စားတိုင်းကောင်းသလား…… နဂါးမောက်သီး

စားတိုုင္းေကာင္းသလား…… နဂါးေမာက္သီး

နဂါးေမာက္သီးဟာ အခုေနာက္ပိုင္းမွာ ေဆးဖက္၀င္တယ္ဆိုျပီး အေတာ္ေလးလူစားမ်ားလာတဲ႔အသီးအႏွံတမ်ိဳးျဖစ္ပါတယ္။

နဂါးေမာက္သီးကို အဂၤလိပ္လို Dragon Fruit လို႔ေခၚပါတယ္။တခ်ိဳ႕နိုင္ငံေတြကေတာ႔ Pitaya သို႔မဟုတ္ Pitahaya လို႔ေခၚၾကပါတယ္။

ရုကၡေဗဒနာမည္ကေတာ႔ Hylocereus spp ျဖစ္ပါတယ္။

နဂါးေမာက္သီးရဲ႕မူလေဒသကေတာ႔ မကၠဆီကိုနိုင္ငံ ျဖစ္ပါတယ္။

နဂါးေမာက္သီးမွာ

အတြင္းသားအနီေရာင္ရွိျပီး အျပင္အခြံအနီေရာင္ရွိတဲ႔အမ်ိဳးအစား

အတြင္းသားအျဖဴေရာင္ရွိျပီး အျပင္အခြံအနီေရာင္ရွိတဲ႔အမ်ိဳးအစား

အတြင္းသားအျဖဴေရာင္ရွိျပီး အျပင္အခြံအ၀ါေဖ်ာ႔ေရာင္ရွိတဲ႔အမ်ိဳးအစား ဆိုျပီး၃မ်ိဳးရွိပါတယ္။

နဂါးေမာက္သီးကို ခြဲလိုက္ပါက အသားထဲမွာျမဳပ္ေနတဲ႔ နွမ္းေစ႔လိုအေစ႔မည္းေလးေတြကိုေတြ႔ရျပီး ထိုအေစ႔ေလးေတြကိုလည္း ဒီအတိုင္းစားလို႔ရပါတယ္။

ထိုအေစ႔ေလးေတြထဲမွာ လူေတြရဲ႕က်န္းမာေရးကို လြန္စြာအေထာက္အကူျပဳတဲ႔ မျပည္႔၀ဆီ(unsaturated fatty acids)ေတြၾကြယ္၀စြာပါ၀င္ပါတယ္။

နဂါးေမာက္သီးတြင္ ေရဓါတ္၊ကာဘိုဟိုက္ဒရိတ္ဓါတ္၊ပရိုတင္းဓါတ္၊အမွ်င္ဓါတ္၊ဗီတာမင္ဘီ၊စီ၊သံဓါတ္၊မီးစုန္းဓါတ္၊ကယ္လ္ဆီယမ္ဓါတ၊္အေစ႔ေတြထဲကအဆီဓါတ္ စတဲ႔ဓါတ္ေတြပါ၀င္ပါတယ္။

ဒီလိုအက်ိဳးျပဳဓါတ္ေတြမ်ားစြာပါ၀င္တဲ႔အတြက္ နဂါးေမာက္သီးရဲ႕က်န္းမာေရးအက်ိဳးေက်းဇူးေတြကလည္းအမ်ားၾကီးရွိပါတယ။္

နဂါးေမာက္သီးမွာေရဓါတ္နဲ႔အမွ်င္ဓါတ္မ်ားစြာပါ၀င္တာေၾကာင္႔ ေရငတ္ေျပေစျပီး၊၀မ္းမွန္ေစကာ ၀မ္းခ်ဳပ္ျခင္းကင္းေ၀းေစျပီး အူမၾကီးကင္ဆာျဖစ္ပြားနိုင္ေျခကိုေလ်ာ႔က်ေစပါတယ။္

