အစာအိမ်သမားတွေအတွက်  နနွင်း

အစာအိမ္သမားေတြအတြက္  နႏြင္း

ဒီတပတ္မွာ ကြ်န္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြေန႔စဥ္စားျဖစ္တဲ႔နႏြင္းအေၾကာင္းကို ေရးသားတင္ျပခ်င္ပါတယ္။

နႏြင္းကို တခ်ိဳ႕ကလည္း ဆႏြင္းလို႔လည္းေခၚပါတယ္။

နႏြင္း(ဆႏြင္း)ဟာ ကြ်န္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြရဲ႕မိးဖိုေခ်ာင္မွာ အျမဲရွိတဲ႔ပစၥည္းေတြထဲက တခုျဖစ္ပါတယ္။

ေန႔စဥ္ဟင္းခ်က္ရာမွာ ဟင္းေတြကိုအေရာင္တင္ရန္အတြက္ေသာ္လည္းေကာင္း၊ဟင္းခတ္အေမႊးအၾကိဳင္အျဖစ္ေသာ္လည္းေကာင္း ထည္႔သံုးေလ႔ရွိပါတယ္။

နႏြင္း(ဆႏြင္း)ကိုအဂၤလိပ္လို Tumeric လို႔ေခၚပါတယ္။

ရုကၡေဗဒနာမည္ကေတာ႔ Curcuma longa L ျဖစ္ပါတယ္။

မ်ိဳးရင္းကေတာ႔ Zingiberaceae ပါ။

နႏြင္းပင္ဟာ ပင္ေပ်ာ႔ျဖစ္ျပီး ၄ေပေက်ာ္ထိျမင္႔တတ္ပါတယ္။ေျမေအာက္ပင္စည္မ်ိဳးျဖစ္ပါတယ္။

အရြက္ေတြဟာၾကီးမားျပီး ရွည္ေမ်ာေမ်ာ လွံစြပ္ပံုသ႑ာန္ရွိပါတယ္။

နႏြင္းပင္ဟာ ျမန္မာျပည္အထက္ပိုင္းေတာေတာင္မ်ားမွာ သဘာ၀အေလ်ာက္ေပါက္ေရာက္ေလ႔ရွိပါတယ္။

နႏြင္းကို နႏြင္းပင္ရဲ႕ေျမေအာက္ပင္စည္အစိတ္အပိုင္းျဖစ္တဲ႔ နႏြင္းတက္ ကေနရပါတယ္။

နႏြင္းတက္မွာ ညိဳ၀ါေရာင္အခြံပါးရွိျပီး သူရဲ႕အတြင္းသားဟာ ေတာက္ပေသာအ၀ါေရာင္ရွိပါတယ္။

ထိုနႏြင္းတက္ကိုအေျခာက္လွမ္းအမႈန္႔ၾကိတ္ျခင္းျဖင္႔ နႏြင္းမႈန္႔ရပါတယ္။

နႏြင္းမွာ monoterpenes,sequiterpenes,essential oils(turmerone,zingiberene,cineole),Curcumin စတဲ႔ဓါတ္ေတြနဲ႔ ဗီတာမင္ဘီဆစ္၊စီ၊ပိုတက္စီယမ္၊မဂၢနီဆီယမ္၊ေကာ႔ပါး၊ဇင္႔ စတဲ႔ ဗီတာမင္နဲ႔သတၳဳဓါတ္ေတြၾကြယ္၀မ်ားျပားစံုလင္စြာပါ၀င္ပါတဲ႔အတြက္ က်န္းမာေရးကို အလြန္အေထာက္အကူျပဳပါတယ္။

အထူးသျဖင္႔ နႏြင္းမွာပါတဲ႔ Curcumin ဓါတ္က က်န္းမာေရးအတြက္ ေတာ္ေတာ္ေလးကိုအက်ိဳးမ်ားေစပါတယ္။

