ငွေစက္ကူမှဘဏ်ဝန်ထမ်းများနှင့် ပြည်သူများရနိုင်တဲ့ရောဂါအန္တရာယ်

72

ငွေစက္ကူစတင်ပေါ်ပေါက်လာကတည်းက ကြားခံရောင်းဝယ်ရေးကိရိယာအဖြစ် အသုံးပြုကြတယ်။ ဆင်းရဲချမ်းသာ၊ ကလေးလူ ကြီးမရွေး နေရာအနှံ့တွင်ကျယ်စွာ သုံးစွဲလာကြတယ်။ ငွေစက္ကူတစ်ရွက်ရဲ့ မျှော်မှန်းသက်တမ်း ဘယ်နှစ်နှစ်လဲ။ အချို့က ၁၀ နှစ်၊ အချို့က ၅ နှစ်သက်မှတ်ကြတယ်။ အမေရိကန်ဒေါ်လာတစ်ရွက်ကို ကမ္ဘာအနှံ့သယ်ဆောင် ဖြန့်ချီရာမှာ အချို့ရေစို၊ အရောင်စွန်းထင်းလို့ ငွေလဲကောင်တာက ငွေပြန်မလဲပေးတဲ့အချိန် သက်တမ်းကုန်ပြီလို့ ယူဆမှာလား။ နောက်ဆုံးတီထွင် ထားတဲ့ ငွေစက္ကူတွေမှာ ပလပ်စတစ်ပါဝင်ကြလို့ ငွေ စက္ကူရဲ့သက်တမ်းပိုမိုကြာရှည်သုံးလာကြတယ်။ ပိုပြီးကိုင်ဆောင်တဲ့လက် တွေများလာလေ၊ ရောဂါပိုးဝင်ရောက် နိုင်မှုများလေပါပဲ။ အထူးသဖြင့် ဘဏ်ဝန်ထမ်းငွေရေစက်တာဝန်ကျသူတွေအနေနဲ့ မိနစ် စက္ကန့်တိုင်းစက်က ရေတွက်နေစဉ် ငွေစက္ကူထဲမှာပါဝင်လာတဲ့ အသက်ရှုသွင်းရာမှ ကူးစက်နိုင်တဲ့ရောဂါတွေ ပျံ့လွင့်နေတာဆင် ခြင်ကြဖို့လိုပါတယ်။

အချို့က အေတီအမ်အလိုအလျောက်ငွေထုတ်စက်စနစ်က ရောဂါပိုပြီးကင်းနိုင်မှန်းသိလို့ ATM စက်ကိုအစားထိုးကြတယ်။ ဘယ် လိုပဲပြောင်းပြောင်း ဆာလာအိတ်နဲ့ထုပ်ပိုးပြီး တစ်နေရာမှတစ်နေရာတင်ပို့နေသမျှ ငွေသယ်ယူလာတဲ့လမ်းကြောင်းတစ်လျောက် ရောဂါမကူးစက်နိုင်တဲ့တိုင် အအုပ်အစည်းထဲမှာပါတဲ့ ငွေစက္ကူအရေအတွက် ရေတွက်တဲ့အခါ၊ ယင်းရောဂါပိုးတွေက အသက်ရှု သွင်းမိရာမှကူးစက်နိုင်တယ်။ “ဒေါင့်သန်း”ရောဂါကူးစက်ခံနေရတဲ့သူက ငွေကိုဘဏ်မှလွှဲပြောင်းဖို့လာရင်၊ ယင်းငွေစက္ကူရေတွက် နေစဉ်အတွင်း “ဒေါင့်သန်း” ပိုးမွှားပါဝင်လို့ ကူးစက်ဖို့လွယ်တယ်။

