လေဖြန်းသူများရဲ့ လေဖြန်းခြင်းအကြောင်းအရာအများစုဟာဦးနှောက်သွေးကြောမျှင်များယာယီ သွေးချို့တဲ့မှုကြောင့် ဖြစ်လေ့ရှိတယ်။ပိတ်ဆို့နေတဲ့ သွေးကြောဟာ သွေးတိုးကျဆေးသောက်ခြင်းကြောင့် သွေးဖိအားပိုမိုနိမ့်ကျပြီး သွေးကြောပိတ်ဆို့မှုပိုမိုဆိုးဝါးစေနိုင်တယ်။
ဒါကြောင့် လေဖြန်းရင် သွေးတိုးကျဆေးမသောက်သင့်ပါဘူးသာမန် သွေးကြောမျှင်ငယ်များဦးနှောက်တွင်းပိတ်ဆို့မှုကို သွေးယိုစိမ့်ထွက်တဲ့ လေဖြန်းခြင်းမျိုး ဖြစ်ရင်၊ သွေးတိုးကျဆေးသောက်(သို့) ခြေထိပ်၊လက်ထိပ်(သို့)ခန္ဓာကိုယ်တစ်နေရာရာမှ သွေးဖောက်ထုတ်ပြုလုပ်ပြီးသက်သာစေနိုင်ပါတယ်။ယာယီ သွေးချို့တဲ့မှုကြောင့် လေဖြတ်မှုအတွက်(၃)နာရီအတွင်း သွေးပြန်ကြော၊ သွေးပြန်ကြော၊ သွေးခဲဖတ်ပျော်စေတဲ့ ဆေးများထိုးသင့်တယ်လို့ဆရာဝန်ကဆိုတယ်။ယင်းဆေးထိုးခြင်းနည်းနဲ့သုံးပုံတစ်ပုံရှိတဲ့လူနာများပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်နိုင်တယ်။ သုံးနာရီအတွင်း အချိန်မီကုသပေးမယ်။၇မှ၈ရာခိုင်နှုန်းလူနာများဟာ ဆေးထိုးပြီးနောက်ပိုင်း သွေးယိုစိမ့်မှုဖြစ်တတ်သေးတယ်။သုံးနာရီကျော်လွန်ခဲ့ရင် လေဖြတ်တဲ့ နယ်ပယ် ကျယ်ပြန့်မလာစေဖို့ အက်စပရင် (သို့) သွေးခဲမှု ဆန့်ကျင်တဲ့ ဆေးကို၎င်း သွေးဥမွှားဆန့်ကျင်တဲ့ ဆေးကို၎င်းအသုံးပြုရမယ်။ ယင်းအချိန် သွေးခဲဖတ်ပျော်စေတဲ့ ဆေးကိုသုံးလိုက်ရင် သွေးကြောပိတ်ဆို့မှု ဗြုန်းကနဲပွင့်သွားပြီး သွေးစီးအား ကောင်းလာကာ သွေးကြော ပေါက်သွားနိုင်တယ်။ ဒါကြောင့် ယာယီသွေးချိုတဲ့လို့ လေဖြန်းတဲ့ လူနာဟာ အခြေအနေ ပြန်ကောင်းလာပေမယ့် စိတ်မချရသေးဘူး။ မိသားစုဆရာဝန်နဲ့ အဆက်မပြတ် စစ်ဆေးသင့်တယ်။ လေဖြတ်ခြင်းဖြစ်စေတဲ့အုပ်စုမှာမျိုးရိုးရှိခြင်းအငန်အဆီအဆိပ့်အစားများခြင်း၊ လေ့ကျင့်ခန်း ပုံမှန်မလုပ်ခြင်း၊ အဝလွန်ခြင်း၊ သွေးအတွင်း ကိုလက်စထရောနှင့် ဆိုဒီယမ်၊ ကလိုရိုဒ်သံဓာတ်များခြင်းတို့အပြင် သွေးပေါင်ချိန် ၁၄၀ / ၉၀ မီလီမီတာ ပြဒါးနှင့် အထက်ရှိသူများကို လေဖြတ်နိုင်တယ်တဲ့ သူများ သတ်မှတ်ထားပါတယ်။ အများအားဖြင့် မိသားစု ရာဇဝင်ရှိသူများမှာ လေဖြတ်နိုင်ချေ ပိုများပါတယ်။ ဓာတ်ဆာ၊ သွေးကြောကျဉ်းတာ ကာကွယ်ဖို့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အစာများ စားသုံးသင့်ပါတယ်။ ဘီတာကယ်ရိုတင်း၊ ဗီတာမင်ဒီ၊ ဗီတာမင်အီး၊ ဆယ်လီ နီယမ်၊ သတ္တုဓာတ် ကြွယ်ဝတဲ့အစာတွေဖြစ်ရမယ်။ ပင်လယ်ငါး၊ ဆော်လမွန်၊ တူနာ၊ မက်ကာရယ်၊ ဆာဒင်းငါး စားပေးရမယ်။ ယင်းတို့မှာပါတဲ့ အိုမီဂါ (၃) နဲ့ ဖတ်တီးအက်ဆစ်ပါဝင်လို့ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရော LDL သန့်စင်စေတယ်။ သွေးခဲလျော့တာ ကျစေတယ်။ မလိုင်ထုတ်ထားတဲ့ နို့နှင့် နို့ထွက်ပစ္စည်း၊ ကွေကာ၊ ခေါက်ဆွဲခြောက်၊ထမင်းနဲ့ ပေါင်မုန့်စားသုံးပေးသင့်တယ်။ မလိုင်ပါတဲ့ နို့နှင့် နို့ထွက်ပစ္စည်း၊ ကိတ်မုန့်၊ ဘီစကွစ်မို့၊ မာဂျရင်းကို လျော့စားသင့်တယ်။ အကြံပြုချက် – ချက်ပြုတ် (သို့) စားသောက်ရာမှာ ဆား၊ အချိုမှုန့်၊ ကြက်သားမှုန့် ထည့်တာရှောင်ရမယ်။ ကြက်အူချောင်း၊ ဝက်အူချောင်း၊ အမဲအူချောင်း၊ ဝက်ပေါင်ခြောက်၊ ဝက်ဆားနယ်များ၊ ဆားထည့်ထားတဲ့ အခွံမာသီး၊ ပြုပြင်ထားတဲ့စွပ်ပြုတ်၊ဆားစိမ်သနှပ်များ၊ ဆေးဘဲဥသုတ်များဆားပါမှုများကို ရှောင်သင့်တယ်။
AUTHOR – ဒေါက်တာလွင်သန့်
#Health Care Journal (အတွဲ ၇၊ အမှတ် ၁၉)