အမျိုးသမီး ဓမ္မတာနှင့် အကိုက်အခဲဝေဒနာ

1,038

သည်တစ်ပတ် မင်္ဂလာမောင်မယ် စကားဝိုင်းမှာ အမျိုးသမီးဓမ္မတာနှင့် အကိုက်အခဲဝေဒနာအကြောင်း ဆွေးနွေးပါမယ်။

မောင်- အမျိုးသမီးတွေ ရာသီသွေးလာတာ သဘာဝပဲ မဟုတ်လားဆရာ။

ဒေါက်တာမင်္ဂလာ- ဟုတ်ပါတယ်။ အမျိုးသမီး အသက် ၁၀ နှစ်ကျော်ကစလို့ မီးယပ်ဆုံးတဲ့ အသက် ၅၀ ကျော်အထိ ကိုယ်ဝန်ဆောင်ကလေးနို့တိုက်ချိန် စောစောပိုင်း အချိန်ကလွဲရင် လစဉ်ရာသီလာပါတယ်။

မယ်- နာကျင်ကိုက်ခဲမှုတော့ အနည်းနဲ့အများ ခံစားကြရပါတယ်ဆရာ။

ဒေါက်တာ မင်္ဂလာ- အချို့နာကျင်ကိုက်ခဲမှု အနည်းငယ်တာရှိလို့ မသိသာပေမယ့် အချို့၊ လွန်လွန်ကဲကဲ နာကျင်လို့ ကျောင်းကနေ ခွင့်ယူအလုပ်ကနေ ခွင့်ပြုပြီး ဆရာဝန်နဲ့ ပြသရတဲ့အထိ နာကျင်ကိုက်ခဲတတ်ပါတယ်။

မောင်- ဆယ်ကျော်သက်အရွယ်တွေ ပိုမိုခံစားရသလား ဆရာ။

ဒေါက်တာမင်္ဂလာ- ဓမ္မတာလာချိန်၊ နာကျင်ကိုက်ခဲတာဟာ ဆယ်ကျော်သက်အရွယ်နဲ့ လူလတ်ပိုင်းများ အဖြစ်များတတ်တယ်။

မယ်- လစဉ်ရာသီလာတိုင်း ခွင့်ယူရတော့ ကုန်ထုတ်စွမ်းအား ပညာရေး စတာတွေ လျော့ကျတာပေါ့ ဆရာ။

ဒေါက်တာမင်္ဂလာ- လျော့ကျပါတယ်။ တစ်ဦးချင်း အနေနဲ့ အားကစားပြိုင်ပွဲဝင်ချိန်မှာ စံချိန်ကောင်း မရနိုင်ဘူး။ အအိပ်ပျက်၊ အစားပျက်၊ အလုပ်အကိုင်ပျက်လောက်အောင် နာကျင်ကိုက်ခဲတာမျိုး ရှိတယ်။ မခံနိုင်လို့ မိသားစုဆရာဝန်နဲ့ ပြသရတယ်။

မောင်- အမျိုးသမီးတိုင်း လစဉ်ပြဿနာဖြစ်နေတာပေါ့ ဆရာ။

ဒေါက်တာမင်္ဂလာ- ဟုတ်ပါတယ်။ အချို့ ၂၈ ရက်မှာ တစ်ကြိမ်၊ အချိူ့ ၃၂ ရက်မှာတစ်ကြိမ် ရာသီလာရင်၊ အနှောက်အယှက် ဖြစ်ရတယ်။ အချို့စိတ်ဓာတ်ကျလို့ မိမိအသက်ရန်ရှာတဲ့အထိ ဖြစ်လာတယ်။

မယ်- ရာသီလာချိန် အတော်ဆိုးဆိုးဝါးဝါး တွေ့ဖူးပါတယ် ဆရာ။

ဒေါက်တာမင်္ဂလာ- ရာသီလာလို့ နာကျင်ခြင်းဟာ အများအားဖြင့် ချက်ရဲ့အောက်ဖက်တလျှောက် နာနေတယ်။ ပေါင်နှစ်ဖက်လုံး ရောက်သွားတယ်။ ဒူးဆစ်နဲ့ ဒူးခေါက်ကွေးတွေအထိ မရောက်တတ်ဘူး။ ဘယ်နေရာ၊ အကိုက်အခဲ၊ အနာကျင်ဆုံးလဲဆိုတော့ ဝမ်းဗိုက်အောက်ပိုင်းနဲ့ တင်ပါးကြွက်သားများ တင်ပဆုံများကိုက်ခဲပြီး အောက်ကို ရွေ့သွားတယ်။

