မီးနေသည်ကို ကြင်နာပါ

620

ညီညီတစ်ယောက် ဒီမနက်မှ လွတ်လပ်ခွင့်ရလာလို့ လက်ဖက်ရည်ဆိုင်ဘက်ကို ထွက်လာခဲ့ပါတယ်။ ဆိုင်ထဲဝင် ပြီးထိုင်ဖို့လုပ်နေတုန်း

“ဟေ့ကောင် ညီညီ၊ မင်းပျောက်ချက်သားကောင်းလှချည်လား”
အသံကိုလှည့်ကြည့်လိုက်တော့ ကိုအောင်ဖြိုးရယ်
“ဟုတ်တယ် ကိုအောင်ဖြိုးရေ မိန်းမကိုယ်ဝန်ရပြီးကတည်းက ခြေချုပ်မိတယ် ဆိုပါတော့။ ဒီမနက်တောင် ယောက္ခမကြီးရောက်လာလို့ မုန့်ဝယ်ဖို့ထွက်လာတာဗျ။”

“အေးပေါ့လေ။ ငါ့မိန်းမ ကိုယ်ဝန်ဆောင်တုန်းကလည်း ဒီလိုပါပဲ။ အလိုလိုစိတ်အားငယ်နေတတ်ကြတယ်။ အဲအချိန်မှာ သူတို့နားနေပေးရင်ပဲ ကျေနပ်နေတတ်ကြတာ။ မွေးပြီးရင်ပိုဆိုးတယ်ဗျ။ ငါ့မိန်းမမွေးတုန်းက ဆရာ ဝန်တွေပြောတာ ပြန်ပြောပြမယ်။”
“ဘာလဲဗျ ပြောပါဦး”

“မိန်းမတွေ ကလေးမွေးပြီးရင် အရမ်းဂရုစိုက်ရတယ်တဲ့။ သားဦးမိခင်တွေဆို ပိုဆိုးတယ်။ ကလေးမွေးပြီးတဲ့ အချိန်မှာစိတ်အားငယ်တာရော၊ စိုးရိမ်စိတ်တွေရောနဲ့ စိတ်အပြောင်းအလဲ အရမ်းမြန်တတ်ကြတယ်တဲ့။ အထိမခံ ရွှေပန်းကန်လေးတွေပေါ့။ ထစ်ခနဲဆို စိတ်တိုတယ်၊ ငိုတယ်၊ ရယ်တယ် အစုံပဲတဲ့။”

“ဟုတ်ကဲ့၊ ဆက်ပြောပါဦး”
“အေးကွ။ ဆရာဝန်တွေပြောတာ မွေးပြီးရင် အဲလိုဖြစ်ကြတာ ထုံးစံပဲတဲ့။ တော်တောများများမှာကို ဖြစ်တာတဲ့။ တချို့ကျတော့လည်း တစ်ပတ်လောက်ပဲဖြစ်တယ်တဲ့။ တချို့ကျတော့ မွေးပြီးချက်ချင်းမဖြစ်သေးဘဲ တစ်လအ တွင်းမှဖြစ်လာတတ်ကြတယ်တဲ့။”

“ဟုတ်ကဲ့။ ခင်ဗျ။”
“ဒီလိုဖြစ်တာ ကလေးကိုမချစ်လို့ မဟုတ်ဘူးတဲ့။ ကိုယ့်ကလေးကိုတော့ ချစ်ကြတယ်တဲ့။ ဒါပေမယ့် တစ်ခါတစ် ခါမှာ ငါတော့ကလေးအမေဖြစ်ပြီဆိုပြီး စိတ်ကျတာတွေဖြစ်တတ်တယ်တဲ့။ ကလေးမွေးပြီး အရင်လိုမလှပနိုင် တော့လို့၊ ကိုယ့်ယောက်ျားက အရင်လိုဂရုမစိုက်တော့မှာ စိတ်ပူတာတွေရော၊ ကလေးမွေးတုန်းက ခံစားလိုက် ရတဲ့ဝေဒနာတွေကြောင့်ရော၊ ကလေးမွေးပြီး နေ့ရောညပါနို့တိုက်ရ၊ အိပ်ပျက်ရတာတွေကြောင့်ရော ဖြစ်တတ် တယ်တဲ့။”
“ဟုတ်ကဲ့။ ခင်ဗျ။”

“အဲဒါတွေကြောင့် မိန်းမကလေးမွေးပြီးတဲ့အခါ ပိုဂရုစိုက်ရတယ်တဲ့။ အားပေးစကားပြောရတယ်တဲ့။ အတူတူ အပင်ပန်းခံရတယ်တဲ့။ မင်းတို့ငါတို့ကတော့ကွာ တစ်နေကုန်အလုပ်လုပ်ပြီး ပြန်လာရင်နားချင်တာပေ့ါ။ ဒါပေ မယ့် အဲချိန်ကို မနားနဲ့ဟေ့ကောင်ရေ။ မောပန်းလာလည်း ကလေးကိုကူထိန်းပေးတာ၊ အလုပ်ကူလုပ်ပေးတာ၊ မိန်းမကိုလည်း ဂရုစိုက်တာတွေလုပ်ပေးမှ ဟေ့။ အဲဒါတွေက ဆင်းရဲ၊ ချမ်းသာအားလုံးဖြစ်နိုင်တယ်တဲ့။”
“အေးဗျာ။ တော်တော်တော့ ဂရုစိုက်ရမှာပေါ့နော်”

“အေးကွ။ တချို့ကျတော့ ဒီလောက်ပဲဖြစ်တာတဲ့။ တချို့ကျတော့ ရူးသလိုတောင်ဖြစ်နိုင်တယ်တဲ့။ အဲအခါကျ တော့မိသားစုက ဝိုင်းပြီး ဂရုစိုက်ရုံနဲ့ မရတော့ဘူး။ ဆေးသောက်ဖို့၊ ဆေးရုံတက်ဖို့တွေပါ လိုလာတတ်တယ်တဲ့”
“ဟုတ်လား။ ကျွန်တော်ဒါတွေ အခုမှကြားဖူးတာ”

“အေးလေကွာ။ ငါလည်း ငါ့မိန်းမမွေးတုန်းက ကြားဖူးထားတာရှိလို့ မင်းကိုပြန်ပြောပြတာ”
“ဟုတ်ကဲ့ပါ။ ကျွန်တော်တော့ ဒီနေ့ဗဟုသုတအများကြီး ရလိုက်ပါတယ်။ အေးဗျာ။ စကားလည်းကောင်းတယ်။ ဒါပေမယ့် ပြန်ရဦးမယ်ဗျ။ အခုတောင် မုန့်ဝယ်ဖို့ဆိုပြီး ထွက်လာတာ။”

“အေးအေး၊ မင်းမိန်းမကို သေချာဂရုစိုက်လိုက်ပါဦး”
“ဟုတ်ကဲ့ပါဗျာ။ ဒါတွေမကြားခင်ကတည်းက ဂရုစိုက်နေရတာ၊ အခုဆို ပိုတောင်ဂရုစိုက်ရဦးမှာပေါ့ဗျာ။ သွားပြီ ဗျို့”

Author – Dr. CST

READ :   ခရီးထွက်ချိန် ကလေးကျန်းကျန်းမာမာ ရှိပါစေ

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