နှင်းခူဘေးဘယာ ဝေးဖို့ရာ

703
နှင်းခူဆိုတာ ဘာပါလဲ။

အများအားဖြင့် အရေပြားခြောက်သွေ့ကာ အပြင်လိုက် မျက်နှာ ၊ခြေ
လက် ၊လက်ကောက်ဝတ် ၊ဦးရေပြား ၊ဒူးနှင့်တံတောင်ဆစ် တို့တွင် တွေ့ရသော
ယားနာအကွက်များကို ခေါ်ပါတယ် ။ယားသဖြင့် ကုတ်ဖဲ့လိုက် ၊အရေပြားတွင် အဖု
အပိမ့်တွေလိုက် ၊အနီပြင်ဖြစ်လိုက် နှင့် တော်ရုံမပျောက်ဘဲ အရေပြားကတစိုစို ဖြစ်

လိုက်နှင့် ကြာသော် အရေပြားကထူလာ မာလာကာ ပြန်မကျက်သည့် အရေပြား
ရောဂါကို နှင်းခူလို့ ဆိုပါတယ် ။အရေပြားအနာက ခြောက်နေလျှင် နှင်းခူအခြောက်
ဟုခေါ်ပြီး စိုနေလျှင် နှင်းခူ အစို ဟုခေါ်နိုင်သည် ။နှင်းခူသည် ကူးစက်ရောဂါ မဟုတ်
ပါ ။ထို့ကြောင့် အတူနေ အတူစားရုံဖြင့် မကူးစက်ပါ ။

နှင်းခူ က ဘာကြောင့် ဘယ်သူတွေမှာ ပိုဖြစ်တတ်လဲ။

ခုထိ ဘာကြောင့် ဖြစ်ရတာလဲလို့ အတိအကျ တော့ မပြောနိုင်သေးပါဘူး ။ဒါပေမယ့် ဖြစ်စေတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ် ။တချို့က မျိုးရိုးအရ ဖြစ်
တတ်တယ်။ သူတို့တွေမှာ နှင်းခူအပြင် ရင်ကြပ်ပန်းနာ ၊ဓာတ်မတည့်ခြင်း တို့နဲ့ပါ
တွဲတွေ့ရတတ်တယ် ။တချို့ကျတော့ အရေပြားကို လာဆွတဲ့ အရာတို့ကြောင့်ဖြစ်
တတ်တယ်။

  • သဘာဝသစ်ပင် ပန်းပင်များ
    အထူးသဖြင့် အမွေးအမှင်ရှိသော သစ်ပင် ပန်းမန် သစ်ရွက်များကြောင့် ပိုဖြစ်
    တတ်တယ်။ တချို့ကတော့ ကြက်သွန်ဖြူ/နီ ၊သစ်တော်သီးခွံ စတာတို့ ထိတာ
    လောက်နဲ့ပင် ယားတတ်၏။
  • ဆေးပစ္စည်းများ
    တချို့သော လိမ်းဆေးများ ၊အထူးသဖြင့် စထရပ်တိုမိုင်စင်ပါသော လိမ်းဆေးတို့
    သည် လူတချို့တွင် ယားယံခြင်းကို ဖြစ်စေ၏။ထို့ကြောင့် အရေပြားယားနာကို ဆရာဝန် ညွှန်ကြားချက်မပါဘဲ မိမိသဘောနဲ့ မလိမ်းသင့်ပေ။
  • အဝတ်အစား အဆင်တန်ဆာ
    အဝတ်တွင် တပ်ဆင်ထားသော နစ်ကယ်လ်ပစ္စည်းများ(ဘော်လီ ၊ဘောင်းဘီတို့
    ရှိ ချိတ်များ ၊ဇစ်များ ) ၊ရာဘာပစ္စည်းများ ၊ဆေးဆိုးပန်းရိုက်ထည်များ ၊အရောင်တင်
    ဓာတုပစ္စည်းများ ၊တချို့ကျတော့ ဖိနပ်ကြိုးနယ်စဉ်ပါလာသော ဓာတုပစ္စည်းတို့
    ကြောင့် အရေပြားယားတတ်၏ ။နားကပ် ၊ဆွဲကြိုးတို့ကြောင့်လည်း ဖြစ်တတ်သည်။
  • အလှကုန်ပစ္စည်းများ
    မျက်နှာလိမ်းဆေး ၊မျက်နှာသစ်ဆေး ၊မိတ်ကပ် ၊နှုတ်ခမ်းနီ ၊ပါးနီ ၊ရေမွှေး ၊ခေါင်း
    လျှော်ရည်၊ဆံပင်ဆိုးဆေးတို့သည် တချို့လူတို့တွင် မတည့်ဘဲ ယားယံတတ်၏။
  • အိမ်သုံးပစ္စည်းများ
    အရောင်တင် ပေါ်လစ်ဆေး ၊ချေးချွတ်ဆေး ၊ဆပ်ပြာမှုန့် ၊ပိုးသတ်ဆေး တချို့
    သည်လည်း ယားယံခြင်းကိုဖြစ်စေ၏။
  • စက်ရုံအလုပ်ရုံ
    အထူးသဖြင့် ဆေးဆိုးပန်းရိုက်လုပ်ငန်း ၊ဘတ်ထရီလုပ်ငန်း ၊သားရေနယ်စက်ရုံ
    အရောင်တင်လုပ်ငန်းတို့တွင် လုပ်ကိုင်သူများ တွင် ပိုဖြစ်တတ်၏ ။
    ရောဂါလက္ခဏာက ဘယ်လိုပြသလဲ။
    ဦးစွာ ထိတွေ့သော အရေပြားတွင် နီပြီး ယားမည်။ ထို့နောက် အရေပြားတွင်
    အဖုအဖိမ့် ပေါ်လာကာ ကုတ်က အရည်တစိုစိုနှင့် ဖြစ်မည် ။ကြာလျှင် အရေပြား
    သည် ခြောက်ပြီး ထူလာ မာလာပေမည်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြမလဲ။