မောင်- ရာသီသွေးလာလို့ နာကျင်ခြင်း ဘယ်နှစ်မျိုးရှိသလဲ ဆရာ။

ဒေါက်တာမင်္ဂလာ- သုံးမျိုးရှိပါတယ်။ သွေးမေပေါ်ခင် တစ်ရက် (သို့) သုံးရက်မှာ နာကျင်ကိုက်ခဲတတ်ပါတယ်။ နှစ်ရက် (သို့) သုံးရက်သွေးပေါ်သမျှရက်တွေမှာ အားလုံးကိုက်တာ ရှိတယ်။သွေးပေါ်ပြီးနောက် ကိုက်ခဲတာမျိုးရှိတယ်။ ပေါ်နေတုန်းရော၊ ပေါ်ပြီးမှာရောတောက်လျှောက် ကိုက်ခဲတာမျိုးရှိတယ်။

မယ်- ပုံမှန်ထက် ပိုကိုက်တာရော ဆရာ။

ဒေါက်တာမင်္ဂလာ- အမျိုးသမီးတွေအနေနဲ့ အပျိုဖော်ဝင်စ၊ ဓမ္မတာစတဲ့ ရာသီသွေးစပေါ်ကတည်းက ရာသီလာတိုင်း နာကျင်ကိုက်ခဲနေရင် ပုံမှန်မဟုတ်တဲ့အတွက် အထူးစိုးရိမ် ပူပင်စရာတော့ မရှိပါဘူး။ နာကျင်ကိုက်ခဲမှု ဝေဒနာအတွက် ရေနွေးအိတ်၊ ရေနွေးပုလင်းကပ်ခြင်း၊ အကိုက်အခဲပျောက် ဆေးသောက်ခြင်းတို့နဲ့ သက်သာနိုင်ပါတယ်။

မောင်- အကိုက်အခဲပျောက်ဆေးတွေက အစာအိမ်ဒုက္ခပေးနိုင်တာပေါ့ ဆရာ။

ဒေါက်တာမင်္ဂလာ- ဒုက္ခပေးနိုင်တယ်။ ဗိုက်အောင့်ပျောက်ဆေး၊ ဒိုင်ဂျင်းနဲ့ တွဲဖက်သောက်သင့်တယ်။ နာကျင်ကိုက်ခဲမှုက ခုမှ ပိုနာတာမျိုး ဖြစ်ရင် မိသားစုဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူသင့်ပါတယ်။
မယ်- နာကျင်ကိုက်ခဲမှုကို ဘယ်နှစ်ပိုင်း ခွဲခြားနိုင်သလဲ ဆရာ။

ဒေါက်တာမင်္ဂလာ- ပထမနဲ့ ဒုတိယဆိုပြီး ခွဲထားနိုင်တယ်။ ပထမနာခြင်းမျိုးက ဘာရောဂါမှမရှိဘဲ ဓမ္မတာသွေးပေါ်ရင် ကိုက်ခဲနာကျင်တာမျိုးဖြစ်ပြီး ဒုတိယနာခြင်းက ရောဂါအကြောင်းရပ်တွေပေါ်မှာ အခြေခံတတ်ပါတယ်။

မောင်- အခြားအကြောင်းရပ်တွေက ဘာတွေဖြစ်နိုင်သလဲ ဆရာ။

ဒေါက်တာမင်္ဂလာ- မီးယပ်သွေးပေါ်တဲ့အခါ ဖြစ်တတ်တဲ့ သဘာဝအရ၊ သားအိမ်အပေါ်ပိုင်း ကိုယ်ထည်အတွင်းမှ အတွင်းလွှာကျပြီး စုလာတဲ့ သွေးတွေဟာ သွေးအိမ်လည်တံ အပေါက်ဝကနေ ရှောရှောရှူရှူ ထွက်သွားရမှာဖြစ်တယ်။ လူနာရဲ့ သားအိမ်လည်တံက မွေးရာပါ ကျဉ်းနေရင် (သို့) အခြားအကြောင်းကြောင့် ကျဉ်းနေရင် သားအိမ်လည်တံလှီးထုတ်တာ (သို့) ကလေးမွေးဖွားပြီး သားအိမ်လည်တံ ဒဏ်ရာရလို့ စုတ်ပြဲသွားလို့ အမာရွတ်တက်ပြီး သားအိမ်လည်တံကျုံ့သွား၊ ကျဉ်းသွားတာဖြစ်နိုင်တယ်။ ဓမ္မတာရာသီသွေးတွေ ရှောရှောရှူရှူ မထွက်နိုင်ရင် သားအိမ်ဝက ပိုအားစိုက်ပြီး ပိုနာလာတတ်ပါတယ်။
မယ်- နောက်တစ်မျိုးကရော ဆရာ။

