အရွယ်ရောက်သူတိုင်းမှာဟော်မုန်းဓာတ်ပြောင်းလဲမှုကြောင့် ဝက်ခြံတွေထွက်လာတတ်တယ်။ အဆီဂလင်းများမှအဆီထုတ်လုပ်မှုများလာပြီး အဆီဂလင်းရဲ့ထွက်ပေါက်တွေကို ပိတ်ဆို့ရာကနေဖြစ်လာတယ်။ ဟော်မုန်းထုတ်လုပ်မှုနှင့်ဆိုင်တဲ့ဝက်ခြံ
ကို ဟော်မုန်းပြောင်းလဲမှုကြောင့်ပြန်လည်တုန့်ပြန်သောအရေပြားပြဿနာ ဟုခေါ်ဆိုနိုင်ပါတယ်။ဝက်ခြံကို ဝက်ခြံ ၊ အစက်အပြောက်၊ အရေပြားနာ နာမည်အမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ မျက်နှာမှာဖြစ်တက်ပါတယ်။ ခန္ဓာကိုယ်တွင်းအစိတ်အတောက်များလို့ဖြစ်တယ်။
အခြားအကြောင်းအရင်းတွေက ဝမ်းချုပ်ခြင်း၊ မှိုရောဂါပိုးစွဲကပ်ခြင်း၊ အစားအစာဓာတ်မတည့်ခြင်းတွေကြောင့်လည်း
ဝက်ခြံများထွက်လာနိုင်ပါတယ်။
အမျိုးသမီးတွေမှာ ရာသီမလာခင်ဝက်ခြံထွက်လေ့ရှိတယ် ။ အချို့လည်းကိုယ်ဝန်ဆောင်ချိန်မှ ဝက်ခြံထွက်လေ့ရှိတယ်။
ရှောင်ကြဉ်သင့်သောအစားအစာများ
(၁) အရက်နှင့်သကြားများပါဝင်တဲ့အစားအစာများ ဥပမာ လွယ်လင့်တကူအသင့်အမြန်အစားအစာ စနပ် (Snack)များ (ဟမ်ဘာဂါ၊ ဆင်းဒဝစ်၊ပီဇာ၊ အာလူးချောင်းကြော်၊ ကိတ်မုန့် ဘီစကစ် စသည်တို့မှာ အချိုဓာတ် ၊ ဆားနှင့်ပြည့်ဝဆီ (အကြော်ခံဆီ၊ ဆီအုန်းနှင့် ဝက်ဆီတွေများစွာပါဝင်တက်ပါတယ်။
(၂)အဆီနှင့်မလိုင်အပြည့်ပါတဲ့ နို့နှင့် နို့ထွက်ပစ္စည်း (ဒိန်ခဲ၊ နွားနို့)များ ဆီကြော်အစားအစာများ မလိုင်လုံးများရှောင်သင့်ပါတယ်။
စားသင့်သောအစာများ
(၁)ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုမရှိတဲ့နေရာမှထွက်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေများများစားပါ။
(၂)ပဲအမျိုးမျိုးဖြစ်တဲ့ဘိုစားပဲ၊ ပဲပိစပ်၊ ပဲတောင့်ရှည်တို့ဟာခန္ဓာကိုယ်မှဟော်မုန်းထွက်ရှိမှုကို ကူညီတဲ့အတွက်စားပေးသင့်ပါတယ်။
(၃)ပဲပိစပ်နဲ့ပြုလုပ်ထားတဲ့ ပဲပြား၊ တို့ဟူးများကိုစားပေးသင့်ပါတယ်။
(၄)လတ်ဆတ်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များကို ငယ်ရွယ်စဉ်ဆယ်ကျော်သက်အရွယ်ကတည်းက စားတက်တဲ့အကျင့်ဖြစ်အောင်ပြုလုပ်ပြီး ကျွေးမွေးသင့်ပါတယ်။
(၅)နေ့စဉ်ရေသန့် (သို့) ရေကျက်အေး (၂) လီတာ ရေ(၈)ခွက်သောက်ပေးသင့်ပါတယ်။
