အအေးမိနှာစေးခြင်း (Common Cold)

146

ရာသီဥတုအပြောင်းအလဲမှာ အအေးမိနှာစေးခြင်းဖြစ်တယ်။ ဦးစွာချမ်းစိမ့်စိမ့်ဖြစ်ရာမှ နှာချေ၊ နှာရည်ယို၊ ခေါင်း အံ၊ု ခေါင်းကိုက်ကာ ကိုယ်အနည်းငယ်ပူလာတယ်။ နှာစေးခြင်းဟာ အသေးအဖွဲရောဂါ လက္ခဏာတစ်ရပ်ဖြစ် တယ်။ နောက်ဆက်တွဲ ဒုက္ခပေးနိုင်တဲ့ရောဂါဆိုးများလည်း ရှိပါတယ်။

နှာစေးခြင်းသဘာဝအရ ရာသီဥတုဖောက်ပြန်ရင် အအေးမိနှာစေးတယ်လို့ ယူဆတတ်တယ်။ ရာသီဥတုကိုသာ အပြစ်ဖို့လေ့ရှိတယ်။ အချိန်ကာလ ယန္တရားဟာမှန်မှန်လည်ပတ်နေတဲ့ အားလျော်စွာသူ့ရာသီနဲ့သူ ဖြစ်ပေါ် ပြောင်းလဲခြင်းဖြစ်တယ်။ လူတို့ရဲ့ ဂရုမစိုက်ပေါ့ပေါ့ဆဆနေမှု၊ ကိုယ်တွင်းခုခံစွမ်းအားပေါ်မူတည်တယ်။

အအေးမိနှာစေးခြင်းဟာ ရာသီဥတုအပြောင်းအလဲ၊ ပတ်ဝန်းကျင်အခြေအနေ၊ ကျန်းမာရေးအလေ့အကျင့်၊ ကိုယ်တွင်းခုခံမှုစွမ်းအင်နဲ့ အသက်ရှုလမ်းကြောင်းတစ်လျောက် အမြှေးများရဲ့အားနည်းမှုအပေါ်မူတည်တယ်။ ရောဂါပိုးဟာ ပင်လယ်ပြင်ထဲမှလူဖြစ်နေတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါပိုးများဟာ ပတ်ဝန်းကျင် လေထုထဲ ဝိုင်းဝိုင်းလည်လျက်လူတို့ရဲ့ ခန္ဓာကိုယ်တွင်းကိုဝင်ရောက်ဖို့ အခွင့်အလမ်းကောင်းစောင့်လေ့ရှိတယ်။ အခွင့်အလမ်းရပါက နှာစေးချောင်းဆိုးခြင်းဖြစ်ပေါ်လာလေ့ရှိတယ်။

နှာခေါင်းအတွင်းရှိ အမြှေးပါးဟာပတ်ဝန်းကျင်ရဲ့ အပူချိန်၊ စွတ်စိုမှု၊ ဖုန်မှုန့်၊ နေရောင်ခြည်၊ လေတိုက်ခြင်းတို့ကို တုံ့ပြန်လွယ်လို့လူတိုင်း မကြာခဏ နှာစေးနှာမွှန်လေ့ရှိကြတယ်။ နှာစေးနှာမွှန်တဲ့အခါ နှာခေါင်းအတွင်းရှိ အမြှေးပါးများ ရောင်ယမ်းပြီးအရည်များနဲ့ဖုံးအုပ်နေလို့ နှာခေါင်းအတွင်းရှိအာရုံခံဆဲလ်များ အနံ့ကောင်းကောင်း လက်မခံနိုင်လို့ ဂန္ဓအာရုံထိခိုက်လေ့ရှိတယ်။
နှာစေးခြင်းအကြောင်းရင်းများအနက် အများဆုံးမှာဗိုင်းရပ်စ်ရောဂါပိုးကြောင့်ဖြစ်တဲ့ အအေးမိနှာစေးခြင်းဖြစ် တယ်။ မိုးဦးကျကာလပတ်ဝန်းကျင်မှာ အလွန်ပူရာမှ အေးလာတဲ့အချိန်မှာ မိုးမိရင် (သို့) မိုးရွာခြင်းမှ အအေး ဓာတ်ရပြီး၊ လူကအမှတ်တမဲ့ ပေါ့ပေါ့ဆဆနေမိရင် ကိုယ်တွင်းခုခံမှုစွမ်းအင်နည်းနေစဉ် အအေးမိနှာစေးခြင်းဖြစ် ပေါ်လာတယ်။

