Manuka Honey ဆိုတာဘာလဲ?

Manuka Honey ဆိုတာဘာလဲ?

-Manuka Honey ဆိုတာ ၁၉ ရာစုေလာက္ကေနစျပီး ဥေရာပနိုင္ငံေတြမွာ သဘာဝအိမ္တြင္းေဆးဝါးအျဖစ္ ေခတ္စားလာတဲ့ ပ်ားရည္တစ္မ်ိဳးေပါ့။ Manuka ဆိုတာ နယူးဇီလန္ နိုင္ငံမွာ သဘာဝအေလ်ာက္ အေလ့က်ေပါက္တဲ့ ခ်ံဳပင္ အပုေလးတစ္မ်ိဳးပါ။ ဒီ Manuka ပင္ရဲ႕ပန္းတစ္မ်ိဳးကိုပဲ စားသံုးတဲ့ ပ်ားေလးေတြဆီကရတဲ့ ပ်ားရည္ကို Manuka honey လို႔ေခၚတာပါ။ နယူးဇီလန္ Manuka ပင္ေလးေတြကို အစြဲျပဳဳ ၿပီးေတာ့ေပါ့။

ရိုးရိုးပ်ားရည္နဲ႔ Manuka ပ်ားရည္ ဘာေတြကြာျခားလဲ?

– ရိုးရိုးပ်ားရည္က ပန္းမ်ိဳးစံု အပင္မ်ိဳးစံုကို မွီဝဲထားတဲ့ပ်ားေလးေတြဆီကမွ အဆင့္ဆင့္ ျပန္သန့္စင္ျပီးထုတ္ယူထားတာပါ။ Manuka ပ်ားရည္ကေတာ့ Manuka ပန္းတစ္မ်ိဳးထဲကိုသာ မွီဝဲထားတဲ့ ဥေရာပပ်ားေလးေတြဆီက ထုတ္ယူထားတဲ့အတြက္ ျပန္သန့္စင္ဖို့ မလိုေတာ့ေအာင္ သန့္ရွင္းပါတယ္။
အေရာင္အားျဖင့္ျကည့္မယ္ဆိုရင္လဲ ပံုမွန္ပ်ားရည္က ေရႊညိဳေရာင္တစ္ေျပးထဲ ၾကည္ၾကည္ေလးရွိျပီး နည္းနည္းက်ဲပါတယ္။ Manuka ပ်ားရည္ကေတာ့ ပံုမွန္ထက္ ပိုပ်စ္တယ္ ပိုေနာက္တယ္ အေရာင္နည္းနည္း ပိုရင့္ပါတယ္။

ပ်ားရည္မွာ ဘက္တီးရီးယားပိုးေတြကို သုတ္သင္နိုင္တဲ့ Hydrogen peroxide နဲ့ Methylglyoxal (MGO) လို့ေခၚတဲ့ ပဋိဇီဝဓာတ္သတၱိေတြပါပါတယ္။ ပံုမွန္ပ်ားရည္ေတြမွာ MGO က ပမာဏအနည္းငယ္သာပါျပီးေတာ့ Manuka honey မွာေတာ့ ပမာဏ အလြန္မ်ားျပားစြာ ပါရွိေနပါတယ္။ ပိုထူးျခားတာက MGO မျဖစ္ခင္ အဆင့္ျဖစ္တဲ့ compound တစ္ခု ( precursor of MGO) Dihydroxyacetone ကလဲ Manuka ပန္းရဲ႕ ဝတ္ဆံထဲမွာ အေျမာက္အမ်ားပါဝင္ေနတာပါပဲ။ ဒါက Manuka ပ်ားရည္ကို သာမန္ပ်ားရည္ေတြနဲ႔ ကြာျခားသြားေစတဲ့ အဓိကအခ်က္ပါပဲ။ ေနာက္ထပ္ကြာျခားေစတဲ့ အခ်က္ေတြကေတာ့ Manuka ပ်ားရည္ဟာ ဗီတာမင္နဲ့ သတၱဳဓာတ္ေတြ ေနာက္ဓာတ္တိုးဆန္က်င္ဂုဏ္သတၱိေတြ (Antioxidant property) နဲ႔ အရြယ္တင္နုပ်ိဳေစတဲ့ ဂုဏ္သတၱိေတြ (Anti aging property) ေတြက သာမန္ပ်ားရည္ထက္ ၄ ဆ ပိုမိုပါဝင္ေနတာပါပဲ။

