မိတ်ဆွေတစ်ယောက်ဟာမနေ့ကအားကစားရုံမှာအလွန်အကျွံကစားလိုက်လို့ ဒီနေ့သူဟာလှုပ်ရှားရုံ မျှသာလှုပ်နိုင်တယ်။ တကယ်တော့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တဲ့ အချိန်တိုင်း ကြွက်သားတွေကိုဆန့်ထုတ်လိုက်ကြရတယ်။ ဒါပေမယ့် အားစိုက်လွန်းရင် ကြွက်သားအကြောဒဏ်ဖြစ်ပြီး ကြွက်သားမှာ အလွန် သေးငယ်တဲ့ အပေါက်အပြဲဖြစ်သွားတယ်။
တစ်ရက်၊ နှစ်ရက်ကြာတဲ့အခါမှာအဲဒီကနေရောင်ရမ်းလာတယ်လို့ ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာသိပ္ပံပညာရှင်တစ်ဦးကပြောတယ်။ ဒါကြောင့် ကြွက်သားဒဏ်မဖြစ်အောင် ဆရာ ဝန်ထံဆေးအညွှန်းတောင်းပါ။
တချို့သုတေသီတွေကနာကျင်နေတဲ့ကြွက်သာအပေါ် ရေခဲတင်ဖို့ပြောတယ်။ ရေနွေးနဲ့ ရေချိုးတာဟာလည်း ကြွက်သားနာကျင်တာကိုသက်သာစေတယ်လို့ပြောကြတယ်။ သက်သာတာကယာယီသာဖြစ်ပေမယ့် ပိုကောင်းလာတယ်လို့ ခံစားရပါတယ်။
ကြွက်သားတွေ တောင့်တင်းနေရင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကိုမရပ်လိုက်ပါနဲ့။ ဒီနာကျင်တဲ့ အနေအထားမှာပင်ပန်းတဲ့လှုပ်ရှားမှုကိုရှောင်ပြီးသက်တောင့်သက်သာလုပ်ပါ။
ခလက်ဆန့်ခြင်း၊ လမ်းလျှောက်ခြင်းစတဲ့ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေက ကြွက်သားပင်ပန်းမှုကိုမဖြစ်စေဘဲ ကြွက်သားတောင့်တင်းမှုကိုသက်သာစေပါတယ်။
AUTHOR – နှင်းအေးဝေ
Health Care Journal (Vol – 7 / No – 11)