Curcumin ဓါတ္ဟာ ေရာင္ရမ္းတာေတြကိုေလ်ာ႔ပါးသက္သာေစတဲ႔အစြမး္(Anti inflammatory action) ရွိတဲ႔အတြက္ အရိုးအဆစ္ေတြေရာင္ရမ္းတာ၊ဒူးနာ၊ေျခက်င္း၀တ္နာတာ၊ဓါတ္မတည္႔လို႔ေလျပြန္ေရာင္တာ စတဲ႔ေရာဂါေတြကိုသက္သာေစနိုိင္ပါတယ္။

Curcumin ဓါတ္ဟာ ဗီတာမင္စီ နဲ႔ အီး လို အစြမ္းထက္ေသာ anti-oxidants property (ဓါတ္တိုးဆန႔္က်င္သတၱိ) ပါရွိတဲ့ အတြက္ အရြယ္တင္နုပ်ိဳေစကာ ကင္ဆာေရာဂါမ်ား ကို တဖက္တလမ္းက ကာကြယ္ေပးပါတယ္။

သုေတသနေတြအရ Curcumin ျဒပ္ေပါင္းသည္ အစာအိမ္ မွ အက္စစ္ရည္အထြက္မ်ားျခင္းကို ေလ်ာ႔နည္းသက္သာေစျပီး အစာအိမ္နဲ႔အူနံရံအတြင္းမ်က္နွာျပင္ေတြကို အကာကြယ္ေပးတဲ႔အတြက္

အက္စစ္ရည္အထြက္မ်ားလို႔အစာအိမ္အနာျဖစ္တာ၊အူလမ္းေၾကာင္းမွာအနာျဖစ္ျခင္း ေတြမွ တားဆီးကာကြယ္ေပးနိုင္ပါတယ္။

Curcumin ျဒပ္ေပါင္းဟာ အာရံုေၾကာဆဲလ္ေတြကို တိုးပြားမ်ားျပားေစတဲ႔အတြက္ အခုေနာက္ပိုင္း အျဖစ္မ်ားလာတဲ့ စိတ္ဓါတ္က်ေရာဂါ ႏွင့္ အယ္ဇိုင္းမား (Alzheimer’s disease) ေရာဂါ တို႔ ကို ပါ အတိုင္းအတာတစ္ခု အထိ ကာကြယ္ေပးႏိုင္တယ္။

ျမန္မာ႔ေဆးက်မ္းမ်ားမွာေတာ႔ နႏြင္းသည္ပူ၏။စပ္ရွားရွားအရသာရွိ၏။ခါးသက္ျပီး ဆိမ္႔ေသာအရသာ အနည္းငယ္ရွိ၏။ကိုယ္ေရေႏြးေစ၏။ပူေသာ ဂုဏ္သတၱိရွိ၏။ေလကိုနိုင္၏။၀မ္းမီးကိုေတာက္ေစျပီး အစာမေၾကေရာဂါကို ေပ်ာက္ကင္းေစတတ္၏။ ဆိုျပီး နႏြင္းရဲ႕အစြမ္းသတၱိေတြကိုေရးသားေဖာ္ျပထားပါတယ္။

ဒါေၾကာင္႔ ျခံဳေျပာရရင္ နႏြင္းဟာ ခႏၶာကိုယ္အတြက္သာမက ဦးေနွာက္နဲ႔စိတ္ကိုပါ က်န္းမာေစနိုင္တဲ႔အတြက္ မၾကာမၾကာ သို႔မဟုတ္ ေန႔တိုင္း ဟင္းခ်က္တဲ႔ထဲထည္႔ကာ စားေပးသင္႔ပါတယ္။

