ႀကိတ္မွန္အေၾကာင္းသိေကာင္းစရာ
ႀကိတ္မွန္ပင္ဟာ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံမွာ ေနရာအႏွံ႔ေပါမ်ားစြာေပါက္ေရာက္ေသာ အပင္ျဖစ္ပါတယ္။
ႀကိတ္မွန္ပင္ကို ႐ုကၡေဗဒ လို Eclipta alba(L)Hassk လို႔ေခၚပါတယ္။
အဂၤလိပ္လိုေတာ့ Trailing Eclipta သို႔မဟုတ္ Ink plant လို႔ေခၚပါတယ္။
တႏွစ္ခံပင္ေပ်ာ့အမ်ိဳးအစားျဖစ္ပါတယ္။ႀကိတ္မွန္ပင္ရဲ႕ပင္စည္ဟာ နီညိဳေရာင္ရွိၿပီး အေမႊးၾကမ္းေလးေတြရွိပါတယ္။
သူ႔ရဲ႕အ႐ြက္ပုံစံကေတာ့ ႐ြက္ဆိုင္ထြက္ၿပီး ႐ြက္ညႇာနဲ႔႐ြယ္စြယ္မရွိေသာ လွံသြားပုံအ႐ြက္ပုံစံျဖစ္ပါတယ္။ထိပ္ဖက္ထြက္(သို႔မဟုတ္) ႐ြက္ၾကားထြက္ ဦးေခါင္းငယ္ပန္းခိုင္မ်ိဳးျဖစ္ပါတယ္။
အပြင့္အေနနဲ႔ေတာ့ အျဖဴေရာင္ပန္းပြင့္ကေလးေတြကို ဖူးပြင့္ပါတယ္။
ႀကိတ္မွန္ပင္ဟာ ပၪၥငါးပါးလုံး အသုံးဝင္တဲ့အပင္ပါ။
သူ႔မွာ Coumarin,a-terthienyl-methanol,stigmasterol,bamyrin,amino acid စတဲ့ ဓါတ္ေတြမ်ားစြာပါဝင္ၿပီး ဘက္တီးရီးယားပိုးမႊားမ်ား ေပါက္ေရာက္မႈကို ဟန႔္တားႏိုင္ေသာ အစြမ္း(Antibacterial Activity)၊ေရာင္ရမ္းမႈေတြကို သက္သာေစႏိုင္ေသာအစြမ္း(Anti-inflammatory activity)၊ဓါတ္မတည့္လို႔ယားယံျခင္းကို သက္သာေစႏိုင္ေသာအစြမ္း၊ဆံပင္ကိုထူလာေစၿပီး နက္ေမွာင္သန္စြမ္းေစေသာအစြမ္း စတဲ့အစြမ္းသတၱိေတြ မ်ားစြာရွိပါတယ္။
ဒီလိုအစြမ္းသတၱိေတြမ်ားစြာရွိတဲ့အတြက္ ႀကိတ္မွန္ပင္ကို တိုင္းရင္းေဆးအသုံးအေနနဲ႔ ေခ်ာင္းဆိုးေသြးပါ၊ဝမ္းကိုက္ေသြးပါ၊အေရျပားအနာ၊မီးယပ္နဲ႔ဆိုင္ေသာေရာဂါ၊အသည္းေရာင္အသားဝါေရာဂါ၊ဆံပင္ပါးတဲ့ဆံပင္အေပါက္နည္းတဲ့ျပသာနာစတဲ့ေရာဂါျပသာနာေတြကိုကုသရာမွာ တျခားေဆးဘက္ဝင္ပစၥည္းေတြနဲ႔အခ်ိဳးက်ေရာေႏွာၿပီး ထည့္သြင္းေဖာ္စပ္ကာ အသုံးျပဳေလ့ရွိပါတယ္။
ႀကိတ္မွန္႐ြက္နဲ႔ ပတ္သက္ၿပီး အိမ္တြင္းေဆးၿမီးတိုအသုံးအေနနဲ႔ သိသေလာက္ကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္။
မီးပူကပ္မိတာ၊ေရေႏြးပူေလာင္တာ ေတြျဖစ္ပါက ႀကိတ္မွန္႐ြက္ကို ပင္စိမ္း႐ြက္နဲ႔ဆတူေရာေထာင္းကာ ထြက္လာတဲ့သတၳဳရည္ကို တေန႔ႏွစ္ႀကိမ္လိမ္းေပးႏိုင္ပါတယ္။
ယားလို႔ကုတ္ရာကေန အေရျပားေပၚမွာအမာ႐ြတ္ေတြက်န္ရင္လည္း ထိုနည္းအတိုင္းလိမ္းေပးႏိုင္ပါတယ္။
ဆံပင္က ေဆးမဆိုးဘဲ နီက်င္က်င္ျဖစ္တာ၊ဆံပင္ေတြကြၽတ္တာ၊ဆံပင္ပါးတာ၊ဆံပင္အဖ်ားေတြႏွစ္ခြျဖစ္တာေတြအတြက္ ႀကိတ္မွန္႐ြက္ကို ျမင္းခြာ႐ြက္၊ကြမ္း႐ြက္တို႔နဲ႔ အညီအမွ်ေရာေထာင္းၿပီး ရလာတဲ့အရည္ကို ေရေလးနည္းနည္းနဲ႔ေရာကာ ေန႔စဥ္လိမ္းေပးပါက ဆံပင္ကြၽတ္တာ၊ပါးတာ၊အဖ်ားႏွစ္ခြျဖစ္တာေတြမရွိေတာ့ဘဲ ဆံသားဟာ ပိတုန္းေရာင္လိုနက္ေမွာင္ လာပါလိမ့္မယ္။
သီတာႏြယ္(အမရပူရ)
(Unicode)
