အသားယားခြင်း

3,001

အသားဘာကြောင့်ယားတတ်လဲ ပြောကြည့်ပါမယ်။

အကောင်တွေကိုက်ရင် ယားပါတယ်။ ယားတာအပြင် အဖုထွက်တာ၊ နီရဲနေတာပါ ရှိနိုင်တယ်။ ပိုးဆိုး ရင်ယောင်လာ တတ်တယ်။

အရေပြားရောဂါတွေမှာ ယားတတ်ပါတယ်။ ဝဲတွေ၊ ပွေးတွေ၊ ညှင်းတွေစသဖြင့်ပါ။ ဝဲကအရည်ကြည်ဖု တွေဖြစ်တာပါ။ ကူးပါတယ်။ အရမ်းလည်းယားတယ်။ ပွေးတွေက အကွက်တွေဖြစ်တတ်တယ်။ ညှင်း ကအမြဲတော့ မယားတတ်ဘူး။ အဖြူကွက်လည်း ဖြစ်နိုင်တယ်။ အညိုကွက်လည်း ဖြစ်နိုင်တယ်။ တခြား အရေပြားရောဂါတွေမှာလည်း ယားတတ်တာ တွေ ရှိသေးတယ်။

အသားခြောက်လွန်းလည်း ယားနိုင်သလို ချွေးထွက်များလည်း ယားတတ်တယ်။

အသားအရေမှာ ပွတ်တိုက်မှုများလည်း ယားတတ်ပါတယ်။ ဥပမာ- လုံချည်ဝတ်တာ၊ ပုဆိုးဝတ်တာ တွေတင်းလွန်းရင် အရေပြားမှာနီရဲလာပြီး ယားလာတတ်တယ်။

မတည့်တာတွေကြောင့်လည်း ဖြစ်နိုင်တယ်။ လိမ်းမိတာ၊ ထိမိတာ၊ စားမိတာစတာတွေ မှာလည်း ယား တတ်တယ်။ တနေရာတည်းပဲလည်း ဖြစ်နိုင်တယ်။ တကိုယ်လုံးယားတာလည်း ဖြစ်နိုင်တယ်။ အင်ပြင် တွေပါထွက်တတ်တယ်။ ထူပိန်းလာသလို ခံစားရတတ်တယ်။ ပိုဆိုးရင် အသက်ရှုကျပ်တာ၊ သွေးပေါင် ကျတာ၊ သွေးလန့်တာ အထိဖြစ်နိုင်တယ်။ မတည့်တဲ့ဆေးတွေ သောက်မိခဲ့ရင် တချို့တွေမှာမယားဘဲ အရေပြားအရည်ကြည်ဖုတွေ ထလာပြီး၊ အရေခွံလန်တာ တွေ ဖြစ်တတ်တယ်။ ဒါတွေက အသက် အန္တရာယ်လည်း စိုးရိမ်ရတတ်တယ်။

တချို့ကိုယ်ဝန်ဆောင်သည်တွေ ဗိုက်တွေယားတတ်တယ်။ ယားတာအပြင်အရည်ကြည်ဖုပါ ဖြစ်တတ် တယ်။ လိုအပ်ရင် OG ပြရတယ်။

သန်ကောင်၊ တုတ်ကောင်တွေကြောင့်လည်း ယားတတ်တယ်။ အသားယားတာအပြင် ရောဂါနဲ့ တခြား လက္ခဏာတွေ လည်း ရှိနေတတ်တယ်။

ဆီးချိုသမားတွေ အသားယားတတ်တယ်။ ဆီးချိုရှိမှန်း သိတဲ့သူလည်းဖြစ်နိုင်တယ်။ အသိသေးတာ လည်းဖြစ်နိုင်တယ်။ ဘာဖြစ်ဖြစ်ဝတဲ့အခါ၊ မိဘမျိုးရိုး ဆီးချိုရှိတဲ့အခါ၊ ရေအရမ်းငတ်နေပြီး ညပိုင်းဆီး သွားများတဲ့အခါတွေမှာ ဆီးချိုကိုလည်း စစ်ထားသင့်တယ်။

သည်းခြေပြွန်တွေမှာ ဖြစ်တတ်တဲ့ရောဂါတွေမှာလည်း ယားတတ်ပါတယ်။ သည်းခြေရည်တွေ ကောင်း ကောင်းမဆင်း တာလည်းပါတယ်။ အသက်ငါးဆယ်ဝန်းကျင် မိန်းမတွေအဖြစ်များပါတယ်။ ဆံပင်ဆေးဆိုး တတ်တဲ့သူတွေ၊ လက် သည်းဆိုးတတ်တဲ့သူတွေ ဆိုဖြစ်တတ်တယ်။ ယားပြီးတော့ပါလာတာ လည်းရှိတတ်တယ်။ နှစ်ချီကြာမှဖြစ်တာလည်း ရှိတယ်။ တချို့ဘာမှ မခံစားရဘဲ သွေးစစ်ရင်းတွေ့တာ လည်းရှိတယ်။ ဒီရောဂါမျိုးကတော့ အသည်းအထူးကုဖြစ်ဖြစ် အထွေထွေသမားတော် ဖြစ်ဖြစ်တိုင်ပင်ဖို့ လိုပါတယ်။

Urea များနေရင်လည်း အသားယားတတ်တယ်။ Urea များတိုင်း ကျောက်ကပ်မကောင်းတာတော့ မဟုတ်ပါဘူး။ ရေသောက်နည်းတာတွေမှာလည်း များနိုင်တယ်။ ကျောက်ကပ်ကြောင့် များတာက ရောဂါရဲ့ တခြားလက္ခဏာတွေ ပါရှိနိုင်တယ်။ Urea များရင် အသားအရောင်က အစပြောင်းတတ် တယ်။ ပျို့အန်တာလည်း ရှိတတ်တယ်။

သွေးပျစ်တတ်ရင်လည်း ယားပါတယ်။ ရေနွေးချိုးရင် ပိုသိသာပါတယ်။
သွေးထဲမှာ allergy ဖြစ်တဲ့ဓာတ်တစ်မျိုး ပုံမှန်ထက်များနေရင်လည်း ယားတတ်တယ်။
အသားတွေယားလာရင် ဒါတွေကို စဉ်းစားပါတယ်။ ဘာကြောင့်လဲ သေချာဖို့က လိုအပ်တဲ့စစ်ဆေးမှု တွေလုပ်ပြီး ဖြစ်တာကိုကုပေးရတာပါ။

Author – Dr. CST

-- Advertisement --

ဆက်စပ် ဆောင်းပါးများ

Comments

Loading...

Subscribe To Our Newsletter

Join our mailing list to receive the latest news and updates from our team.

You have Successfully Subscribed!