ယားနာမှာ နှင်းခူမှန်းသေချာသလောက်ရှိလျှင် နီးစပ်ရာဆရာဝန်နဲ့
တိုင်ပင်သင့်တယ် ။ဆရာဝန်က လိမ်းဆေး ၊လိုအပ်လျှင် သောက်ဆေးပေးပါလိမ့်
မယ်။

မိမိဘာသာ ဘာလုပ်နိုင်မလဲ။

တစ်နေ့တစ်ခါသာ ရေချိုးပါ။ ဆပ်ပြာအစား မွိုက်ချာရိုက်ဇာ ကိုသာ
သုံးပါ ။ရေချိုးကန်နှင့်စိမ်ချိုးတတ်သူများအဖို့ အရေပြားနူးညံ့စေသော ဆေးရည်
(emollient cream/liquid paraffin) တို့ ထည့်ချိုးပါ ။ရေချိုးပြီးသည်နှင့် မွိုက်ချာ
ရိုက်ဇာ ထပ်လိမ်းပါ ။အဘယ်ကြောင့်ဆိုသော် အရေပြား၏ အစိုဓာတ်ကို ထိန်းထား
ပေးသောကြောင့် ဖြစ်၏။ထို့ကြောင့် အရေပြား ခြောက်သွေ့လာတိုင်းပြန်လိမ်းပေးပါ
။အယားသက်သာစေသည့် လိမ်းဆေး(ကာလာဒရိုင်း)များ ၊သောက်ဆေးများ (ဘာမီ
တွန်) တို့သောက်နိုင်ပေသည်။လက်သည်း ညှပ်ထားပါ။

ဘယ်လို ကာကွယ်မလဲ။

အရေပြားကို ဆွပေးသည့် အထက်တွင်ဖော်ပြထားသော အရာများ ၊လုပ်ငန်းခွင်များကို ရှောင်ပါ ။ရေကို ခဏ ခဏ မချိုးပါနဲ့ ။အသားအရေကို မခြောက်
သွေ့ပါစေနဲ့ ။အသားအလှဆီ၊ မွိုက်ချာရိုက်ဇာကို သုံးပါ ။လက်သည်းကို ပုံမှန်ညှပ်
ပါ ။နေပူထဲမနေပါနဲ့။

READ :   မျက်လုံးက ယားလိုက်တာ ဆရာ

Author – ခေတ်သစ်ဇီဝက

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