အသန့္စင္ဆံုး အေကာင္းဆံုး Manuka ပ်ားရည္ကို ဘယ္မွာရွာေဖြျကမလဲ?

Manuka ပ်ားရည္ဟာ ခုေခတ္မွာ က်န္းမာေရးအရေရာ အလွပေရးရာအရပါ အမ်ိဳးမ်ိဳး အသံုးဝင္ေနေတာ့ ထုတ္လုပ္သူေတြကလဲ ဒီဇိုင္းမ်ိဳးစံု ပံုစံမ်ိဳးစံုနဲ႔ လြယ္လြယ္ကူကူဝယ္ယူလို႔ ရေနပါျပီ။ အဲေတာ့ အေကာင္းဆံုး Manuka ပ်ားရည္ကို ဘယ္လိုေရြးခ်ယ္ၾကမလဲေပါ့။ Manuka ပ်ားရည္ရဲ႕ အေရအေသြးကို တိုင္းတာဖို႔ အားလံုးက Unique Manuka Factor Rating (UMF) ဆိုျပီး အတိုင္းတာတစ္ခု သတ္မွတ္ထားၾကပါတယ္။ ဒီကိန္းဂဏန္းအတိုင္းတာက ပ်ားရည္ထဲမွာ MGO & Dihydroxyacetone ဘယ္ေလာက္ Level ပါလဲဆိုတာကို ညႊန္းပါတယ္။ UMF rating ျမင့္ေလ ဒီပ်ားရည္ဟာ ေဆးဖက္ဝင္ေလ အရည္ေသြးေကာင္းေလပါ။

UMF 0-4 – MGO တိုင္းတာလို႔မရတဲ့ပမာဏပဲပါပါတယ္။
UMF 5-9 – MGO low level
UMF 10-15 – MGO High level နဲ႔
UMF >16 – MGO Very high level ပါပါတယ္။

ကိုယ္တိုင္အသံုးျပဳဖို႔ ဆိုရင္ေတာ့ UMF level ျမင့္တာကို ေရြးခ်ယ္ဖို့ အၾကံေပးပါရေစေနာ္။

အသန့္စင္ဆံုး Manuka ပ်ားရည္ကိုေတာ့ Manuka ပင္ေလးေတြရဲ႕ ဇာတိျဖစ္တဲ့ New Zealand နိုင္ငံမွာ ရ႐ွိနိုင္ပါတယ္။ နယူးဇီလန္နိုင္ငံက ရရွိတဲ့ Manuka ပ်ားရည္ကေတာ့ UMF level 16 MGO level 260+ ပါရွိပါတယ္။ Austrilia နဲ့ တျခားဥေရာပနိုင္ငံေတြကလဲ Manuka ပ်ားရည္ကို Manuka ပန္းအစား Jelly bush နဲ႔ Golden Tea Tree ကေန အစားထိုးထုတ္လုပ္ျကတာေတြလဲ ရွိပါတယ္။ အေကာင္းဆံုးကေတာ့ Manuka ပန္းတစ္မ်ိဳးထဲကေနရ႐ွိတဲ့ New zealand နိုင္ငံက Manuka ပ်ားရည္ကေတာ့ အေရအေသြး အေကာင္းဆံုးပါပဲ။

