ကိုယ်ဝန်ဆောင်များ မသောက်သုံးသင့်သည့် ဆေးဝါးများနှင့် ဆိုးကျိုးများ

850

ကိုယ်ဝန်ပထမသုံးလ (First trimester of pregnancy)
အက်စ်ပရင် အကိုက်အခဲပျောက်ဆေး (Aspirin ( Acetyl- salicylic acid, ASA))

သွေးကျဲဆေး အဖြစ်လည်းသုံးကြသည်။ အချို့တိုင်းရင်းဆေးအတုအယောင် အဖျားကျဆေးမှုန့်များတွင် ဤဆေးကို ကိုယ်ဝန်ဆောင်စဉ် သောက်မိလျှင် ကလေးတွင် မွေးရာပါဝမ်းဗိုက်ရှေ့ပိုင်း ချို့ယွင်းမှုကြောင့် အူနှင့် ဝမ်းတွင်းကလီစာများ အပြင်ထွက်ခြင်း (Gastrochiasis)၊ သားအိမ်ကျုံခြင်းကို လျော့ကျစေခြင်းကြောင့် ကိုယ်ဝန်ဆောင်ချိန် ပိုကြာတတ်ခြင်း၊ သွေးကျဲသည့် အာနိသင်ရှိခြင်းကြောင့် မွေးဖွားချိန်တွင် သွေးများ အလွန်အမင်းထွက်နိုင်ခြင်း စသည်တို့ကို ဖြစ်စေနိုင်ပါသည်။

ဝက်ရူးပြန်၊ အတက်အကျ ဆေးများ (Phenytoin)
ကိုယ်အင်္ဂါအပြင် စိတ်ပါချို့ယွင်းတတ်သည့် ရောဂါစု (Fetal hydantion syndrome)

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ (Cleftlip and palate)၊ နှာခေါင်းပြား (Broadnasal bridge)၊ ocular hypertelorism၊ မူမမှန်နားရွက် (abnormal ears)၊ မွေးရာပါနှလုံးရောဂါ (Congenital heart diseases)၊ ခြေလက် ပုံပျက်ခြင်း (limb malformation)၊ စိတ်နှင့် ကြီးထွားမှု နှောင့်နှေးခြင်း (mental and growth retardation) တို့ကို ဖြစ်စေတတ်သည်။

သွေးမခဲစေသော ဆေးများ (Warfarin, Coumadin)
ဝါဖရင် လက္ခဏာစု (Fetal warfarin syndromw)

မူမမှန်နှာခေါင်း (nasal hypopl asia)၊ အမြင်အာရုံကြောသိမ်းခြင်း (Bi-lateral optic atrophy)၊ သန္ဓေ သားနှင့်မိင်သွေးယိုစီးမှု (Fetal and maternal haemorrhage) တို့ကို ဖြစ်စေနိုင်သည်။

စိတ်ကျရောဂါကုသဆေး (Imipramine)

အာခေါင်ကွဲ (Cleft palate)၊ ဝမ်းဗိုက်တွင် ချို့ယွင်းမှု (Defect in abdo-men)၊ အက်ဒ်ရီနယ်ဂလင်း မူမမှန်မှု (Adrenal hypoplasia)၊ နှလုံးနှင့် သွေးကြောများ၊ ချို့ယွင်းမှု (Cardiovascu-lar defect) တို့ကို ဖြစ်စေတတ်သည်။

လည်းပင်းကျိတ်ဟော်မုန်း ကုသဆေး (Antithyroid)
(Propylthiouracal, Methima-zole)

သန္ဓေသား လည်ပင်းကြီးရောဂါ (Fetal Goiter) ကိုဖြစ်စေတတ်သည်။

ဗီတာမင် အေ (Vitamin A(Retinoic acid))

ခေါင်းခွံ့နှင့် မျက်နှာရုပ်ပျက်ခြင်း (Craniofacial dysmorphism)၊ အာခေါင်ကွဲ (Cleft palate)၊ သိုင်းမတ်ဂလင်းမူမမှန်ခြင်း (Thymic aplasia)၊ အာရုံကြော ချို့ယွင်းခြင်း (Neural tube defect (Spina bifida cystic) တို့ကို ဖြစ်စေနိုင်သည်။

လီသီယံ သတ္တုဆိပ်သင့်ခြင်း (Metal toxic (Lithium))

ပျော့ခွေခြင်း (Hypotonia)၊ ပြာနှမ်းခြင်း (cyanosis)၊ မလှုပ်ချင်မကိုင်ချင်ဖြစ်ခြင်း (Lethergy)၊ အသက်ရှူခက်ခဲခြင်း (poor respiratory) တို့ကို ဖြစ်စေနိုင်သည်။

ဒိုင်ယာဇီပန်င် အိပ်ဆေး( Sedative, Hynotic (Diazepam))

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ (Cleft lip and patate)၊ အူကျခြင်း (inguinalhernia)၊ မွေးရာပါနှလုံးရောဂါ (Con-genital heart diseases)၊ အစာအိမ်ထွက်ပေါက်ကျဉ်းခြင်း (Pyloric steno-sis) ၊ အသက်ရှူခက်ခဲခြင်း (Breath-ing difficulties) တို့ကို ဖြစ်စေနိုင်သည်။

ပိုးသတ်ဆေးများ (Aminogly cosides (Streptomycin, Gentamycin, Canamycin)

မွေးရာပါ နားထိုင်းခြင်း( Congeni-tal Deafness) အကြားအာရုံထိခိုက်ခြင်း (Ototoxicity) တို့ကို ဖြစ်စေနိုင်သည်။
ဆာလ်ဖာပိုးသတ်ဆေး (Septrin, Sulphamethoxazole+ Trimethoprim)
မွေးကင်းစ သွေးနီဥပျက်စီးခြင်းကြောင့် အသားဝါတတ်ခြင်း (Neona-tal hemolysis)၊ မူမမှန်သံဓာတ်ပါသော သွေးနီဥဖြစ်ခြင်း (Methemoglobinaemia) တို့ကို ဖြစ်စေနိုင်သည်။

Author – ဒေါက်တာနေလင်အောင် (ပျော်ဘွယ်) (Healthcare)

READ :   အိမ်ဦးနတ်က ဆေးလိပ်သောက်တာကိုး

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