သို႔ေသာ္  သည္းေျခအိတ္မွာေက်ာက္တည္တဲ႔သူေတြ၊သည္းေျချပြန္ပိတ္တဲ႔ေရာဂါရွိသူေတြ၊ကိုယ္၀န္လနုတဲ႔ကိုယ္၀န္ေဆာင္ေတြ၊ေက်ာက္ကပ္ေက်ာက္တည္တတ္တဲ႔ေရာဂါရွိသူေတြ ဆိုရင္ေတာ႔ နႏြင္းကိုမစားသင္႔ပါဘူး။

Drသီတာႏြယ္(အမရပူရ)

Unicode Version

အစာအိမ်သမားတွေအတွက်  နနွင်း

ဒီတပတ်မှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေနေ့စဉ်စားဖြစ်တဲ့နနွင်းအကြောင်းကို ရေးသားတင်ပြချင်ပါတယ်။

နနွင်းကို တချို့ကလည်း ဆနွင်းလို့လည်းခေါ်ပါတယ်။

နနွင်း(ဆနွင်း)ဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့မိးဖိုချောင်မှာ အမြဲရှိတဲ့ပစ္စည်းတွေထဲက တခုဖြစ်ပါတယ်။

နေ့စဉ်ဟင်းချက်ရာမှာ ဟင်းတွေကိုအရောင်တင်ရန်အတွက်သော်လည်းကောင်း၊ဟင်းခတ်အမွှေးအကြိုင်အဖြစ်သော်လည်းကောင်း ထည့်သုံးလေ့ရှိပါတယ်။

နနွင်း(ဆနွင်း)ကိုအင်္ဂလိပ်လို Tumeric လို့ခေါ်ပါတယ်။

ရုက္ခဗေဒနာမည်ကတော့ Curcuma longa L ဖြစ်ပါတယ်။

မျိုးရင်းကတော့ Zingiberaceae ပါ။

နနွင်းပင်ဟာ ပင်ပျော့ဖြစ်ပြီး ၄ပေကျော်ထိမြင့်တတ်ပါတယ်။မြေအောက်ပင်စည်မျိုးဖြစ်ပါတယ်။

အရွက်တွေဟာကြီးမားပြီး ရှည်မျောမျော လှံစွပ်ပုံသဏ္ဍာန်ရှိပါတယ်။

နနွင်းပင်ဟာ မြန်မာပြည်အထက်ပိုင်းတောတောင်များမှာ သဘာဝအလျောက်ပေါက်ရောက်လေ့ရှိပါတယ်။

နနွင်းကို နနွင်းပင်ရဲ့မြေအောက်ပင်စည်အစိတ်အပိုင်းဖြစ်တဲ့ နနွင်းတက် ကနေရပါတယ်။

နနွင်းတက်မှာ ညိုဝါရောင်အခွံပါးရှိပြီး သူရဲ့အတွင်းသားဟာ တောက်ပသောအဝါရောင်ရှိပါတယ်။

ထိုနနွင်းတက်ကိုအခြောက်လှမ်းအမှုန့်ကြိတ်ခြင်းဖြင့် နနွင်းမှုန့်ရပါတယ်။

နနွင်းမှာ monoterpenes,sequiterpenes,essential oils(turmerone,zingiberene,cineole),Curcumin စတဲ့ဓါတ်တွေနဲ့ ဗီတာမင်ဘီဆစ်၊စီ၊ပိုတက်စီယမ်၊မဂ္ဂနီဆီယမ်၊ကော့ပါး၊ဇင့် စတဲ့ ဗီတာမင်နဲ့သတ္ထုဓါတ်တွေကြွယ်ဝများပြားစုံလင်စွာပါဝင်ပါတဲ့အတွက် ကျန်းမာရေးကို အလွန်အထောက်အကူပြုပါတယ်။

အထူးသဖြင့် နနွင်းမှာပါတဲ့ Curcumin ဓါတ်က ကျန်းမာရေးအတွက် တော်တော်လေးကိုအကျိုးများစေပါတယ်။