ကဲ ေနာက္ Manuka ပ်ားရည္ရဲ႕ က်န္းမာေရးနဲ႔ အသားေရအတြက္ အက်ိဳးျပဳပံုေလးေတြကို ေျပာျပေပးပါမယ္ေနာ္။

– Manuka ပ်ားရည္က အနာက်က္ျမန္ေစတဲ့ ဂုဏ္သတၱိရွိတာေၾကာင့္ မီးေလာင္ဒဏ္ရာ ထိခိုက္ရွနာေတြကို ျမန္ျမန္က်က္ေစတယ္။
-antibacterial ပဋိဇီဝဂုဏ္သတၱိရွိေတာ့ အေရျပားေရာဂါ နွင္းခူ ယားနာေတြကိုသက္သာေစတယ္။
-စားသံုးမွီဝဲရင္လဲ အစာအိမ္နာ အစာမေျကတာေတြကို သက္သာေစျပီး ခႏၶာကိုယ္ခုခံအားကိုလည္း ေကာင္းေစပါတယ္။
– Manuka ပ်ားရည္က သာမန္ပ်ားရည္ေတြထက္ MGO ပမာဏပိုမ်ားတာေၾကာင့္ ဝက္ျခံျပသနာအမ်ိဳးမ်ိဳးကို သက္သာေစတယ္။ အေရျပားရဲ႕ခုခံအားစနစ္ကို ပိုမိုေကာင္းမြန္ေစလို႔ ဝက္ျခံမျဖစ္ေအာင္လဲ ကာကြယ္ေပးနိုင္တယ္။
– ဝက္ျခံေၾကာင့္ျဖစ္တဲ့ အမာရြတ္ေတြ ေနဒဏ္ေလဒဏ္ေျကာင့္ျဖစ္တဲ့ တင္းတိတ္မွဲ႔ေျခာက္ေတြကို ေလ်ာ့ပါးေစတယ္။
-High hydrogen perxoide ပါဝင္တာေၾကာင့္ အေရျပား Tone ကိုညွိေပးလို႔ အသားေရာင္မညီတာေတြကို သက္သာေစတယ္။
-Humectant လို႔ေခၚတဲ့ အားေကာင္းတဲ့ ေရဓာတ္ဆြဲတဲ့ ပစၥည္းပါဝင္တာေၾကာင့္ အသားေရ အစိုဓာတ္ကို ျကာရွည္စြာထိန္းေပးနိုင္တယ္။ၾကည္လင္ေတာက္ပတဲ့ အသားေရ စိုစိုတင္းတင္းေျပာင္ေျပာင္ေလးရဖို႔ ကူညီေပးနိုင္တာေပါ့။
-anti aging properties ေတြအမ်ားၾကီးပါဝင္တာမို႔ အရြယ္မတိုင္ခင္ အေရးေျကာင္းျဖစ္တာေတြကို ကာကြယ္ေပးနိုင္သလို ရွိျပီးသားအေရးေျကာင္းေတြကို ပါးသြားေအာင္ကူညီေပးနိုင္တယ္။
– Royal jelly လို့ေခၚတဲ့ ပ်ားဖေယာင္းကလဲ သာမန္ပ်ားရည္ထက္ပိုပါတာေျကာင့္ အေရျပားကို တင္းရင္းေစျပီး နုပ်ိဳေစပါတယ္။
-က်ြန္မတို႔ အေရျပားရဲ႕ ပံုမွန္ PH ဟာ အက္စစ္ (acid) ဖက္ေရာက္ပါတယ္။ ေန႔စဥ္အသံုးျပဴေနတဲ့ မ်က္နွာသစ္ဆပ္ျပာေတြ အသားေရထိန္းသိမ္းတဲ့ ပစၥည္းအမ်ားစုဟာ အယ္လ္ကာလီ (alkali) ဓာတ္ပိုမ်ားေတာ့ အေရျပားရဲ႕ PH ဟာ Balance မျဖစ္ေတာ့တာေျကာင့္ အေရျပားမ်က္နွာျပင္ ခိုင္ခံ့မႈအားနည္းျပီး အသားေျခာက္တာ အေရးေျကာင္းနဲ႔ ဝက္ျခံျပသနာေတြ ျဖစ္လာနိုင္ပါတယ္။ဒီ Manuka ပ်ားရည္ကေတာ့ PH 4.5 ရွိတာဆိုေတာ့ အေရျပားရဲ႕ PH နဲ႔ အနီးစပ္ဆံုးတူတာေၾကာင့္ အေပၚကျပသနာေတြကို ကာကြယ္ျပီးသားျဖစ္တာေပါ့။
-ေနာက္ Manuka honey က နႈတ္ခမ္းကြဲတာ ေတြကိုလဲ သက္သာေစပါတယ္။

