ယခုလိုမိုးတွင်းကာလများတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသောကလေးများများပြားပြီးအသက်ပင် သေဆုံးရသည်အထိရှိနေသည်မှာ နှစ်တိုင်းလိုလိုပင်။
ထို့ကြောင့် ပုသိမ်မြို့နယ်ဆေးရုံမှ ဒေါက်တာအောင်နိုင် တစ်ယောက် ကျောင်းကျန်းမာရေးအစီအစဉ်များအနက်မှတစ်ခုဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအကြောင်းအရာများကိုပညာပေးသင်တန်းပေးရန် မြို့နယ်အတွင်းရှိ ကျောင်းများသို့လှည့်လည်နေရသည်။ယခုလည်းအလယ်တန်းကျောင်းတစ်ကျောင်းသို့ရောက်ရှိနေသည်။ခန်းမအတွင်းတွင်လူများအပြည့်အကျပ်။ဆရာဆရာမတွေမိဘတွေ ကျောင်းသားကျောင်းသူတွေစုံလို့ပင်။ ဒေါက်တာတစ်ယောက်ငယ်ငယ်က ကျောင်းသားဘဝကိုပင်သတိရမိလိုက်သေးသည်။ မနက် ဆယ်နာရီလောက်တွင် သင်တန်းစသည်။ ပထမဆုံးအနေနဲ့”သွေးလွန်တုပ်ကွေးရောဂါဆိုတာAedesလို့ခေါ်တဲ့ခြင်ကိုက်ခြင်းကြောင့်ဖြစ်ပွားတာပါ။ သွေးလွန်တုပ်ကွေးvirusကိုAedes ခြင်ကပဲသယ်ဆောင်ပါတယ်။ ခြင်မှာလည်းခြင်ထီးနဲ့ခြင်မဆိုပြီး နှစ်မျိုးရှိပါတယ်။ ခြင်ထီးကတော့ သစ်သီးသစ်ဥတွေမှအရည်ကိုပဲစုပ်ယူပြီး ခြင်မကတော့လူနဲ့ကျွဲနွား တိရစ္ဆာန်တို့ရဲ့သွေးတွေကိုစုပ်ယူပါတယ်။ ခြင်မတွေက တိရစ္ဆာန်သွေးထက် လူရဲ့သွေးကိုပိုကြိုက်ပါတယ်။ ဘာကြောင့် သွေးစုပ်ရသလဲဆိုတော့ ခြင်မရဲ့ဗိုက်ထဲမှာရှိနေတဲ့ သန္ဓေသားလောင်းတွေ ဖွံ့ဖြိုးကြီးထွားဖို့အတွက် သွေးဟာ အရေးတကြီး လိုအပ်လို့ပါပဲ” စသည်ဖြင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း အကျဉ်းချုံး ရှင်းပြလိုက်တော့ ကလေးတစ်ယောက်က ကိုယ်ဝန်ဆောင်ထားတဲ့သူ့အမေကော သွေးစုပ်ဖို့လိုလားလို့ထမေးလို့ တစ်ခန်းလုံး ပွဲကျသွားရသေးတယ်။ ထပ်ပြီးတော့ ခြင်တွေပေါက်တတ်တဲ့နေရာတွေနဲ့ပတ်သက်ပြီး “Aedes ခြင်တွေ ဘယ်နေရာမှာပေါက်ဖွားလဲဆိုတော့ ရေကြည်ရေသန့်တွေမှာပေါက်ဖွားပါတယ်။ ကြီးကျယ်တဲ့ ခြင်အမျိုးအစားလို့ ပြောရမှာပါပဲ။ဘုရားပန်းအိုး၊ ညောင်ရေအိုး၊ပုံးခွံ၊ ပေပါခွံနဲ့ မော်တော်ကားတာယာစတဲ့ ရေဝပ်နိုင်တဲ့နေရာတွေမှာပေါက်ဖွားနိုင်ပါတယ်။ အဲဒါကြောင့် ဖြစ်နိုင်ရင် ဘုရားပန်းအိုးတွေကို နေ့စဉ်နေ့တိုင်း ရေလဲပေးရပါမယ်။ ရေအိုးရေကန်တွေကို ဖုံးအုပ်ထားရပါမယ်” လို့ပြောတော့ဆရာမတစ်ယောက်က ရေကို နေ့စဉ်လိုသလောက်ရဖို့အခက်အခဲရှိတော့ ရေပုံးတွေနဲ့လှောင်ထားရတယ်တဲ့။အဲ့ဒါဆိုဘယ်လိုလုပ်မလဲလို့ မေးတယ်။တကယ်ကသိမ်းထားလို့ရပါတယ်။ ခြင်မပေါက်ဖွားအောင် ခြင်မလာပြီးဥလာမဥအောင် သေသေချာချာတော့ဖုံးအုပ်ပေးထားရပါမယ်။ မော်တော်ကားတာယာအဟောင်း၊ ဆိုင်ကယ်တာယာ အဟောင်းထဲကရေတွေကိုလည်းသွန်ပစ်ရပါမယ်” လို့ရှင်းပြရတယ်။ ခြင်မပေါက်ဖွားဖို့ကိစ္စဟာ သွေးလွန်တုပ်ကွေးကာကွယ်ရေးမှာအလွန်အရေးကြီးပါတယ်။ တကယ်လို့ ရေချိုးကန်တွေ၊ ရေလှောင်ကန် တွေကိုမဖုံးအုပ်ထားနိုင်ရင်ပိုးလောက်လန်းစားတဲ့ငါးတွေထည့်ထားလို့လည်းရပါသေးတယ်။ဒါ့အပြင်ပိုးလောက်လန်း တွေသေအောင်ထည့်ရတဲ့Abate ဆေးထုပ်လေးတွေအကြောင်း၊အသုံးပြုနည်းအကြောင်းအသေးစိတ် ပြသပေးရတယ်။ ဆေးထုပ်လေးတွေလဲ ပေးခဲ့ပါတယ်။ဆက်ပြီး ခြင်ကိုက်တဲ့အချိန်နဲ့ပတ်သက်ပြီးတော့လည်း”နေ့လည်နေ့ခင်းမှာပဲ သွေးလွန်တုပ်ကွေးခြင် ဟာ ကိုက်တတ်ပါတယ်။ မနက်မိုးလင်းခါစအချိန်တွေနဲ့ ညနေခင်း နေဝင်ခါနီး အချိန်တွေမှာသာ အကိုက်များတတ်တယ်။
ကလေးတွေကို ဖြစ်နိုင်မယ်ဆိုလို့ရှိရင်၊ ပြီးတော့ ရေဝပ်တဲ့နေရာများတဲ့ နေရာတွေမှာ ရှိတတ်တဲ့ကျောင်းတွေမှာစာသင်နေရရင် အကျၤီ လက်ရှည် ဘောင်းဘီရှည်ဝတ်သင့်ပါတယ် ” လို့ရှင်းပြပါတယ်။ အိမ်မှာအိပ်တတ်တဲ့ကလေးတွေကိုလည်း ခြင်ထောင်နဲ့အိပ်သင့်တဲ့အကြောင်းလည်း ရှင်းပြရပါတယ်။တကယ်ကကျောင်းတွေမှာMosquito repellentလိမ်းဆေး၊ ဖြန်းဆေး တွေထားသင့်တာကြာပြီ။ပုသိမ်ကစတိုးဆိုင်တော်တော်များများမှာလည်းရနေပြီ။အခုတစ်ခေါက်လည်းနမူနာအနေနှင့် ဆေးဗူးဆယ်ဗူးယူလာခဲ့သည်။လိမ်းဆေးအပြင် ဘောင်းဘီအဖျားနား၊ဂါဝန်အဖျားနားမှာကပ်ထားလို့ရတဲ့ကပ်ခွာလေးတွေလည်း ဈေးသက်သက်သာသာနဲ့ဝယ်လို့ရနေပြီ။ဆရာဆရာမလေးတွေကိုလည်းသုံးနည်းလေးတွေသင်ကြားပေးဖို့လိုသည်။လိမ်းဆေးတစ်ဗူးဖြင့် ပြန်ရမည့်ကျန်းမာရေးအကျိုးအမြတ်တွေကိုလည်းကွင်းကွင်းကွက်ကွက်မြင်လာအောင်ရှင်းပြပေးဖို့လိုမည်ဖြစ်သည်။ သို့မှသာသူတို့မှတဆင့်ကလေးတွေဆီဒီအသိတွေ ရောက်မည်။ ကျောင်းဝင်း ဒါမှမဟုတ် အိမ်ဝင်းအတွင်း ခြင်ခိုအောင်းနိုင်နေတဲ့ ရေဝပ်နိုင်ခြေရှိတဲ့ နေရာတွေကို ခြင်ဆေးဖြန်းတာဟာလည်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးမှာအရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါ။ဒါ့အပြင်အိမ်အတွင်းလေဝင်လေထွက်ကောင်းအောင် အလင်းရောင်ကောင်းကောင်းရအောင် ထားဖို့ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့Aedes ခြင်ဟာအမှောင်ရိပ်ကိုသဘောကျလို့ပါပဲ။ဒီလိုနဲ့ရနိုင်သလောက်အချိန်အကန့်အသတ်ဖြစ်သည့် နေ့တစ်ဝက်တောအတွင်းမှာ နိုင်သလောက်ရှင်းပြပေးခဲ့ရသည်။ နေ့တစ်ဝက်မပြောနှင့် တစ်နေ့လုံး ပညာပေးရင်တောင် လိုက်မှတ်ဖို့လွယ်မည်မဟုတ်။ ဘာပဲဖြစ်ဖြစ် ကလေးတွေခေါင်းထဲသို့ အသိတစ်ခုပေးနိုင်ခဲ့မည်ဟုယုံကြည်သည်။ ဆောင်ရန် ရှောင်ရန်အနည်းအကျဉ်းရသွားမည်ဟု မျှော်လင့်သည်။ထပ်ပြီးတော့အချိန်နိုင်သလောက် ဖြည့်ဖြည့်ပြီးပညာပေးသွားရမည်။စဉ်ဆက်မပြတ်ဆောင်ရွက်သွားရမည့် လမ်းစဉ်ဖြစ်ပါသည်။ ဘေးရန်ကင်းကြပါစေ။
AUTHOR – ဒေါက်တာအေးချမ်းမိုး