Curcumin ဓါတ်ဟာ ရောင်ရမ်းတာတွေကိုလျော့ပါးသက်သာစေတဲ့အစွမ်း(Anti inflammatory action) ရှိတဲ့အတွက် အရိုးအဆစ်တွေရောင်ရမ်းတာ၊ဒူးနာ၊ခြေကျင်းဝတ်နာတာ၊ဓါတ်မတည့်လို့လေပြွန်ရောင်တာ စတဲ့ရောဂါတွေကိုသက်သာစေနိုင်ပါတယ်။

Curcumin ဓါတ်ဟာ ဗီတာမင်စီ နဲ့ အီး လို အစွမ်းထက်သော anti-oxidants property (ဓါတ်တိုးဆန့်ကျင်သတ္တိ) ပါရှိတဲ့ အတွက် အရွယ်တင်နုပျိုစေကာ ကင်ဆာရောဂါများ ကို တဖက်တလမ်းက ကာကွယ်ပေးပါတယ်။

သုတေသနတွေအရ Curcumin ဒြပ်ပေါင်းသည် အစာအိမ် မှ အက်စစ်ရည်အထွက်များခြင်းကို လျော့နည်းသက်သာစေပြီး အစာအိမ်နဲ့အူနံရံအတွင်းမျက်နှာပြင်တွေကို အကာကွယ်ပေးတဲ့အတွက်

အက်စစ်ရည်အထွက်များလို့အစာအိမ်အနာဖြစ်တာ၊အူလမ်းကြောင်းမှာအနာဖြစ်ခြင်း တွေမှ တားဆီးကာကွယ်ပေးနိုင်ပါတယ်။

Curcumin ဒြပ်ပေါင်းဟာ အာရုံကြောဆဲလ်တွေကို တိုးပွားများပြားစေတဲ့အတွက် အခုနောက်ပိုင်း အဖြစ်များလာတဲ့ စိတ်ဓါတ်ကျရောဂါ နှင့် အယ်ဇိုင်းမား (Alzheimer’s disease) ရောဂါ တို့ ကို ပါ အတိုင်းအတာတစ်ခု အထိ ကာကွယ်ပေးနိုင်တယ်။

မြန်မာ့ဆေးကျမ်းများမှာတော့ နနွင်းသည်ပူ၏။စပ်ရှားရှားအရသာရှိ၏။ခါးသက်ပြီး ဆိမ့်သောအရသာ အနည်းငယ်ရှိ၏။ကိုယ်ရေနွေးစေ၏။ပူသော ဂုဏ်သတ္တိရှိ၏။လေကိုနိုင်၏။ဝမ်းမီးကိုတောက်စေပြီး အစာမကြေရောဂါကို ပျောက်ကင်းစေတတ်၏။ ဆိုပြီး နနွင်းရဲ့အစွမ်းသတ္တိတွေကိုရေးသားဖော်ပြထားပါတယ်။

ဒါကြောင့် ခြုံပြောရရင် နနွင်းဟာ ခန္ဓာကိုယ်အတွက်သာမက ဦးနှောက်နဲ့စိတ်ကိုပါ ကျန်းမာစေနိုင်တဲ့အတွက် မကြာမကြာ သို့မဟုတ် နေ့တိုင်း ဟင်းချက်တဲ့ထဲထည့်ကာ စားပေးသင့်ပါတယ်။

သို့သော်  သည်းခြေအိတ်မှာကျောက်တည်တဲ့သူတွေ၊သည်းခြေပြွန်ပိတ်တဲ့ရောဂါရှိသူတွေ၊ကိုယ်ဝန်လနုတဲ့ကိုယ်ဝန်ဆောင်တွေ၊ကျောက်ကပ်ကျောက်တည်တတ်တဲ့ရောဂါရှိသူတွေ ဆိုရင်တော့ နနွင်းကိုမစားသင့်ပါဘူး။

Drသီတာနွယ်(အမရပူရ)

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image