ရင်တုန်ခြင်း

48

ရင်တုန်တယ်ဆိုတာ လူတော်တော်များများ ကြုံဖူးတတ်ကြပါတယ်။
ရင်တုန်တယ်ဆိုတာ ဘာပါလဲ။ အဓိကကတော့ ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်သတိထားမိတာပါ။ သာမန်အချိန် ဆိုနှလုံးခုန်သံကို သိပ်သတိမထားမိတတ်ဘူး။ ဒါပေမယ့် အိပ်တဲ့အခါ စောင်းအိပ်ရင်ခေါင်းအုံးနဲ့နားကပ်နေရင် ကိုယ့်နှလုံးခုန်သံကို ကြားနေရတယ်။ အဲလိုခံစားမှုမျိုးကို ပြောတာပါ။

ရင်ခုန်တယ်ဆိုတာ နှလုံးခုန်မြန်တာလည်းဖြစ်နိုင်တယ်။ နှေးတာလည်းဖြစ်နိုင်တယ်။ တစ်ခါတစ်လေမှဖြစ်တာ လား၊ တောက်လျှောက်ဖြစ်တာလား၊ တစ်ချက်တစ်ချက်မှဖြစ်တာလား စသဖြင့်သိနေရင်ပိုကောင်းပါတယ်။
ရင်တုန်တယ်ဆိုရင် ဘယ်လိုအချိန်ဖြစ်တတ်လဲ ဆိုတာလည်းသိဖို့လိုပါတယ်။ စိတ်လှုပ်ရှားခြင်း၊ ကြောက်လန့် ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ကော်ဖီသောက်ခြင်း၊ စိတ်ကြွဆေးများသုံးစွဲခြင်း၊ လေ့ကျင့်ခန်းများစွာလုပ်ထားခြင်းလည်း ဖြစ်နိုင်ပါတယ်။

ရင်တုန်တဲ့အခါ အခြားဘာတွေခံစားရလည်းဆိုတာလဲ သိဖို့လိုပါတယ်။ ရင်ဘတ်အောင့်တာ၊ မောတာ၊ ခေါင်းမူး တာ၊ ချွေးစေးပြန်ပြီး ကတုန်ကရင်ဖြစ်တာတွေ၊ ကိုယ်အလေးချိန်ကျတာတွေ၊ ပူရှိန်းရှိန်းဖြစ်ပြီး ဝမ်းလျှောနေတာ တွေ၊ ခေါင်းကိုက်ပြီး ဖြူဖတ်ဖြူလျှော်ဖြစ်တာတွေ ရှိမရှိသတိထားပါ။

ရင်တုန်တာက အသက်အရွယ်ပေါ်လည်းမူတည်ပါတယ်။ မိသားစုထဲမှာ နှလုံးရောဂါဖြစ်တဲ့သူရှိလား သိဖို့လိုပါ တယ်။ နှလုံးသွေးကြောကျဉ်းတစ်မျိုးတည်း မဟုတ်ပါဘူး။ နှလုံးခုန်မမှန်တာမျိုး ရှိခဲ့ရင်ပိုအရေးကြီးပါတယ်။ ကိုယ်ကိုယ်တိုင်မှာ နှလုံးနဲ့ပတ်သက်ပြီး တစ်ခုခုဖြစ်ဖူးခဲ့ရင်လည်း အရေးကြီးပါတယ်။ တချို့သောသောက်ဆေး များကြောင့်လည်း ဖြစ်တတ်ပါတယ်။
အကောင်းဆုံးကတော့ ရင်တုန်တဲ့အခါ နှလုံးကို ECG ဆွဲထားပါ။ ဖြစ်နေတုန်းဆွဲရင် ပိုသိနိုင်ပါတယ်။ တချို့က ဖြစ်လိုက်ပျောက်လိုက်ဆိုရင် ကောင်းတဲ့အချိန်ဆွဲရင် ဘာမှမတွေ့ရတာလဲရှိပါတယ်။

ရင်တုန်တယ်ဆိုတာနဲ့ အသက်ရှု ရင်တုန်တဲ့ပုံစံ၊ အခြားခံစားရတဲ့ရောဂါလက္ခဏာတွေ၊ အရင်ကဖြစ်ဖူးခဲ့တဲ့ရော ဂါတွေ၊ မိသားစုမှာဖြစ်ဖူးထားတဲ့ရောဂါတွေ၊ စွဲသောက်နေရတဲ့ဆေးတွေစသဖြင့် မူတည်ပြီး ဖြစ်နိုင်တဲ့ရောဂါ တွေကိုရှာရပါတယ်။ တခြားစစ်ဆေးမှုတွေလည်း လိုတတ်ပါတယ်။

အချုပ်ပြောရရင် ရင်တုန်တယ်ဆိုတိုင်း နှလုံးရောဂါမဟုတ်ပါဘူး။ တခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်တယ်။ စိတ်ခံစားမှုကြောင့်လည်း ဖြစ်နိုင်တယ်။ ခဏခဏဖြစ်နေတတ်ရင်တော့ ဘာကြောင့်ဆိုတဲ့အကြောင်းရင်းကို သေသေချာချာရှာဖွေကုသဖို့ လိုပါတယ်။

Author – Dr. CST

READ :   အဆစ်နာခြင်း

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