လိင်တံစွပ်ကြက်ပေါင် (ကွန်ဒုံး)

1,536

ရှေးပဝေသဏီမှ ယနေ့အထိ လူတွင်သာမက တိရိစ္ဆာန်များတွင်ပါ
အသုံးများသောနည်းများမှာ ကာမစပ်ယှက်ရာတွင် သုက်ကောင်များကို ယောနိအင်္ဂါ
အတွင်းမဝင်အောင် ပြုလုပ်ခြင်းပင်။ ထိုအထဲမှ ယောကျာၤးအင်္ဂါတွင် စွပ်ပြီးသုံးရ
သော ကွန်ဒုံးအကြောင်း ပြောပြပါ့မယ်။

လိင်တံစွပ်ကြက်ပေါင်သည် ရှည်မျောမျောပုံရှိကာ မမှုတ်ရသေးသော လေပူဖောင်းနှင့်တူသည်။ ကွန်ဒုံးနှင့်ပတ်သက်၍ သိသင့်သမျှ ဖော်ပြပါ့မယ်။

အထိအတွေ့

အသုံးပြုသူ အမျိုးသားများက သဘာဝအတိုင်း ထိတွေ့ သိမှုမရှိဟု
ယူဆကြသည် ။သို့ရာတွင် ပြုလုပ်ထားသော ကြက်ပေါင်များမှာ အလွန်ပါးလွှာ
နူးညံ့ကာ တောင့်နေသော လိင်တံနှင့် ထိကပ်နေရကား အထိအတွေ့တွင် တကယ့်
အထိအတွေ့နှင့် မကွာခြားပေ ။အဓိက စိတ်ကြောင့်သာ ကွာခြားသည်ဟု ထင်မှတ်
ခြင်းပင်။

တချို့က ထိတွေ့မှု ကွာခြားခြင်းမှာ အစွပ်၏ အထူအပါး မတူသော
ကြောင့်ဟု မှတ်ယူကြ၏။ အမှန်မှာ တန်ဖိုးကြီးသည်၊ သေးသည် မဟူ အစွပ်မှန်
သမျှသည် တူတူပင် ။ရောင်းပန်းလှအောင် အပြင်အဆင်၊ ထုတ်ချင်းပေါက် အလင်း
ရောင်မြင်ရမှု တို့တွင်သာ ကွာခြားပေသည်။

ကွန်ဒုံးသုံးလျှင် ယောကျာၤး၏ သုက်ရည်များသည် ယောနိအင်္ဂါအတွင်း
သို့ မဝင်နိုင်သဖြင့် လိင်ဆက်ဆံရာတွင် အမျိုးသမီးအင်္ဂါများ ပွန်းပဲ့တတ်သည် ။ထို့
ကြောင့် မိန်းမကိုယ်တိုင်စိတ်ပါလာမှ ၊ယောနိအင်္ဂါအတွင်းတွင် အရည်များထွက်လာ
ပါမှ ကွန်ဒုံးသုံးလျှင် ပိုသင့်တော်ပေသည်။ ဒါမှမဟုတ် လိင်အင်္ဂါများကို သုတ်လိမ်း
နိုင်သော ချောဆီများ သုတ်လိမ်းနိုင်ပေသည်။

အစွပ်ရွေးချယ်နည်း

အမျိုးအစားညံ့သော၊ ဟောင်းနွမ်းသော၊ ပေါက်ပြဲနိုင်သော ကွန်ဒုံးများကို
ရှောင်ပါ ။အဖိုးကြီးတိုင်းလည်း ကောင်းသည်ဟု မဆိုလိုပါ။ သက်တမ်း ကုန်၊မကုန်
အရင်စစ်ပါ။ ချောဆီ ကျန်၊ မကျန် အထုပ်ကို ဖိကြည့်ပါ၊ အထုပ်တွင်း ချောဆီနည်းနေ
က မသုံးသင့်။ မိမိသုံးမည့် ကွန်ဒုံး အထုတ်တွင် အပေါက် ပါ၊ မပါ နေရောင်တွင်
ထောင်ကြည့်ပါ။ ကွန်ဒုံးတွင် အပေါက် ပါ၊ မပါ နေရောင်တွင် ထောင်ကြည့်ပါ။

