်း မွေးဖွားသော အမျိုးသားနှင့် အမျိုးသမီးများကို ၁၉၅၇-၁၉၇၉ ခုနှစ် ၎င်းတို့၏ အသက် ၁၄ နှစ်မှ ၂၂ နှစ်အတွင်းရှိသောအရွယ်၌ လေ့လာခဲ့ခြင်းဖြစ် သည်။

ထို့နောက် ၎င်းတို့၏ မွေးဖွားသော သားသမီးများအပေါ် ဆက်လက်လေ့လာခဲ့ပြီး သုတေသနတွင် မိခင် ၂၅၈၁ ယောက်နှင့် သားသမီး ၃၉၁၄ ယောက်ပါဝင်ခဲ့ကြသည်။ တွေ့ရှိချက်တွင် မိခင်သည် ငယ်ရွယ်စဉ် အိမ်ထောင်ကျခဲ့ပြီး မပြိုကွဲခဲ့သော အိမ်ထောင်ရေးဖြစ်ပါက သားသမီးများတွင်လည်း အသက် ၂၀ အရွယ်၌ပင် အိမ်ထောင်ပြုရန် စိတ်အားထက်သန်ကြောင်း တွေ့ရသည်။

အိမ်ထောင်ပြိုကွဲခဲ့သော မိခင်များ၏ သားသမီးများမှာမူ အိမ်ထောင်ပြုသည့် အသက်အရွယ်နောက်ကျ နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ မိသားစုနှင့် အိမ်ထောင်ပြုခြင်းဆိုင်ရာ အမျိုးသားဗဟို၏ အဆိုအရ အမေရိကန်နိုင် ငံသားများ၏ ပထမဆုံးအကြိမ် အိမ်ထောင်ပြုသည့် ပျမ်းမျှအသက်အရွယ်မှာ အမျိုးသားများတွင် ၂၉.၂ နှစ်နှင့် အမျိုးသမီးများတွင် ၂၇.၅ နှစ်ဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် အမေရိကန်နိုင်ငံ၏ အိမ်ထောင်ပြုခြင်း ၅၀ ရာခိုင်နှုန်းမှာ နောက်ပိုင်း၌ကွာရှင်းခြင်းဖြင့် အဆုံးသတ်နေကြောင်းသိရှိရသည်။

Author – Healthcare Journal

READ :   အသက်ကြီးသူများနှင့်စိတ်ရောဂါနှစ်မျိုး

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