အက်စပရင်
အက်စပရင်ကို ကိုက်ခဲနာကျင်မှုအသေးစားများ၊ အဖျားတက်ခြင်းတို့အတွက် အသုံးပြုလေ့ရှိကြပြီး အချို့သော သားဖွားမီးယပ်ဆရာဝန်များက antiphospholipid syndrome နှင့် ဆက်တိုက်ကိုယ်ဝန်ပျက်ခြင်း များ ဖြစ်ပွားလေ့ရှိသော ကိုယ်ဝန်ဆောင်များတွင် ဆိုးကျိုးများ လျော့ပါးစေရန် အက်စပရင်ပမာဏနည်းနည်းကို ပေးလေ့ ရှိတတ်ပါသည်။ အားလုံးခြုံကြည့်မယ်ဆိုရင်တော့ အက်စပရင်သုံးစွဲမှုဟာလည်း ကိုယ်အင်္ဂါချို့ယွင်း သော ကလေးမွေးဖွားနှုန်းမြင့်မားမှုနှင့် ဆက်စပ်မှုမရှိကြောင်းတွေ့ရှိရပါသည်။
NSAIDs အကိုက်အခဲပျောက်ဆေးများ
Ibuprofen၊ Naproxen၊ in-domethacin၊ Diclofenac တို့လို NSAIDs အကိုက်အခဲပျောက်ဆေးတွေ ကိုဖျားနာခြင်းနှင့် အသင့်အတင့် ပြင်းထန်သော ကိုက်ခဲနာကျင်ခြင်းများအား ကုသရန်အတွက် သုံးစွဲလေ့ရှိကြပါ တယ်။ ဒီဆေးတွေဟာ ကိုယ်ခန္ဓာထဲက ကိုက်ခဲနာကျင်ခြင်းကို ဖြစ်စေရာမှာအရေးပါတဲ့ အင်ဇိုင်းတစ်မျိုး ဖြစ်သော cyclo-oxygenase အင်ဇိုင်းကို ပိတ်ဆို့တားဆီးပါတယ်။ သန္ဓေသားနဲ့ မွေးကင်းစက လေးများမှာ တော့ cyclo-oxygenase ဟာကလေးရဲ့ နှလုံးထဲကိုမိခင်ဆီက သွေးဝင်ရောက်ရာလမ်းကြောင်း ဖြစ်တဲ့ ductus arteriosus သွေးကြောနှင့် အဆုတ်တွင်းသွေးကြောများကို ကျယ်ပြန့်နေအောင်ဆောင်ရွက်ပေး ရာမှာအဓိက အရေးပါပါတယ်။ ၎င်းအင်ဇိုင်းကို ပိတ်ဆို့ခြင်းအားဖြင့် အဆိုပါ သွေးကြောများကို အချိန်မတိုင်မီ ပိတ်သွားစေ ပါတယ်။ သို့သော်လည်း၎င်းဆေးဝါးများက ကလေးများတွင်မွေးရာပါချို့ယွင်းမှုများ ဖြစ်ပေါ်ခြင်း (သို့မဟုတ်) ပေါင်မပြည့်သောကလေးများ မွေးဖွားခြင်းဖြစ်ပွားမှုကို မြင့်တက်စေခြင်းမရှိကြောင်း တွေ့ရှိရပါတယ်။ စကင်ဒီ နေဗီးယား နိုင်ငံများတွင်ပြုလုပ်ခဲ့သော လေ့လာမှုတစ်ခုအရ ကိုယ်ဝန်ဆောင်အစော ပိုင်းကာလများတွင် NSAIDs အကိုက်အခဲပျောက်ဆေးများသုံးစွဲမှုဟာ ကိုယ်ဝန်ပျက်ကျနိုင်ချေကို မြင့်မားစေ သော်လည်း ကလေးမွေးဖွားရာတွင် ထိုခိုက်မှုမရှိကြောင်း ဆိုပြန်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်က လေ့လာမှုတစ်ခု အရ ကိုယ်ဝန်ဆောင်ချိန် အစောပိုင်းကာလများ အက်စပရင်နှင့် NSAIDs အကိုက်အခဲပျောက် ဆေးများသုံးစွဲ ပါက ကိုယ်ဝန်ပျက်ကျနိုင်ချေကို၈၀ရာခိုင်နှုန်းအထိများပြားစေတာတွေ့ရပြီးဒီလိုကိစ္စများကိုပါရာစီတမော သောက်သုံးသူများမှာတော့ တွေ့ရှိရခြင်းမရှိပါဘူး။ဒါကြောင့်ကိုယ်ဝန်ဆောင်အစောပိုင်းကာလ တွေမှာ ပါရာစီတမောလို အကိုက်အခဲပျောက်ဆေးတွေကို ပိုမိုသုံးစွဲသင့်ပြီး အကယ်၍ NSAIDs အကိုက်အခဲပျောက် ဆေးများ မလွှဲအရှောင်သာ သုံးစွဲရမယ်ဆိုပါက လူနာကို သေချာရှင်းပြပြီးမှ ပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင် ကာလ ရက်သတ္တပတ် ၃၀ကျော်လာပါက NSAIDs အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်းဟာ ကလေး ရဲ့ ductus arteriosus သွေးကြောအချိန်မတိုင်မီပိတ်သွားကာအဆုတ်တွင်းသွေးဖိအားများလာခြင်းများ ဖြစ်စေနိုင်တဲ့အတွက် ရှောင်ကြဉ်ရပါမယ်။ ကိုယ်ဝန်ရင့်ချိန် NSAIDs အကိုက်အခဲပျောက်ဆေးများ ပမာဏ အများကြီး သောက်သုံးခြင်းက ကလေးရဲ့ကျောက်ကပ်အတွင်းသို့ သွေးဝင်ရောက်မှုနည်းပါးစေကာ ကလေးမှာဆီးထွက်နည်းစေပါတယ်။ကလေးအများစုမှာတော့ဆီးထွက်နည်းခြင်းဟာပြန်ကောင်းသွားလေ့ရှိတတ်ပေမယ့် တချို့တွေမှာတော့ ကျောက်ကပ်ပျက်ဆီးပြီး အသက်သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။ တကယ်လို့သုံးစွဲချင်ရင်တော့ သွေးထဲဝင်ရောက်မှုနည်းပါးတဲ့လိမ်းဆေးအနေနဲ့ပေးတာက ကောင်းမွန်ပါတယ်။
Author – ဒေါက်တာကျော်စွာထွန်း (ဇီဝဗေဒ)