အာသီးရောင်ခြင်းကိုကုသခြင်းသာမာန်အပျော့စားအာသီးရောင်ခြင်းများသည်ကုသရန်မလိုအပ်ပဲ ပျောက်ကင်းတတ်ကြသည်။အထူးသဖြင့်ဗိုင်းရပ်စ်ကြောင့်ဖြစ်သောအအေးမိပြီးအာသီးရောင်ခြင်းများသည်သူ့အလိုလိုပျောက်ကင်းသွား လေ့ရှိုကြသည်။
ပြင်းထန်သောအာသီးရောင်ခြင်းများတွင်မူပိုးသတ်ဆေးများပေးခြင်းနှင့် အာသီးခွဲစိပ် ဖြတ်တောက်ခြင်းများ လုပ်ရလေ့ရှိသည်။ ဘက်တီးရီးယားအမျိုးအစားပေါ်လိုက်၍ ပိုးသတ်ဆေးများရွေးချယ်ကုသပေးရသည်။ အဓိကသတိထား သင့်သည်မှာ ဆရာဝန်မှ ပိုးသတ်ဆေးပေးသည့်အခါညွန်ကြားထားသောရက်အထိပြည့်အောင် သောက်ပေးရန် ဖြစ်သည်။အဘယ့်ကြောင့်ဆိုသော်အချို့လူနာများမှာ ရောဂါလက္ခဏာ သက်သာ လာသည်နှင့် ပိုးသတ်ဆေးများ ကိုဆရာဝန်ညွန်ကြားထားသည့်ရက်အထိမသောက်ဘဲမိမိသဘောဖြင့်ရပ်ပစ်လိုက်တတ်ကြသည်။ယင်းမှာအလွန်အန္တရာယ်များပြီးနောက်ပိုင်း၌ ဆေးယဉ်ပါးခြင်းနှင့် နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားရနိုင်သည်။ ပိုးသတ်ဆေးပေးခြင်းအပြင်နောက်တစ်မျိုးမှာ အာသီးကိုခွဲစိပ်ဖြတ်တောက်ခြင်းဖြစ်သည်။ အဆိုပါ နည်းလမ်းကိုမကြာခဏဖြစ်တတ်သောအာသီးရောင်ခြင်းနှင့်နာတာရှည်အာသီးရောင်ခြင်းတွင်အသုံးပြုလေရှိသည်။ထို့အပြင်အခြားနည်းလမ်းများနှင့်ကုသရာ၌မပျောက်ကင်းခြင်း၊ နောက်ဆက်တွဲပြသနာများရှိလာသောအာသီးရောင်ခြင်းများတွင်အသုံးပြုနိုင်သည်။လူနာသည်အာသီးရောင်ခြင်းကြောင့် ရေဓာတ်ဆုံးရှုံးခြင်းလက္ခဏာနာများခံစားရပါက ပုလင်းချိတ် ပေးရန်လိုအပ်ပါသည်။အဖျား၁၀၃ဒီဂရီဖာရင်ဟိုက်အထက်ခြင်း၊ကြွက်သားနာကျင်ခြင်း၊လည်ပင်းတောင့်တင်းခြင်းနှင့်လည်ချောင်းနာခြင်းသည်နှစ်ရက်ကြာသည်အထိမပျောက်ကင်းပါကဆရာဝန်နှင့် ပြသကုသသင့်ပါသည်။ နောက်ဆက်တွဲကျန်းမာရေးပြသနာများနာတာရှည်အာသီးရောင်သူများသည် နောက်ဆက်တွဲ ပြဿနာအဖြစ်၊ ညအိပ်နေစဉ်ရုတ်တရက် အသက်ရှုရပ် တန့်သွားခြင်းကို ခံစားရနိုင်ပါသည်။ ထို့အပြင်ရောဂါပိုးသည် ပိုမိုဆိုးရွားလာကာ အခြားခန္ဓာ ကိုယ်နေရာများသို့ ပျံ့နံ့သွားနိုင်ပါသည်။ အာသီးသည်ရောဂါပိုးကြောင့်ရောင်ရမ်းခြင်းအပြင် ပြည်တည်ခြင်းများလည်းဖြစ်လာနိုင်သည်။ ထိုသို့ အာသီး၌ ပြည်တည်ခြင်းဖြစ်လာပါက စုပ်ထုတ်ရခြင်းနှင့် ခွဲစိပ်ဖြတ်တောက်ရခြင်းများပြုလုပ် ရလေ့ ရှိပါသည်။ ပိုးသတ်ဆေးကို ဆရာဝန်ညွန်ကြားသည့်ရက်အထိ ဆေးပမာဏပြည့်အောင် မသောက်ပါက ဘက်တီးရီးယားပိုး များကို မသေစေနိုင်သည်သာမက နောက်ဆက်တွဲဆိုးကျိုးအဖြစ် အဆစ်မြစ်ရောင်၊ အဖျားရောဂါနှင့် ကျောက်ကပ်ရောင်ရောဂါများဖြစ်လာစေနိုင်သည်။ အာသီးရောင်ခြင်းကို ကိုယ်တိုင်ကုသနိုင်သည့် နည်းလမ်းများ -ရေများများသောက်ခြင်း၊ လုံလောက်စွာ အနားယူခြင်း၊ တစ်နေ့လျှင်အကြိမ်များများဆားရေနွေးဖြင့် ပလုတ်ကျင်းပေးခြင်း၊ လည်ချောင်းနာပျောက်ငုံဆေး များအသုံးပြုခြင်း၊မိမိနေထိုင်သောအိမ်ကိုစိုစွတ်အေးမြသောအပူချိန်ထားပေးခြင်း၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း စသည်တို့ဖြင့် သက်သာအောင်ပြုလုပ်နိုင်ပါသည်။ ကြိုတင်ကာကွယ်ခြင်း အာသီးရောင်ခြင်းသည်ကူးစက်တတ်သောကြောင့် ကူးစက်နိုင်သည့်အခြေအနေများကို ကြိုတင်ကာ ကွယ်ထားသင့်သည်။ ရောဂါပိုးကူးစက်ခံထားရသူများကို ရှောင်ရှားခြင်း၊လည်ချောင်းနာနေသူများ၊ ချောင်းဆိုး နှာချေသူများနှင့် ထိတွေ့မိပါက လက်ဆေးခြင်း၊ မကြာခဏလက်ဆေးသော အလေ့အကျင့် ထားရှိခြင်း၊ ရေခဲရေသောက်ခြင်းကို ရှောင်ကြဉ်ခြင်းနှင့်ခန္ဓာကိုယ်ခုခံအားစနစ် ကောင်းမွန်အောင် ပြုလုပ်နေထိုင် သင့်ပါသည်။
AUTHOR – ဟိန်းဇာနည် (ဆေး – ၂)
#Health Care Journal (Vol: – 7, No – 17)