ကိုယ်အလေးချိန်မှန်ကန်မှုနှင့် ဆက်ဆံရေးကျေနပ်မှု

239

ကိုယ်အလေးချိန်များခြင်းနှင့် အဝလွန်ကဲခြင်းတို့မှာ ကျန်းမာရေးအတွက် ဆိုးကျိုးများဖြစ်ထွန်းစေ သည်။ ခန္ဓာကိုယ်အလေးချိန်မှန်ကန်အောင် ထိန်းသိမ်းကြစေရန် ဆရာဝန်များကအမြဲမပြတ် အကြံပေးလမ်း ညွှန်လျက်ရှိသည်။ အဝလွန်ကဲမှုသည် ယနေ့အချိန်တွင် ကမ္ဘာအဝှမ်း၌ ကြီးမားသောစိန်ခေါ်မှုကြီးတစ်ရပ် အသွင်ရှိခဲ့သည်။ အဝလွန်ကဲခြင်းကို ကာကွယ်ရန်နှင့် ကုသရန်အတွက် အစားအစာစားသုံးမှုကိုဆင်ခြင်းပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ လုပ်ဆောင်သွားရန်လိုအပ်သည်။

အဝလွန်ကဲမှုကြောင့် နှလုံးသွေးကြောရောဂါ၊ သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါနှင့် ကင်ဆာရောဂါ တချို့ဖြစ်နိုင်ကြောင်း တွေ့ရသည်။ Florido Atlantic University မှ သုတေသနပညာရှင်များက အဝလွန်ကဲမှု နှင့်ပတ်သက်ပြီး အမျိုးသားနှင့် အမျိုးသမီးတို့ဆက်ဆံရေးအပေါ် လွှမ်းမိုးမှုအကြောင်း လေ့လာဆန်းစစ်ခဲ့ကြ သည်။ အဆိုပါ သုတေသနတွင် ဘွဲ့ကြိုကျောင်းသူကျောင်းသားပေါင်း ၄၀၀ ခန့်ပါဝင်ခဲ့သည်။

မိမိခန္ဓာကိုယ်အပေါ် ကိုယ်တိုင်လက်ခံ သိရှိနားလည်နိုင်မှုနှင့် ဆက်ဆံမှုအပေါ်ကျေနပ်မှုတို့ ဆက်နွယ် မှုရှိကြောင်းတွေ့ရသည်ဟု ဆိုသည်။ အဝလွန်ကဲသူများသည် ဆက်ဆံမှုအပေါ် ကျေနပ်မှုနည်းကြောင်းတွေ့ရ သည်။ ကြွက်သားပမာဏများခြင်း More Muscle နှင့် ကိုယ်အလေးချိန်နည်းခြင်း Lose Weight တို့ပိုင်ဆိုင်ပါ က ဆက်ဆံမှုအပေါ်ကျေနပ်မှုပိုမိုရနိုင်ကြသည်။

ကြွက်သားပမာဏများသော ကြွက်သားသန်မာသော အမျိုးသားများ Muscular men သည် တခြားအမျိုးသားများထက် ကျေနပ်မှုကိုပိုရနိုင်သည်။ အမျိုးသမီးတို့၏ဆက်ဆံမှုအပေါ် ကျေနပ်မှုမှာလည်း ခန္ဓာကိုယ်အလေးချိန်နည်းခြင်းနှင့် ဆက်နွယ်နေပြီး အဓိကသော့ချက်တစ်ခုဖြစ်သည် ဟုဆိုပါသည်။

လူတို့၏ ခန္ဓာကိုယ်အလေးချိန်ကို ခန္ဓာကိုယ်ထုထည်အညွှန်းကိန်း BMI (Body Mass Index) နှင့်တိုင်း တာလေ့ရှိသည်။ ခန္ဓာကိုယ်ထုထည်အညွှန်းကိန်းမှာ ခန္ဓာကိုယ်အလေးချိန် (ကီလိုဂရမ်) အားအရပ်အမြင့် (မီတာ) နှစ်ထပ်ကိန်းဖြင့် စား၍ရသော ရလဒ်ဖြစ်သည်။ ခန္ဓာကိုယ်ထုထည် အညွှန်းကိန်းနည်းသော အမျိုးသမီး များသည် ခန္ဓာကိုယ်ထုထည် အညွှန်းကိန်းများသော အမျိုးသမီးများထက် မိမိကိုယ်မိမိယုံကြည်မှုပိုမိုရှိကြသည်။ မိမိကိုယ်မိမိ ယုံကြည်မှုရှိခြင်းသည် အမျိုးသားနှင့်အမျိုးသမီးဆက်ဆံရေးကို မြှင့်တင်ပေးနိုင်သော အဓိကအ ကြောင်းဖြစ်သည်ဟု သုတေသနပညာရှင်များကပြောကြားခဲ့သည်။ ကိုယ်အလေးချိန်နည်းသော အမျိုးသမီးများ သည်ကိုယ်အလေးချိန်များသော အမျိုးသမီးများထက် ပို၍ကျေနပ်မှုရနိုင်ကြသည်။

ခန္ဓာကိုယ်အလေးချိန်မှန်ကန်မှုရှိအောင် ထိန်းသိမ်းကြခြင်းသည် လူတို့၏အထွေထွေကျန်းမာရေးကို သာမက၊ အမျိုးသားနှင့်အမျိုးသမီးတို့၏ ဆက်ဆံရေးကိုလည်း မြှင့်တင်ပေးနိုင်ကြောင်းတင်ပြလိုက်ရပေသည်။

Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

-- Advertisement --

ဆက်စပ် ဆောင်းပါးများ

Comments

Loading...

Subscribe To Our Newsletter

Join our mailing list to receive the latest news and updates from our team.

You have Successfully Subscribed!