ကဲအဲ့ေတာ့ Manuka ပ်ားရည္ကို ဒီတိုင္းလိမ္းျကမလား? လိမ္းလို႔ကေတာ့ ရတာေပါ့။ ဒါေပမဲ့ ပ်ားရည္ဆိုေတာ့ အျမဲ ကပ္စီးစီးနဲ႔ ဆိုေတာ ့ဘယ္အဆင္ေျပပါ့မလဲ။ အဲ့ျပသနာအတြက္ ေျဖရွင္းေပးဖို႔ အရည္ေသြးအျမင့္ဆံုး နယူးဇီလန္ Manuka ပ်ားရည္ကိုပဲ အေျခခံထုတ္ထားတဲ့ skincare producys ေလးေတြနဲ႔မိတ္ဆက္ေပးပါရေစေနာ္။

အဲဒီ Product ေလးေတြကေတာ့

1. Manuka Honey Gentle Cleanser(All Skin Types)

2.Manuka Honey Purifying Toner

3.Royal Jelly Face Gel (Moisturiser)

4.Manuka Honey Face Cream(Day Cream)

5.Manuka Honey Night Cream

6.Manuka Honey Hand Cream

7.Lip Balm(Bee Propolis)

8.Manuka Honey Soap(Bee Propolis $Cocoa Butter)

တို႔ျဖစ္ပါတယ္…

Beauty’n’Thing

47,U Chit Maung Road

Min Lann Bus Stop

Bahan Yangon ,11201

Opening Hours:9:30Am to 6:30Pm

Facebook inbox or cb m.me/ByBeautyNThings

Viber or Phone:09428068497  ကိုဆက္သြယ္ျပီးဝယ္ယူႏိုင္ပါတယ္ေနာ္…

Dr.ျပည့္ရွင္း

Unicode Version

Manuka Honey ဆိုတာဘာလဲ?

-Manuka Honey ဆိုတာ ၁၉ ရာစုလောက်ကနေစပြီး ဥရောပနိုင်ငံတွေမှာ သဘာဝအိမ်တွင်းဆေးဝါးအဖြစ် ခေတ်စားလာတဲ့ ပျားရည်တစ်မျိုးပေါ့။ Manuka ဆိုတာ နယူးဇီလန် နိုင်ငံမှာ သဘာဝအလျောက် အလေ့ကျပေါက်တဲ့ ချုံပင် အပုလေးတစ်မျိုးပါ။ ဒီ Manuka ပင်ရဲ့ပန်းတစ်မျိုးကိုပဲ စားသုံးတဲ့ ပျားလေးတွေဆီကရတဲ့ ပျားရည်ကို Manuka honey လို့ခေါ်တာပါ။ နယူးဇီလန် Manuka ပင်လေးတွေကို အစွဲပြုု ပြီးတော့ပေါ့။