နှာစေးခြင်း၊ နှာချေခြင်း၊ နှာရည်ယိုခြင်း၊ အာခေါင်ပူခြင်း၊ ဇက်လေး၊ ခေါင်းအုံခြင်းတို့ ဆက်ပြီးဖြစ်လာလေ့ရှိ တယ်။ ယင်းအချိန်မှာ ကိုယ်ခန္ဓာလှုပ်လှုပ်ရှားရှားနေစဉ် ချွေးထွက်သွားပြီးနော်က ဂရုတစိုက်အနားယူသင့် တယ်။ အအေးမိခြင်း၊ အပူရှပ်ခြင်း၊ တစ်ခုခုနဲ့ဓာတ်မတည့်ခြင်း၊ ဖုန်ထူတဲ့နေရာသွားပြီး လေစိမ်းတိုက်ခံအပြီး ကာလနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတချို့၊ ဥပမာ – လည်ချောင်းနာခြင်း (Pharyngitis) စတာတွေ မှာနှာစေးလေ့ရှိတယ်။ ကလေးငယ်တွေမှာ ဝက်သက်ထွက်ခါနီး နှာမွှန်နှာစေးလေ့ရှိတယ်။ စိတ်ဖိစီးမှုကြောင့် လည်း အလိုလိုနှာစေးခြင်းဖြစ်နိုင်တယ်။

မူးယစ်ထုံထိုင်းဘေးဖြစ်စေတဲ့ ဆေးစွဲသူများမှာ ဆေးမမှီဝဲတဲ့အခါ၊ ဆေးပြတ်တဲ့အခါ၊ အခြားလက္ခဏာတွေနဲ့အ တူနှာစေးလေ့ရှိတယ်။ ပြင်းထန်စွာငိုကြွေးပြီးတဲ့အခါ၊ အလွန်အမင်းဝမ်းသာအားရ ရယ်မောပြီးတဲ့အခါ ခေတ္တ ခဏနှာရည်ယိုနှာစေးလေ့ရှိတယ်။
နှာစေးခြင်းရဲ့ နောက်ဆက်တွဲအန္တရာယ်မှာ နှာစေးခြင်းကို ဂရုမစိုက်ပေါ့ပေါ့ဆဆနေမိပါက နှာစေးရာမှတစ် ဆင့်ပိုမိုဆိုးရွားတဲ့ အန္တရာယ်များဖြစ်စေတဲ့ လည်ချောင်းနာခြင်း၊ အဆုတ်အအေးမိခြင်း၊ အဆုတ်လေပြွန်ရောင် ခြင်း၊ နှာခေါင်းမှပြည်ထွက်ခြင်း၊ ထိပ်ကပ်နာ (Sinusitis)၊ လေးဘက်နာ (Rheumatic Fever)၊ ကျောက်ကပ် ရောင်ခြင်းတို့ဖြစ်လာနိုင်ပါတယ်။ အဖြစ်များတဲ့လေးဘက်နာရောဂါဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဖြစ်များတယ်။ မြန်မာနိုင်ငံမှာအဖြစ်များဆုံး နှလုံးရောဂါမှာ လေးဘက်နာကြောင့်ဖြစ်တဲ့ လေးဘက်နာလွန်နှလုံးရောဂါဖြစ် တယ်။ အအေးမိနှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ ပချိတ်ရောင်ခြင်း စတဲ့အာဂန္တုရောဂါငယ်များမှာ ယင်းရောဂါမှ အစပြုလာတယ်။ နှာစေးရာမှတစ်ဆင့် အချို့ဘက်တီးရီးယားရောဂါတစ်မျိုး (Streptococcus) ကိုယ်တွင်းဝင် ရောက်ပေါက်ဖွားပြီး နောက်ဆက်တွဲအန္တရာယ်များဖြစ်ပေါ်လာတတ်တယ်။