အမေရိကန်နိုင်ငံသား မစ္စတာဝီလျှံဆမ်တစ်ယောက် “လုပ်ငန်းခွင်ရင်ကျပ်” ရောဂါခံစားနေရတယ်။ သူကငွေစက္ကူရေတွက်တဲ့ စက်ကိုင်တစ်ယောက်ပေါ့။ ငွေစက္ကူရေတွက်ရင်း နှာခေါင်းစည်းမအုပ်မိတဲ့အချိန်တွေများလေ၊ ဆေးခန်းသွားပြီးရင်ကျပ်ရောဂါကု သရလေဖြစ်နေတယ်။ ဆရာဝန်ရဲ့ အကြံပေးချက်အရ နှာခေါင်းစည်းစည်းပြီးရေတွက်ခြင်း၊ ငွေရေတွက်ပြီးလက်ကိုဆပ်ပြာ၊ ရေ တို့နဲ့ စက္ကန့် ၂၀ ကြာဆေးကြောခြင်း လုပ်ဆောင်နိုင်ခဲ့လို့ အခုဆိုရင် ဆေးခန်းသွားရတာနည်းသွားတယ်။ ရောဂါသက်သာလာ တယ်။ ငွေစက္ကူထဲရောနှောပါလာတဲ့ ဖုန်မှုန့်များ၊ ညစ်နွမ်းအမှုန်တွေက ပတ်ဝန်းကျင်ကို လွှင့်ထွက်သွားပြီး အခြားရင်ကျပ်ရောဂါ ရှိသူတွေ ရှုရှိုက်မိမှာစိုးရိမ်စရာပဲဖြစ်တယ်။ သူ့လိုရင်ကျပ်ဖောက်လို့ ဆေးခန်းသွားရဦးမှာ။

စက်နဲ့ရေတွက်ခြင်းဟာ ဘဏ်တိုင်းမှာနေ့တဓူ၀ နာရီမိနစ်တိုင်းရေတွက်နေကြတော့ လေအေးစက်တပ်ထားတဲ့ အခန်းထဲမှာ လွင့် မျောလို့နေတယ်။ ဖြစ်နိုင်ရင် အဲဒီလေကို မရှုရှိုက်မိစေဖို့ လူတိုင်းနှာခေါင်းစည်းတပ်ထားသင့်တယ်။ ပြောရရင်ဘဏ်ထဲမှာ ရောဂါ တွေပျံ့လွင့်ပြီးနေတယ်။ ဒါကို ယနေ့ဘဏ်ဝန်ထမ်းများ ဘဏ်နဲ့မကင်းတဲ့ပြည်သူများ အလေးထားဂရုပြုမိသူနည်းပါးလှပါတယ်။
စက်တွေမပေါ်ခင်လက်နဲ့ ရေတွက်စဉ်ကသည်လောက်ပြဿနာမရှိပေမယ့် စက်ပေါ်လာပြီး ငွေကိုလှုပ်ခါလို့ရေတွက်နေစဉ်မှာ ပိုး မွှားတွေပျံ့လွင့်နေတော့တယ်။ လေအေးစက်မတပ်ထားရင်တော်သေးတယ်။ လေအေးစက်ပါတပ်ထားတဲ့အခါ ယင်းပိုးမွှားတွေ ကအခန်းထဲ၊ ချောင်ကြိုချောင်ကြားမကျန် ပျံ့နှံ့ကာ လူတွေအသက်ရှုမိရင်ကူးစက်သွားတယ်။ တစ်နည်းဆိုရရင် တုပ်ကွေးခံစား နေရတဲ့ ဖောက်သည်တစ်ယောက် လေအေးစက်တပ်ဆင်ထားတဲ့ ဘဏ်တစ်ခုထဲဝင်လာပြီး ချောင်းဆိုး၊ နှာချေလုပ်လိုက်ရုံနဲ့ ပတ်ဝန်းကျင်ပျံ့နှံ့သွားပြီး တုပ်ကွေးဖြစ်ကြရတယ်။ သည်တော့ လေအေးစက်တပ်ထားတာ မှားသလား၊ မှန်သလား ပြန်စီစစ်ဖို့ လိုလာတယ်။ ပတ်ဝန်းကျင် အပူ၊ အအေးရာသီအပြောင်းမှာ ဘယ်သူမဆိုသက်တောင့်သက်သာနေချင်တာ မှန်ပါတယ်။ နေ့စဉ် ဝင်ထွက်မှုများတဲ့ ဘဏ်ဖြစ်လေလေ၊ လေကတစ်ဆင့်ကူးစက်တဲ့နှုန်းပိုများလေလေ ပဲဖြစ်တယ်။