နဂါးေမာက္သီးအေစ႔ေလးေတြထဲမွာပါတဲ႔ မျပည္႔၀အဆီဓါတ္ဟာ မေကာင္းေသာအဆီဓါတ္ကိုလက္စထေရာကို ေလွ်ာ႔ခ်ရန္ကူညီေပးတဲ႔အတြက္ ကိုယ္အေလးခ်ိန္တိုးျခင္း အ၀လြန္ျခင္းေတြျဖစ္ပြားနိုင္ေျခကို နည္းေစျပီး နွလံုးက်န္းမာေရးကိုေကာင္းမြန္ေစပါတယ္။

ဗီတာမင္စီၾကြယ္၀စြာပါျခင္းေၾကာင္႔ ကိုယ္ခံအားစနစ္ကိုေကာင္းမြန္ေစျပီး ဖ်ားျခင္း အေအးမိနွာေစးေခ်ာင္းဆိုး ျဖစ္ျခင္းေတြကို ေလ်ာ႔နည္းေစနိုင္ပါတယ္။

မီးစုန္းဓါတ္နဲ႔ကယ္လ္ဆီယံဓါတ္ၾကြယ္၀စြာပါျခင္းေၾကာင္႔ သြားနဲ႔အရိုးေတြကိုခိုု္င္မာေစပါတယ္။

သံဓါတ္ၾကြယ္၀စြာပါတာေၾကာင္႔ ဦးေနွာက္မွတ္ဥာဏ္ကိုအားျဖည္႔ေပးနိုင္ပါတယ္။

ဒါ႔အျပင္ ေဆးဖက္၀င္ဓါတ္ပစၥည္းေတြျဖစ္တဲ႔ Glycoside နဲ႔ Phenolic compounds ေတြလည္းမ်ားစြာပါ၀င္တဲ႔အတြက္ ဓါတ္တိုးဆန္႔က်င္တဲ႔အစြမ္းသတၱိ(Antioxidant action)၊အေရာင္က်ေစတဲ႔အစြမ္းသတၱိ(Anti-inflammatory action)၊ေသြးတြင္းအဆီဓါတ္ကိုေလ်ာ႔က်ေစတဲ႔အစြမ္းသတၱိ(Anti-hyperlipidaemic action)ေတြလည္းရွိပါတယ္။

ဒီလိုအစြမ္းသတၱိေတြရွိတဲ႔အတြက္ နဂါးေမာက္သီးဟာ ခႏၶာကိုယ္ထဲရွိအဆိပ္အေတာက္(Free redicals)မ်ားကိုပ်က္ျပယ္ေစျပီး အရြယ္မတိုင္ခင္အိုမင္းရင္႔ေရာ္ျခင္း၊ကင္ဆာျဖစ္ပြားနိုင္ျခင္းေတြကိုေလ်ာ႔နည္းေစပါတယ္။

ဒဏ္ရာမ်ား၊ေရာင္ရမ္းျခင္းမ်ားကိုလည္း သက္သာေပ်ာက္ကင္းေစနိုင္ပါတယ္။

နဂါးေမာက္သီးဟာ ကိုယ္၀န္ေဆာင္ေတြနဲ႔လည္းအထူးသင္႔ေတာ္ျပီး ေန႔စဥ္စားသင္႔ပါတယ္။

နဂါးေမာက္သီးကို အခ်ိဳပြဲအေနနဲ႔လည္းစားနိုင္သလို ေဖ်ာ္ရည္လုပ္ေသာက္လို႔လည္းရပါတယ္။ႏြားနို႔နဲ႔လည္းတြဲဖက္စားသံုးနိုင္ပါတယ္။

အဆံုးသတ္အေနနဲ႔ေျပာခ်င္တာကေတာ႔ နဂါးေမာက္သီးအတြင္းသားအနီမ်ိဳးကိုစားျပီးရင္ ဆီးသြားတဲ႔အခါ အနီေရာင္ ပန္းေရာင္ဆီးေတြသြားတတ္ပါတယ္။အဲ႔အခါမွာေၾကာက္လန္႔တၾကားျဖစ္ျပီး နဂါးေမာက္သီးအတြင္းသားအနီမ်ိဳးကို မစားဘဲေနၾကတာမ်ိဳးရွိပါတယ္။