ကိုယ်လက်အဆစ်အမြစ်များ တစ်နေရာမှတစ်နေရာကို ပြောင်းရွှေ့ကိုက်ခဲလို့ရောင်ခြင်း၊ ဖျားခြင်းကိုအစပြုခဲ့ပြီး ထိထိရောက်ရောက်မကုနိုင်ရင် နောက်ဆုံးနှလုံးလွှာအသီးသီးရောင်တဲ့ လေးဘက်နာလွန်နှလုံးရောဂါဖြစ်လာ တယ်။ နှာစေးခြင်းမဖြစ်ဖို့ ရာသီဥတုကိုအပြစ်ဖို့ မနေသင့်ပါ။ ကိုယ်တွင်းခုခံမှုစွမ်းအင်ကို မြှင့်တင်ပြီး၊ မှန်ကန်တဲ့ ကျန်းမာရေးအလေ့အကျင့်များနဲ့ ကျင့်ကြံနေထိုင်ရမှာဖြစ်ပါတယ်။ သဘာဝကိုယ်တွင်းခုခံမှု စွမ်းအင်မြင့်တက် လာစေဖို့ အသား၊ ကြက်ဥ၊ ဘဲဥ၊ နို့ (သို့) ပဲအမျိုးမျိုး၊ လက်ဆတ်သန့်ရှင်းတဲ့ ဟင်းသီးဟင်းရွက်များစားခြင်း၊ နေ့ စဉ်ကိုယ်လက်လှုပ်ရှားမှု နာရီဝက်မှ တစ်နာရီ (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး) ခြင်းပြုလုပ်ခြင်း၊ တစ်ကိုယ်ရေကျန်းမာရေးနှင့် ပြည့်စုံအောင်နေထိုင်ခြင်းတို့လိုအပ်ပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းရေးဆိုရာမှာ နေ့စဉ်ရေနှစ်ကြိမ်ချိုးခြင်း၊ ရေချိုးစဉ်ကိုယ်တိုက်ဆပ်ပြာသုံးခြင်း၊ အဝတ်အ စားမှန်မှန်လျှော်ခြင်း၊ ဆံပင်သန်းမစွဲအောင်ထားရှိခြင်း၊ သွားတစ်နေ့နှစ်ကြိမ်တိုက်ခြင်း၊ မျက်စိများမျက်ချေးမ ထွက်ဖို့၊ နှာခေါင်းနှာရည်မယိုဖို့၊ ချောင်းဆိုးရင်လက်ကိုင်ပဝါအုပ်ဆိုးဖို့ အထိပါဝင်ပါတယ်။

မှန်ကန်တဲ့ကျန်းမာရေးအလေ့အကျင့်များမှာ နှာစေးခြင်းရဲ့နောက်ဆက်တွဲ အန္တရာယ်များဟာလူသားတို့အပေါ် အလွန်ဒုက္ခပေးနိုင်တဲ့ ရောဂါဆိုးများဖြစ်လေရာ နှာစေးခြင်းမဖြစ်စေဖို့၊ မှန်ကန်တဲ့ကျန်းမာရေးလေ့ကျင့်မှုများဖြစ် အောင်အောက်ပါအချက်အလက်တွေကို လိုက်နာသင့်ပါတယ်။

