သားအိမ်ခေါင်းအပိတ် (Diaphragms)

1,212

အမျိုးသားတို့၏ သုက်ပိုးနှင့် အမျိုးသမီးတို့၏ မမျိုးဥတို့ မဆုံတွေ့
အောင် တားဆီးနိုင်တဲ့ နောက်ထပ်နည်း တစ်နည်းကို ယခုဆောင်းပါးမှာ ပြောပါ့
မယ်။ ဒီနည်းကတော့ သားအိမ်ခေါင်း အပိတ် (Diaphragm) သုံးကာ တားနည်း
ပင်။

သားအိမ်ခေါင်း အပိတ်သည်လည်း ကြက်ပေါင်နှင့်ပင် ပြုလုပ်ထား၏။
ပတ်ပတ်လည် တွင် သတ္တုကွင်းတစ်ခုရှိ၏။ ထိုကွင်းဖြင့် သားအိမ်ခေါင်းကို ပိတ်ခြင်း
ဖြစ်၏။ သားအိမ်ခေါင်း အပိတ် အရွယ်မှာ ၂ ဒဿမ ၇လက်မ မှ ၃ ဒဿမ ၃လက်မ
အထိ အရွယ်အစား အမျိုးမျိုး ရှိသည်။ မိမိနှင့် သင့်တော်ရာ ရွေးကာသုံးသင့်၏။

အသုံးပြုနည်း

မိမိ၏ သားအိမ်ခေါင်းကို ကွက်တိ စွပ်နိုင်ဖို့လို၏ ။ထို့ကြောင့် ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းမျာ ၊ဆရာဝန်များ၏ ညွှန်ကြားပြသမှု လို၏။

  • သားအိမ်ခေါင်း အပိတ်ကို လိင်မဆက်ဆံမီ တွင် စွပ်ခြင်းထက်စာလျှင် အချိန်
    တော်တော်ကြာကပင် ကြိုတင် စွပ်သင့်သည်။ ကပ်ပြီးစွပ်ခြင်းသည် နှစ်ယောက်
    စလုံး အတွက် စိတ်အနှောင့်အယှက် ဖြစ်နိုင်သည်။
  • အပိတ်ကို မစွပ်မီ ကလေးမရနိုင်စေသော အကျိအချွဲအရည် (spermicide)
    သုတ်လိမ်းရမည်။
  • လိင်ဆက်ဆံပြီးချင်း အပိတ်ကို ဖြုတ်မပစ်ရ ။အကယ်၍ဖြုတ်ပစ်ပါက ယောနိ
    အင်္ဂါနံရံတွင် ကပ်နေသော သုက်ကောင်များသည် သားအိမ်တွင်းသို့ ဝင်
    ရောက်ကာ မမျိုးဥနှင့် မျိုးစပ်သွားနိုင်၏။
  • နောက်တစ်ရက် ကြာမှသာ အပိတ်ကို ဖြုတ်ပစ်ရမည် ။ဖြုတ်ပြီးသည်နှင့် ရေ
    ခပ်နွေးနွေးဖြင့် ဆပ်ပြာနဲ့ မိန်းမကိုယ် ၊ယောနိအတွင်းအပြင် အပိတ်ကိုလည်း
    ဆေးကြောပါ ။နောင်လိုအပ်လျှင် ပြန်သုံးနိုင်ပေသည်။
သားအိမ်ခေါင်း အပိတ် မသုံးနိုင်သူများ

သားအိမ်ခေါင်း အပိတ်များကို အမျိုးသမီးတိုင်း အသုံးမပြုနိုင်။ အထူးသဖြင့်
သားအိမ်လျှောသူများ ၊သားအိမ်ခေါင်းတွင် အနာရှိသူများ ၊သားအိမ်ခေါင်းနောက်
လှန်နေသူများ ၊မီးဖွားပြီးစ အမျိုးသမီးများတွင် မသုံးသင့်ပေ။
ထို့ကြောင့် တတ်ကျွမ်းသူ ကျန်းမာရေးဝန်ထမ်းများ ၊သူနာပြုများ ၊ဆရာဝန်
များနှင့် တိုင်ပင်ပြီးမှသာ အသုံးပြုသင့်သည်။

အပြစ် အားနည်းချက်များ
  • ကြက်ပေါင်နှင့် မတည့်သူများတွင် အဖုအပိမ့် ယားဖုများထွက်နိုင်သည်။
  • ယောနိအင်္ဂါ လောင်တတ် ၊ အနာဖြစ်တတ်ပေသည်။

ဆက်ပါဦးမည်။

Author – ခေတ်သစ်ဇီဝက

-- Advertisement --

ဆက်စပ် ဆောင်းပါးများ

Comments

Loading...

Subscribe To Our Newsletter

Join our mailing list to receive the latest news and updates from our team.

You have Successfully Subscribed!