အသုံးပြုနည်း
  • အထုတ်ကိုဖောက်ရာတွင် အထဲရှိ ကွန်ဒုံးကို တစ်ဖက်သို့တွန်းဖယ်ကာ ကျန်နေ
    ရာမှ ဖြဲဖောက်ပါ။
  • လိင်တံတောင့်မာလာမှ အစွပ်ကို စွပ်ပါ။
  • မစွပ်မီ အစွပ်ထဲမှ လေများကုန်အောင် လုပ်ပါ။ ဘယ်လိုလုပ်ရမလဲဆိုရင် အစွပ်
    ၏ ထိပ်တွင်ရှိသော အဖူးကလေးကို ဖိပါ။
  • လိင်တံတောင့်မာလာလျှင် လိင်တံ၏ထိပ်မှ အရင်းသို့ ဖြည်းညင်းစွာ စွပ်ချပါ။
  • သုက်ထွက်ခါနီးမှ ကွန်ဒုံးသုံးခြင်းမျိုးသည် စိတ်မချရသဖြင့် လုံးဝရှောင်ကြဉ်ပါ။
  • သုက်ထွက်ပြီးလျှင် ပြီးချင်း လိင်တံ မာတောင့်နေချိန်တွင် ယောနိအတွင်းမှ ထုတ်
    ပြီးနောက် လိင်တံကို အောက်သို့ အနည်းငယ်စိုက်ကာ ကွန်ဒုံးကို ချွတ်ပါ။ ပြီးပြီး
    ချင်း ကွန်ဒုံးမချွတ်ဘဲ အိပ်ခြင်းများရှောင်ပါ။
    အဘယ်ကြောင့်ဆိုသော လိင်တံပျော့သွားသည်နှင့် ကွန်ဒုံးကျွတ်ကာ သုက်ရည်
    များ မိန်းမကိုယ်ထဲ ဝင်သွားနိုင်ပေသည်။ အခန့်မသင့်လျှင် ကွန်ဒုံးပါ ယောနိထဲ
    ကျန်ခဲ့နိုင်သည်။
  • လိင်ဆက်ဆံပြီးနောက် လိင်တံကို သုတ်သော အဝတ်ဖြင့် ယောနိကို မသုတ်သင့်
    ပါ။ အဝတ်တွင်ကပ်ပါလာသော သုက်ပိုးများ မိန်းမကိုယ်ထဲ ဝင်သွားနိုင်ပေသည်။
  • သုံးပြီးသော အစွပ်များကို သေချာ ထုံးချည်ကာ အမှို်က်ပုံးထဲသို့ စနစ်တကျ စွန့်
    ပစ်ပါ ။
အကျိုးကျေးဇူးများ
  • ကလေးမရအောင်တားနိုင်သည်။
  • လိင်ဆက်ဆံပြီးချင်း မိန်းမသည် ယောနိကို ရေဆေးရန်မလိုသဖြင့် စည်းစိမ်
    မပျက် အနားယူနိုင်ပေသည်။
  • လိင်မှတဆင့် ကူးစက်နိုင်သော ရောဂါပိုးများ မဝင်ရောက်နိုင်။
    (ဥပမာ-ကာလာသားပိုး ၊ခုခံအားကျ အိပ်ချ်အိုင်ဗွီ ပိုး)
အပြစ်အားနည်းချက်များ
  • ကြက်ပေါင်နှင့် မတည့်သူများတွင် အဖုအပိမ့် ယားဖုများထွက်နိုင်သည်။
  • မသတီသော မိန်းမများနှင့် အစွပ်သုံး ဆက်ဆံက နှစ်ယောက်စလုံး ကျေနပ်မှု
    ရရန် ခဲယဉ်းတတ်။
  • အမြဲတမ်း စိတ်မလာတတ်သော မိန်းမများတွင် အစွပ်သုံးကာ ဆက်ဆံက
    ယောနိ ပွန်းပဲ့ အနာတရဖြစ်တတ်။
  • ပေါက်တတ်၊ ပြဲတတ် ၊ချောထွက်တတ် ။
    ဆက်ပါဦးမည်။

Author – ခေတ်သစ်ဇီဝက

READ :   မျက်ကပ်မှန်နှင့် ကျန်းမာရေး

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