(၆)နံနက်စာအဖြစ်အမျှင်ဓာတ်များတဲ့ နေကြာစေ့ ၊ ပဲပုတ်စေ့၊ စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ နံနက်စာပေါင်မုန့် ထမင်းတို့စားပေးရမယ်။
(၇)တရုပ်ဇီးသီးခြောက်နဲ့ စွန်ပလွန်သီးခြောက်ကို စားပေးရမယ်။ ဆားမငန်တဲ့ အစေ့အဆန်များကို ပိုမိုစားသုံးသင့်ပါတယ်။
(၈)ဂျုံစေ့ပင်ပေါက်နှင့် ထောပတ်သီးတို့မှာ ဗီတာမင်အီးကြွယ်ဝလို့အရေပြားကိုု ထိန်းသိမ်းစောင့်ရှောက်ပေးသင့်ပါသည်။
ကာကွယ်ကုသနည်းများ
(၁)ဝက်ခြံမပေါက်အောင်ဇင့်ဓာတ်ကို တစ်နေ့(၃၀)မီလီဂရမ် (၃)ကြိမ်သောက်ပေးဖို့လိုပါတယ်။ ဇင့်ဓာတ်ဟာခန္ဓာကိုယ်ရဲ့မျှခြေ ကိုထိန်းသိမ်းပေးနိုင်ပြီးဇင့်(၁၅)မီလီဂရမ်မှာကော့ပါးတစ်မီလီဂရမ်သောက်ပေးရပါမယ်။ ဇင့်ဟာပဋိဇီဝဆေးလိုအာနိသင်ရှိပါတယ်။
(၂)ဗီတာမင်ဘီအုပ်စုနှင့် အခြားဗီတာမင်နှင့်သတ္တုဓာတ်ကို နေ့စဉ်ဖြည့်စွက်စားသင့်ပါတယ်။
(၃)အရေပြားအတွက်ဆိုရင် ဗီတာမင်အေဓာတ်လိုပါတယ်။ အကယ်၍ ကိုယ်ဝန်ဆောင်မဟုတ်ရင်(သို့) ကိုယ်ဝန်ဆောင်ဖို့ပြင်ဆင်
နေချိန်မဟုတ်ရင် နေ့စဉ်ဗီတာမင်အေ (၃၀၀)အိုင်ယူကိုနှစ်လခန့် ဆက်လက်သောက်ပေးရမယ်။
(၄)သဘာဝဗင်တာမင်အီး(၂၀၀) မှ(၄၀၀)I.U အိုင်ယူကိုနေ့စဉ်သောက်ခြင်းက ဝက်ခြံကြောင့်ဖြစ်ပေါ်နေတဲ့ အမာရွတ်များနဲ့အရေပြားအတွက်သင့်လျော်ပါတယ်။
(၅)လက်ဖက်စိမ်းဆီများဟာ ပိုးသတ်စေနိုင်တဲ့အာနိသင်ရှိလို့ နေစဉ်ရေချိုးတဲ့အခါမှာ၎င်း၊ ဆပ်ပြာခရမ်တိုက်ရင်၎င်း၊ ဝက်ခြံရှိတဲ့နေရာလိမ်းပြီးမှရေချိုးသင့်ပါသည်။
(၆)ရှားစောင်းလက်ပတ်ကို ဖျော်ရည်လိုသောက်ပြီး ဂျဲလ်များကိုဝက်ခြံနေရာမှာလိမ်းပေးနိုင်ပါတယ်။
(၇)လေ့ကျင့်ခန်းနေ့စဉ်နာရီဝက်မှတစ်နာရီ (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး၊ ရွရွပြေး)စသည်ဖြင့်မှန်မှန်လုပ်ပေးခြင်း ကပိတ်ဆို့နေတဲ့အဆီအခဲများကိုပျောက်စေပြီး ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်များကိုလည်းချွေးအဖြစ်ဖယ်ထုတ်ပေးပါ
တယ်။
(၈)ဟင်းသီးဟင်းရွက်များများစားပေးသင့်ပါတယ်။ ဟင်းသီးဟင်းရွက်မှာ အမျှင်ဓာတ်ပေါကြွယ်စွာပါရှိလို့ ဝမ်းမချုပ်စေတဲ့အပြင်အဆီအဖြစ်စုဝေးခြင်း အဝလွန်ခြင်းမှကာကွယ်နိုင်တယ်။
(၉) ညအိပ်ချိန် ၊ အစာစားချိန် အလုပ်လုပ်ချိန်မှန်သင့်ပါတယ်။ ပုံမှန်နေ့စဉ်ဝမ်းသွားရပါမယ်။
AUTHOR – ဒေါက်တာလွင်သန့်