ရိုးရိုးပျားရည်နဲ့ Manuka ပျားရည် ဘာတွေကွာခြားလဲ?
– ရိုးရိုးပျားရည်က ပန်းမျိုးစုံ အပင်မျိုးစုံကို မှီဝဲထားတဲ့ပျားလေးတွေဆီကမှ အဆင့်ဆင့် ပြန်သန့်စင်ပြီးထုတ်ယူထားတာပါ။ Manuka ပျားရည်ကတော့ Manuka ပန်းတစ်မျိုးထဲကိုသာ မှီဝဲထားတဲ့ ဥရောပပျားလေးတွေဆီက ထုတ်ယူထားတဲ့ အတွက် ပြန်သန့်စင်ဖို့ မလိုတော့အောင် သန့်ရှင်းပါတယ်။
အရောင်အားဖြင့်ကြည့်မယ်ဆိုရင်လဲ ပုံမှန်ပျားရည်က ရွှေညိုရောင်တစ်ပြေးထဲ ကြည်ကြည်လေးရှိပြီး နည်းနည်းကျဲပါတယ်။ Manuka ပျားရည်ကတော့ ပုံမှန်ထက် ပိုပျစ်တယ် ပိုနောက်တယ် အရောင်နည်းနည်း ပိုရင့်ပါတယ်။
ပျားရည်မှာ ဘက်တီးရီးယားပိုးတွေကို သုတ်သင်နိုင်တဲ့ Hydrogen peroxide နဲ့ Methylglyoxal (MGO) လို့ခေါ်တဲ့ ပဋိဇီဝဓာတ်သတ္တိတွေပါပါတယ်။ ပုံမှန်ပျားရည်တွေမှာ MGO က ပမာဏအနည်းငယ်သာပါပြီးတော့ Manuka honey မှာတော့ ပမာဏ အလွန်များပြားစွာ ပါရှိနေပါတယ်။ ပိုထူးခြားတာက MGO မဖြစ်ခင် အဆင့်ဖြစ်တဲ့ compound တစ်ခု ( precursor of MGO) Dihydroxyacetone ကလဲ Manuka ပန်းရဲ့ ဝတ်ဆံထဲမှာ အမြောက်အများပါဝင်နေတာပါပဲ။ ဒါက Manuka ပျားရည်ကို သာမန်ပျားရည်တွေနဲ့ ကွာခြားသွားစေတဲ့ အဓိကအချက်ပါပဲ။ နောက်ထပ်ကွာခြားစေတဲ့ အချက်တွေကတော့ Manuka ပျားရည်ဟာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ နောက် ဓာတ်တိုးဆန်ကျင်ဂုဏ်သတ္တိတွေ (Antioxidant property) နဲ့ အရွယ်တင်နုပျိုစေတဲ့ ဂုဏ်သတ္တိတွေ (Anti aging property) တွေက သာမန်ပျားရည်ထက် ၄ ဆ ပိုမိုပါဝင်နေတာပါပဲ။

အသန့်စင်ဆုံး အကောင်းဆုံး Manuka ပျားရည်ကို ဘယ်မှာရှာဖွေကြမလဲ?

Manuka ပျားရည်ဟာ ခုခေတ်မှာ ကျန်းမာရေးအရရော အလှပရေးရာအရပါ အမျိုးမျိုး အသုံးဝင်နေတော့ ထုတ်လုပ်သူတွေကလဲ ဒီဇိုင်းမျိုးစုံ ပုံစံမျိုးစုံနဲ့ လွယ်လွယ်ကူကူဝယ်ယူလို့ ရနေပါပြီ။ အဲတော့ အကောင်းဆုံး Manuka ပျားရည်ကို ဘယ်လိုရွေးချယ်ကြမလဲပေါ့။ Manuka ပျားရည်ရဲ့ အရေအသွေးကို တိုင်းတာဖို့ အားလုံးက Unique Manuka Factor Rating (UMF) ဆိုပြီး အတိုင်းတာတစ်ခု သတ်မှတ်ထားကြပါတယ်။ ဒီကိန်းဂဏန်းအတိုင်းတာက ပျားရည်ထဲမှာ MGO & Dihydroxyacetone ဘယ်လောက် Level ပါလဲဆိုတာကို ညွှန်းပါတယ်။ UMF rating မြင့်လေ ဒီပျားရည်ဟာ ဆေးဖက်ဝင်လေ အရည်သွေးကောင်းလေပါ။

