လူငယ်နှင့် လူလတ်ဆယ်ဦးလျှင် သုံးဦးခန့်မှာ အဝလွန်ခြင်း ဖြစ်ပွားနေ

မြန်မာနိုင်ငံရှိ လူငယ်နှင့် လူလတ်ဆယ်ဦးလျှင် သုံးဦခန့်မှာ အဝလွန်ခြင်း ဖြစ်ပွားနေကြောင်း ဆရာဝန်များ၏ သုံးသပ်ချက်အချို့အရ သိရသည်။

“အဝလွန်ခြင်းဟာ နောက်ပိုင်းအချိန်တွေမှာ လူငယ်လူရွယ်တွေကြားမှာ ဆိုးရွားစွာ ဖြစ်လာတဲ့ ရောဂါတစ်မျိုးပါ။ အဓိက အစားအသောက်၊ အနေအထိုင်ကြောင့် အဝလွန်ပြီး ရောဂါတွေ ဖြစ်လာတာပါ။ အရင်က ဝမှလှတယ်ဆိုတာမျိုးခေတ် မဟုတ်တော့ပါဘူး။ အခုခေတ်က ဝရင်ရောဂါတွေ တိုးလာဖို့ပဲ ရှိလာပါတယ်” ဟုအထွေထွေ ရောဂါကုဆရာဝန်တစ်ဦးက သုံးသပ်ပြောကြားသည်။

အဝလွန်ခြင်းကြောင့် အသည်းအဆီဖုံးခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ မောပန်းခြင်း။ လေဖြတ်ဖြန်းရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

-- Advertisement --

အဝလွန်ခြင်းသည် အစားအသောက် လွန်ကဲစွာ စားသုံးခြင်း၊ ညဥ့်နက်ချိန်မှ စားသောက်ခြင်း၊ အဆီအဆိမ့်ပါသော အစားအစာများ စားသောက်ခြင်း၊ အိပ်ချိန်များခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းတို့ကြောင့် အဓိက ဖြစ်ပွားလျှက်ရှိရာ နေ့စဉ် အစားစားပြီးချိန်တိုင်း လမ်းလျှောက်ခြင်း၊ နေ့စဉ်နံနက်တိုင်း ကိုယ်လက်လှုပ်ရှား အားကစားများ ပြုလုပ်သင့်ပြီး အားကစားတစ်မျိုးမျိုးကို လိုက်စားသင့်ကြောင်း ဆရာဝန်များက တိုက်တွန်းထားခဲ့သည်။

Author – Healthcare

READ :   မြီးကောင်ပေါက်အရွယ်တို့သဘာဝ

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