အမှုန်တွေ၊ မမြင်ရတဲ့ပိုးမွှားတွေက အရေပြားယားယံခြင်း၊ နှာချေခြင်း၊ လည်ချောင်းယားခြင်းဖြစ်စေတယ်။ “ဒေါင့်သန်း” (Antrex) ပိုးမွှားက အသက်ရှုလမ်းကြောင်းကတစ်ဆင့် ကူးနိုင်သလို၊ ရာသီပေါ်တုပ်ကွေးဖျားနာမှုက ဘဏ်ထဲရှိလူတွေအသက် ရှုတိုင်း၊ ချောင်းဆိုးနှာချေတိုင်း ကူးစက်နိုင်ပါတယ်။

ဘဏ်ထဲမှာငွေရေစက်မသုံးဘဲ (ယခင်ခေတ်ကလို လက်နဲ့ရေတွက်ရင် ဘယ်သူမှစောင့်နိုင်မှာ) စိတ်ရှည်မှာမဟုတ်လို့ လက် လျော့လိုက်ရတယ်။ သည်လိုဆိုရင် ငွေရေစက်တွေကို ရောဂါမပျံ့လွင့်ဘဲ ရေတွက်နိုင်မယ့်အခန်းပုံစုံပြုလုပ်ထားပြီး ရေတွက်ပြီးမှ တစ်ဖက်က အလိုအလျောက်ထွက်လာတဲ့စနစ်သုံးနိုင်ရင် ရောဂါပျံ့နှံ့မှု၊ ဖြစ်ပွားမှု (၇၅%)လျော့ကျသွားနိုင်တယ်။ နောက်တစ် ချက်က ဘဏ်ကိုလာတဲ့သူတိုင်း ဘဏ်ဝန်ထမ်းတိုင်း နှာခေါင်းစည်းစည်းထားရင် ဒါဟာလည်း ဖောက်သည်ကိုဆွဲဆောင်ရာမ ရောက်နိုင်တဲ့နည်းလမ်းဖြစ်နေတော့ ဘဏ်မန်နေဂျာတွေ သဘောမတူနိုင်ကြဘူး။ သည်တော့နေ့စဉ်လေအေးစက်ပိတ်ပြီးရင် အခန်းထဲကပ်ကျန်ရစ်နေနိုင်တဲ့ တုပ်ကွေးလိုဗိုင်းရပ်စ်ပိုးမွှားတွေကင်းစင်နိုင်တဲ့ နည်းလမ်းနေ့စဉ်လေထုသန့်ရှင်းရေးလုပ်တဲ့ နည်း လမ်းတွေရှာဖို့လိုလာတယ်။

ရေရှည်အားဖြင့် ကွန်ပြူတာအမိန့်ပေးစေခိုင်းတဲ့ စနစ်အစားထိုးပြီး နောက်ပိုင်းမှာ အမှားအယွင်းနည်းပါးလာတာနဲ့အမျှ စက်အ သုံးစရိတ် (မီတာ၊ စက်ပစ္စည်းနဲ့၊ ကွန်ပြူတာစနစ်အတွက်) ဘဏ်တွေငွေအကုန်အကျများလာတာပဲဖြစ်တယ်။ ကွန်ပြူတာစနစ် တောက်လျောက်သုံးသူတွေအနေနဲ့ တစ်နာရီ (၁၀)မိနစ်နားစနစ် (သို့) စက်တစ်လုံးကို နှစ်ယောက်တာဝန်ချပေးတဲ့စနစ် ကျင့် သုံးနိုင်ပါမှ လည်ပင်းကျီးပေါင်းရောဂါ၊ မျက်စိမှုန်၊ မျက်စိနဲ့ဆိုင်တဲ့ရောဂါများမှ ကင်းဝေးနိုင်မယ်။ အအေးခန်းမှာတောက်လျောက် နေလာတော့ အအေးနဲ့ မတည့်သူများ၊ ရင်ကျပ်ရောဂါ၊ ဓာတ်မတည့်ခြင်း၊ ယားနာအင်ပြင်ထွက်ခြင်းဖြစ်နိုင်တယ်။

Author – ဒေါက်တာလွင်သန့်

-- Advertisement --

ဆက်စပ် ဆောင်းပါးများ

Comments

Loading...

Subscribe To Our Newsletter

Join our mailing list to receive the latest news and updates from our team.

You have Successfully Subscribed!