UMF 0-4 – MGO တိုင်းတာလို့မရတဲ့ပမာဏပဲပါပါတယ်။
UMF 5-9 – MGO low level
UMF 10-15 – MGO High level နဲ့
UMF >16 – MGO Very high level ပါပါတယ်။
ကိုယ်တိုင်အသုံးပြုဖို့ ဆိုရင်တော့ UMF level မြင့်တာကို ရွေးချယ်ဖို့ အကြံပေးပါရစေနော်။
အသန့်စင်ဆုံး Manuka ပျားရည်ကိုတော့ Manuka ပင်လေးတွေရဲ့ ဇာတိဖြစ်တဲ့ New Zealand နိုင်ငံမှာ ရရှိနိုင်ပါတယ်။ နယူးဇီလန်နိုင်ငံက ရရှိတဲ့ Manuka ပျားရည်ကတော့ UMF level 16 MGO level 260+ ပါရှိပါတယ်။ Austrilia နဲ့ တခြားဥရောပနိုင်ငံတွေကလဲ Manuka ပျားရည်ကို Manuka ပန်းအစား Jelly bush နဲ့ Golden Tea Tree ကနေ အစားထိုးထုတ်လုပ်ကြတာတွေလဲ ရှိပါတယ်။ အကောင်းဆုံးကတော့ Manuka ပန်းတစ်မျိုးထဲကနေရရှိတဲ့ New zealand နိုင်ငံက Manuka ပျားရည်ကတော့ အရေအသွေး အကောင်းဆုံးပါပဲ။