  1. အပြင်ထွက်ရင် နေပူခြင်း၊ လေတိုက်ခြင်း၊ ဖုန်ထူခြင်း၊ မိုးရွာခြင်းတို့ကို ဂရုပြုသင့်ပါတယ်။
  2. မိုးမိရင် ရေစိုအဝတ်များ ကိုယ်ပေါ်မှာကြာမြင့်အောင်မထားဘဲ အဝတ်အမြန်လဲပြီး ခန္ဓာကိုယ်ကိုခြောက်သွေ့ အောင် နွေးနွေးထွေးထွေးထားရှိရပါမယ်။
  3. လူနေထူထပ်တဲ့ နေရာတွေ၊ ပွဲလန်းသဘင်တွေ အသွားအလာဆင်ခြင်သင့်ပါတယ်။
  4. တစ်ကိုယ်ရေသန့်ရှင်းရေးရှိရမယ်။ နှာစေးရင်၊ ချောင်းဆိုးရင်၊ လက်ကိုင်ပုဝါသုံးပြီး လူနေထူထပ်တဲ့ ရုပ်ရှင် ရုံ၊ ဘတ်စ်ကား၊ ပွဲလန်းသဘင်၊ ဈေးတို့ကို အထူးဆင်ခြင်ပြီးသွားသင့်ပါတယ်။
  5. တံတွေးကို အရမ်းမဲ့စွန့်ပစ်ခြင်း မပြုသင့်ပါဘူး။
  6. နှာစေးသူများနဲ့ တတ်နိုင်သမျှ နီးနီးကပ်ကပ်မနေသင့်ပါဘူး။
  7. နေ့စဉ်သင့်တင့်မျှတပြီး မှန်ကန်တဲ့ ကိုယ်လက်လှုပ်ရှားမှု (အပြေး၊ လမ်းလျှောက်၊ ရေကူး၊ ဆက်ဘီးစီးခြင်း များ) တစ်နာရီ (သို့) နာရီဝက် လုပ်ဆောင်ဖို့လိုပါတယ်။
  8. နှာစေးခြင်း၊ နှာချေခြင်း အနည်းငယ်ချောင်းဆိုးခြင်း ဖြစ်ပေါ်လာရင် တစ်ရက်နှစ်ရက်အနားယူရမယ်။
  9. အနားယူပေမယ့် အသက်သာရင်မိသားစု ဆရာဝန်နဲ့ပြသပြီး၊ တိကျသေချာတဲ့ ဆေးကုထုံးကိုခံယူပြီးရောဂါ ပျောက်ကင်းမှ မူလလုပ်ဆောင်နေကျအလုပ်များကို လုပ်ဆောင်သင့်ပါတယ်။

နှာစေးခြင်းမဖြစ်စေဖို့ ရာသီဥတုကိုအပြစ်မဖို့ဘဲ ကိုယ်တွင်းခုခံအားစနစ်မြှင့်တင်ပေးပြီး မှန်ကန်တဲ့ကျန်းမာရေး အလေ့အကျင့်များနဲ့ နေထိုင်တတ်ဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာအဖြစ်များတဲ့ နှလုံးရောဂါမှာ လေးဖက်နာရောဂါ ကြောင့်ဖြစ်တဲ့ လေးဘက်နာလွန်နှလုံးရောဂါ (Rheumatic Fever) ဖြစ်ပြီး စထရပ်ကိုကော့ကပ် (Streptococcus) ဘက်တီးရီးယားကိုသေသေချာချာ ပျောက်ကင်းအောင်မကုလို့ သွေးထဲဝင်ရောက်ရာမှ လေးဘက်နာဖြစ်ခြင်း၊ နှလုံးရောဂါဖြစ်ရခြင်းတို့ ဖြစ်ပါတယ်။

Author – ဒေါက်တာလွင်သန့်

-- Advertisement --

ဆက်စပ် ဆောင်းပါးများ

Comments

Loading...

Subscribe To Our Newsletter

Join our mailing list to receive the latest news and updates from our team.

You have Successfully Subscribed!