ကြိတ်မှန်အကြောင်းသိကောင်းစရာ
ကြိတ်မှန်ပင်ဟာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ နေရာအနှံ့ပေါများစွာပေါက်ရောက်သော အပင်ဖြစ်ပါတယ်။
ကြိတ်မှန်ပင်ကို ရုက္ခဗေဒ လို Eclipta alba(L)Hassk လို့ခေါ်ပါတယ်။
အင်္ဂလိပ်လိုတော့ Trailing Eclipta သို့မဟုတ် Ink plant လို့ခေါ်ပါတယ်။
တနှစ်ခံပင်ပျော့အမျိုးအစားဖြစ်ပါတယ်။ကြိတ်မှန်ပင်ရဲ့ပင်စည်ဟာ နီညိုရောင်ရှိပြီး အမွှေးကြမ်းလေးတွေရှိပါတယ်။
သူ့ရဲ့အရွက်ပုံစံကတော့ ရွက်ဆိုင်ထွက်ပြီး ရွက်ညှာနဲ့ရွယ်စွယ်မရှိသော လှံသွားပုံအရွက်ပုံစံဖြစ်ပါတယ်။ထိပ်ဖက်ထွက်(သို့မဟုတ်) ရွက်ကြားထွက် ဦးခေါင်းငယ်ပန်းခိုင်မျိုးဖြစ်ပါတယ်။
အပွင့်အနေနဲ့တော့ အဖြူရောင်ပန်းပွင့်ကလေးတွေကို ဖူးပွင့်ပါတယ်။
ကြိတ်မှန်ပင်ဟာ ပဉ္စငါးပါးလုံး အသုံးဝင်တဲ့အပင်ပါ။
သူ့မှာ Coumarin,a-terthienyl-methanol,stigmasterol,bamyrin,amino acid စတဲ့ ဓါတ်တွေများစွာပါဝင်ပြီး ဘက်တီးရီးယားပိုးမွှားများ ပေါက်ရောက်မှုကို ဟန့်တားနိုင်သော အစွမ်း(Antibacterial Activity)၊ရောင်ရမ်းမှုတွေကို သက်သာစေနိုင်သောအစွမ်း(Anti-inflammatory activity)၊ဓါတ်မတည့်လို့ယားယံခြင်းကို သက်သာစေနိုင်သောအစွမ်း၊ဆံပင်ကိုထူလာစေပြီး နက်မှောင်သန်စွမ်းစေသောအစွမ်း စတဲ့အစွမ်းသတ္တိတွေ များစွာရှိပါတယ်။
ဒီလိုအစွမ်းသတ္တိတွေများစွာရှိတဲ့အတွက် ကြိတ်မှန်ပင်ကို တိုင်းရင်းဆေးအသုံးအနေနဲ့ ချောင်းဆိုးသွေးပါ၊ဝမ်းကိုက်သွေးပါ၊အရေပြားအနာ၊မီးယပ်နဲ့ဆိုင်သောရောဂါ၊အသည်းရောင်အသားဝါရောဂါ၊ဆံပင်ပါးတဲ့ဆံပင်အပေါက်နည်းတဲ့ပြသာနာစတဲ့ရောဂါပြသာနာတွေကိုကုသရာမှာ တခြားဆေးဘက်ဝင်ပစ္စည်းတွေနဲ့အချိုးကျရောနှောပြီး ထည့်သွင်းဖော်စပ်ကာ အသုံးပြုလေ့ရှိပါတယ်။
ကြိတ်မှန်ရွက်နဲ့ ပတ်သက်ပြီး အိမ်တွင်းဆေးမြီးတိုအသုံးအနေနဲ့ သိသလောက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
မီးပူကပ်မိတာ၊ရေနွေးပူလောင်တာ တွေဖြစ်ပါက ကြိတ်မှန်ရွက်ကို ပင်စိမ်းရွက်နဲ့ဆတူရောထောင်းကာ ထွက်လာတဲ့သတ္ထုရည်ကို တနေ့နှစ်ကြိမ်လိမ်းပေးနိုင်ပါတယ်။
ယားလို့ကုတ်ရာကနေ အရေပြားပေါ်မှာအမာရွတ်တွေကျန်ရင်လည်း ထိုနည်းအတိုင်းလိမ်းပေးနိုင်ပါတယ်။
ဆံပင်က ဆေးမဆိုးဘဲ နီကျင်ကျင်ဖြစ်တာ၊ဆံပင်တွေကျွတ်တာ၊ဆံပင်ပါးတာ၊ဆံပင်အဖျားတွေနှစ်ခွဖြစ်တာတွေအတွက် ကြိတ်မှန်ရွက်ကို မြင်းခွာရွက်၊ကွမ်းရွက်တို့နဲ့ အညီအမျှရောထောင်းပြီး ရလာတဲ့အရည်ကို ရေလေးနည်းနည်းနဲ့ရောကာ နေ့စဉ်လိမ်းပေးပါက ဆံပင်ကျွတ်တာ၊ပါးတာ၊အဖျားနှစ်ခွဖြစ်တာတွေမရှိတော့ဘဲ ဆံသားဟာ ပိတုန်းရောင်လိုနက်မှောင် လာပါလိမ့်မယ်။
သီတာနွယ်(အမရပူရ)