ကဲ နောက် Manuka ပျားရည်ရဲ့ ကျန်းမာရေးနဲ့ အသားရေအတွက် အကျိုးပြုပုံလေးတွေကို ပြောပြပေးပါမယ်နော်။
– Manuka ပျားရည်က အနာကျက်မြန်စေတဲ့ ဂုဏ်သတ္တိရှိတာကြောင့် မီးလောင်ဒဏ်ရာ ထိခိုက်ရှနာတွေကို မြန်မြန်ကျက်စေတယ်။
-antibacterial ပဋိဇီဝဂုဏ်သတ္တိရှိတော့ အရေပြားရောဂါ နှင်းခူ ယားနာတွေကိုသက်သာစေတယ်။
-စားသုံးမှီဝဲရင်လဲ အစာအိမ်နာ အစာမကြေတာတွေကို သက်သာစေပြီး ခန္ဓာကိုယ်ခုခံအားကိုလည်း ကောင်းစေပါတယ်။
– Manuka ပျားရည်က သာမန်ပျားရည်တွေထက် MGO ပမာဏပိုများတာကြောင့် ဝက်ခြံပြသနာအမျိုးမျိုးကို သက်သာစေတယ်။ အရေပြားရဲ့ခုခံအားစနစ်ကို ပိုမိုကောင်းမွန်စေလို့ ဝက်ခြံမဖြစ်အောင်လဲ ကာကွယ်ပေးနိုင်တယ်။
– ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေ နေဒဏ်လေဒဏ်ကြောင့်ဖြစ်တဲ့ တင်းတိတ်မှဲ့ခြောက်တွေကို လျော့ပါးစေတယ်။
-High hydrogen perxoide ပါဝင်တာကြောင့် အရေပြား Tone ကိုညှိပေးလို့ အသားရောင်မညီတာတွေကို သက်သာစေတယ်။
-Humectant လို့ခေါ်တဲ့ အားကောင်းတဲ့ ရေဓာတ်ဆွဲတဲ့ ပစ္စည်းပါဝင်တာကြောင့် အသားရေ အစိုဓာတ်ကို ကြာရှည်စွာထိန်းပေးနိုင်တယ်။ကြည်လင်တောက်ပတဲ့ အသားရေ စိုစိုတင်းတင်းပြောင်ပြောင်လေးရဖို့ ကူညီပေးနိုင်တာပေါ့။
-anti aging properties တွေအများကြီးပါဝင်တာမို့ အရွယ်မတိုင်ခင် အရေးကြောင်းဖြစ်တာတွေကို ကာကွယ်ပေးနိုင်သလို ရှိပြီးသားအရေးကြောင်းတွေကို ပါးသွားအောင်ကူညီပေးနိုင်တယ်။
– Royal jelly လို့ခေါ်တဲ့ ပျားဖယောင်းကလဲ သာမန်ပျားရည်ထက်ပိုပါတာကြောင့် အရေပြားကို တင်းရင်းစေပြီး နုပျိုစေပါတယ်။
-ကျွန်မတို့ အရေပြားရဲ့ ပုံမှန် PH ဟာ အက်စစ် (acid) ဖက်ရောက်ပါတယ်။ နေ့စဉ်အသုံးပြူနေတဲ့ မျက်နှာသစ်ဆပ်ပြာတွေ အသားရေထိန်းသိမ်းတဲ့ ပစ္စည်းအများစုဟာ အယ်လ်ကာလီ (alkali) ဓာတ်ပိုများတော့ အရေပြားရဲ့ PH ဟာ Balance မဖြစ်တော့တာကြောင့် အရေပြားမျက်နှာပြင် ခိုင်ခံ့မှုအားနည်းပြီး အသားခြောက်တာ အရေးကြောင်းနဲ့ ဝက်ခြံပြသနာတွေ ဖြစ်လာနိုင်ပါတယ်။ဒီ Manuka ပျားရည်ကတော့ PH 4.5 ရှိတာဆိုတော့ အရေပြားရဲ့ PH နဲ့ အနီးစပ်ဆုံးတူတာကြောင့် အပေါ်ကပြသနာတွေကို ကာကွယ်ပြီးသားဖြစ်တာပေါ့။
-နောက် Manuka honey က နှုတ်ခမ်းကွဲတာ တွေကိုလဲ သက်သာစေပါတယ်။

ကဲအဲ့တော့ Manuka ပျားရည်ကို ဒီတိုင်းလိမ်းကြမလား? လိမ်းလို့ကတော့ ရတာပေါ့။ ဒါပေမဲ့ ပျားရည်ဆိုတော့ အမြဲ ကပ်စီးစီးနဲ့ ဆိုတော့ဘယ်အဆင်ပြေပါ့မလဲ။ အဲ့ပြသနာအတွက် ဖြေရှင်းပေးဖို့ အရည်သွေးအမြင့်ဆုံး နယူးဇီလန် Manuka ပျားရည်ကိုပဲ အခြေခံထုတ်ထားတဲ့ skincare producys လေးတွေနဲ့မိတ်ဆက်ပေးပါရစေနော်။

အဲဒီ Product လေးတွေကတော့

1. Manuka Honey Gentle Cleanser(All Skin Types)

2.Manuka Honey Purifying Toner

3.Royal Jelly Face Gel (Moisturiser)

4.Manuka Honey Face Cream(Day Cream)

5.Manuka Honey Night Cream

6.Manuka Honey Hand Cream

7.Lip Balm(Bee Propolis)

8.Manuka Honey Soap(Bee Propolis $Cocoa Butter) တို႔ျဖစ္ပါတယ္…

Beauty’n’Thing

47,U Chit Maung Road

Min Lann Bus Stop

Bahan Yangon ,11201

Opening Hours:9:30Am to 6:30Pm

Facebook inbox or cb m.me/ByBeautyNThings

Viber or Phone:09428068497  ကိုဆက်သွယ်ပြီးဝယ်ယူနိုင်ပါတယ်နော်..

Dr.ပြည့်ရှင်း

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image