ဒေါက်တာမင်္ဂလာ- သားအိမ်ထဲက အလုံးကြီးရှိတဲ့အခါ မွေးရာပါမဟုတ်ဘဲ နောက်မှရောက်လာတဲ့ အလုံးဖြစ်ရင် ခန္ဓာကိုယ်က ပြင်ပပစ္စည်း သတ်မှတ်လို့ အခွင့်ရတိုင်း သားအိမ်တွင်းက ထွက်သွားအောင် အမြဲညုစ်ထုတ်နေတယ်။ ဒါကြောင့် အလုံးရှိရင် အမျိုးသမီးတွေဟာ ဓမ္မတာ သွေးပေါ်နီးချိန် သွေးပေါ်ချိန်၊ သွေးပေါ်ပြီးချိန်တွေမှာ ကိုက်ခဲတတ်ပါတယ်။
မောင်- အခြားတစ်ချက်ကရော ဆရာ။

ဒေါက်တာ မင်္ဂလာ- တစ်ခါတည်း သားဆက်ခြားအောင် သားအိမ်အတွင်း ထည့်ပစ္စည်း IUCD ဆိုတဲ့ သန္ဓေတာပစ္စည်းထည့်ကြတဲ့ အမျိုးသမီတွေမှာ ကြေးနီ (သို့) ပလပ်စတစ်နဲ့ ပြုလုပ်ထားလို့ ခန္ဓာကိုယ်ပိုင်ပစ္စည်းမဟုတ်ဘဲ သူစိမ်းပစ္စည်းအဖြစ် သားအိမ်က သတ်မှတ်ကာ သားအိမ်မှ ထွက်သွားအောင် အခွင့်အရေးရသမျှ ညှစ်ထုတ်နေလို့ ဓမ္မတာလာချိန်မှာ ကိုက်ခဲတာပဲ။
မယ်- စတုတ္ထမျိုးကရော ဆရာ။

ဒေါက်တာမင်္ဂလာ- ရောဂါတစ်ခုခုကြေင့် သားအိမ်ထဲ မဟုတ်ဘဲ၊ သားအိမ်ရဲ့ အပြင်ဘက်မှာ ဖြစ်တာကြောင့် ရောပြီး ကိုက်ခဲနာကျင်တာမျိုး ဖြစ်တတ်တယ်။ ဓမ္မတာပေါ်ချိန် နာကျင်ကိုက်ခဲတာဆိုရင် သားဥဖြစ်တဲ့ သားအိမ်ရောဂါ ဖြစ်နိုင်တယ်။ သားဥတင်မက သားဥအပြင်ဘက်မှာဖြစ်ရင် သားအိမ်နာဖြစ်မယ်။

မောင်- နောက်ဆုံးတစ်မျိုးကရော ဆရာ။

ဒေါက်တာမင်္ဂလာ- နောက်တစ်မျိုးက တင်ပါးဆုံးအရိုးကွင်းမှာရှိတဲ့ အူဖုံးအမြှေပါးရောင်တာ၊ သားအိမ်ရောင်၊ သားဥရောင်၊ သားဥပြွန်ရောင်၊ သားအိမ်ဘေးပတ်ဝန်းကျင်နဲ့ သားဥဘေးပတ်ဝန်းကျင်ရောင်တာတို့ဖြစ်ရင် ဓမ္မတာပေါ်တဲ့အချိန် ကိုက်ခဲနာကျင်တယ်။ အထူးသဖြင့် ပီအိုင်ဒီခေါ် နာတာရှည် တင်ပါးဆုံတွင်းရောဂါနဲ့ သားပြွန်နဲ့ သားအိမ်ရောင်တဲ့အခါ ဓမ္မတာပေါ်ချိန်မှာ နာကျင်ကိုက်ခဲစေတယ်။ လူနာကို သေသေချာချာမေးရင် ရောဂါအမှန် သိပါတယ်။
မယ်- ကုသမှုအပိုင်း ပြောပြပါဦး ဆရာ။

ဒေါက်တာမင်္ဂလာ- သွေးလုံးလေလုံးကွဲနိုင်ဖို့ တီဗီဓာတ်မှန်ရိုက်ကြည့်သင့်တယ်။ အကိုက်အခဲပျောက်ဆေး ဗိုက်အောင့်ဆေးနဲ့ တွဲပေးတဲ့ ဒေါ်ဖယ်နယ်သောက်ရမယ်။ ရောဂါရှာဖွေလို့ ခွဲစိတ်ကုသဖို့လိုရင် ခွဲစိတ်ကုသရမယ်။ မိသားစုဆရာဝန်နဲ့ ဆွေးနွေးရမယ်။

Author – ဒေါက်တာမင်္ဂလာ (Healthcare Journal)

-- Advertisement --

ဆက်စပ် ဆောင်းပါးများ

Comments

Loading...