ပင်ကိုယ်စွမ်းရည်ရှိတဲ့ ကလေးရဲ့ အသိဉာဏ်၊ သိချင်စိတ် ပြင်းပြခြင်းနဲ့ သင်ယူလိုစိတ်စတဲ့ လိုအင် ဆန္ဒတွေကို မြှင့်တင်ပေးဖို့ ကူညီရေးအတွက် အဲဒီကလေးကို အသိအမှတ်ပြုဖို့ အရေးကြီးပါတယ်။ ဒီကလေးတွေအများစုဟာ အသိမှတ်ပြုမခံရလို့ စွမ်းရည်ဟာ မှန်ကန်စွာ မဖွံ့ဖြိုးပါ။ ပင်ကိုယ်စွမ်းရည်ရှိတဲ့ ကလေးဟာ ပါရမီရှင်တစ်ယောက်မဟုတ်တဲ့အပြင် အရာရာတိုင်းမှာ သိစရာမလိုပါ။ နှစ်နှစ်သားအရွယ်မှာ စန္ဒယားတီးခြင်း၊ သုံးနှစ်အရွယ်မှာ ဘာသာစကားအချို့ကို ပြောခြင်းစတဲ့ ကိစ္စတွေလို အရာရာတိုင်းကို ထူးထူးခြားခြားလုပ်စရာမလိုပါ။ ပင်ကိုယ်စွမ်းရည်ရှိတဲ့ ကလေးတွေဟာ ပိုမြန်မြန်သင်ကြားနိုင်တဲ့ စွမ်းရည်နဲ့ ဘာသာရပ်တွေကို ပိုမိုနက်နဲစွာ စူးစမ်းတဲ့ စွမ်းရည်တွေမှာ အခြေခံအားဖြင့် အခြားသူတွေထက် ပိုင်းခြားသိမြင်တတ်တယ်။ပင်ကိုယ်စွမ်းရည်ရှိတဲ့ကလေးတွေရဲ့ထူးခြားတဲ့လက္ခဏာအချို့ကို ဖော်ပြလိုက်ပါတယ်။ – ယေဘုယျအားဖြင့် တစ်နှစ်သားအရွယ်မှလမ်းလျှောက်ပြီး စကားပြောကြတယ်။ – ကြီးကျယ်တဲ့ဘာသာစကားနဲ့ ရင့်ကျက်တဲ့ ဝေါဟာရတွေကို သုံးလေ့ရှိတယ်။ – အချက်အလက်တွေကို နားလည်လွယ်ပြီးမှတ်မိတယ်။ – ပြဿနာတွေအတွက် အရည်အသွေးကောင်းတဲ့ အကြံဉာဏ်တွေနဲ့ အဖြေတွေကို ပေးတယ်။ – အလွန်ရင့်ကျက်တဲ့ ဟာသဉာဏ်တွေနဲ့ အဖြေတွေကို ပေးတယ်။ – အလွန်ရင့်ကျက်တဲ့ ဟာသဉာဏ်ရှိတယ်။ – သိချင်စိတ် အလွန်ပြင်းပြလို့ အရာရာတိုင်းကို မေးမြန်းကြတယ်။ – ကမ္ဘာ့ပြဿနာတွေနဲ့ ပတ်သတ်ပြီး ပူပင်တတ်ကြတယ်။ – ခေါင်းဆောင်တတ်တဲ့သူတွေဖြစ်တယ်။ – အပတ်တကုတ် ကြိုးစားတယ်။ ကိစ္စတစ်ခုအပေါ် အာရုံစိုက်ပြီး ပြီးဆုံးပြီဆိုတဲ့အထိ ဇွဲကောင်းကောင်းနဲ့ လုပ်တတ်ကြတယ်။ – မိမိကိုယ်မိမိ ဝေဖန်ပိုင်းခြားနိုင် စွမ်းမြင့်မားစွာရှိပြီး ကိုယ်တိုင်အားမလို အားမရဖြစ်ကာ နောက်တော့လည်း ပြေပျောက်သွားပါတယ်။ – လွတ်လွတ်လပ်လပ်လုပ်တာကို ပိုကြိုက်တယ်။ အကူအညီသိပ်မလိုအပ်ပါ။ – အတန်းဖော်တွေရဲ့ ပစ်ပယ်ခံရရင် အားငယ်တတ်တယ်။
နှင်းအေးဝေ
Health Care Journal (Vol-7, No- 25)
Author – နှင်းအေးဝေ