အမွန္တကယ္ေတာ႔ အဲ႔လိုျဖစ္တာဟာ စိုးရိမ္စရာမရွိပါ။

နဂါးေမာက္သီးအတြင္းသားအနီမ်ိဳးမွာပါတဲ႔ ေရမွာေပ်ာ္၀င္ေသာေရာင္ျခယ္ေဆးေၾကာင္႔ျဖစ္တာပါ။အႏၱရာယ္မရွိတဲ႔အတြက္ နဂါးေမာက္သီးအတြင္းသားအနီမ်ိဳးကိုဆက္စားခ်င္ရင္ စားလို႔ရပါတယ္။

Dr သီတာႏြယ္(အမရပူရ)

Unicode Version

စားတိုင်းကောင်းသလား…… နဂါးမောက်သီး

နဂါးမောက်သီးဟာ အခုနောက်ပိုင်းမှာ ဆေးဖက်ဝင်တယ်ဆိုပြီး အတော်လေးလူစားများလာတဲ့အသီးအနှံတမျိုးဖြစ်ပါတယ်။

နဂါးမောက်သီးကို အင်္ဂလိပ်လို Dragon Fruit လို့ခေါ်ပါတယ်။တချို့နိုင်ငံတွေကတော့ Pitaya သို့မဟုတ် Pitahaya လို့ခေါ်ကြပါတယ်။

ရုက္ခဗေဒနာမည်ကတော့ Hylocereus spp ဖြစ်ပါတယ်။

နဂါးမောက်သီးရဲ့မူလဒေသကတော့ မက္ကဆီကိုနိုင်ငံ ဖြစ်ပါတယ်။

နဂါးမောက်သီးမှာ

အတွင်းသားအနီရောင်ရှိပြီး အပြင်အခွံအနီရောင်ရှိတဲ့အမျိုးအစား

အတွင်းသားအဖြူရောင်ရှိပြီး အပြင်အခွံအနီရောင်ရှိတဲ့အမျိုးအစား

အတွင်းသားအဖြူရောင်ရှိပြီး အပြင်အခွံအဝါဖျော့ရောင်ရှိတဲ့အမျိုးအစား ဆိုပြီး၃မျိုးရှိပါတယ်။

နဂါးမောက်သီးကို ခွဲလိုက်ပါက အသားထဲမှာမြုပ်နေတဲ့ နှမ်းစေ့လိုအစေ့မည်းလေးတွေကိုတွေ့ရပြီး ထိုအစေ့လေးတွေကိုလည်း ဒီအတိုင်းစားလို့ရပါတယ်။

ထိုအစေ့လေးတွေထဲမှာ လူတွေရဲ့ကျန်းမာရေးကို လွန်စွာအထောက်အကူပြုတဲ့ မပြည့်ဝဆီ(unsaturated fatty acids)တွေကြွယ်ဝစွာပါဝင်ပါတယ်။

နဂါးမောက်သီးတွင် ရေဓါတ်၊ကာဘိုဟိုက်ဒရိတ်ဓါတ်၊ပရိုတင်းဓါတ်၊အမျှင်ဓါတ်၊ဗီတာမင်ဘီ၊စီ၊သံဓါတ်၊မီးစုန်းဓါတ်၊ကယ်လ်ဆီယမ်ဓါတ၊်အစေ့တွေထဲကအဆီဓါတ် စတဲ့ဓါတ်တွေပါဝင်ပါတယ်။

ဒီလိုအကျိုးပြုဓါတ်တွေများစွာပါဝင်တဲ့အတွက် နဂါးမောက်သီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကလည်းအများကြီးရှိပါတယ။်

နဂါးမောက်သီးမှာရေဓါတ်နဲ့အမျှင်ဓါတ်များစွာပါဝင်တာကြောင့် ရေငတ်ပြေစေပြီး၊ဝမ်းမှန်စေကာ ဝမ်းချုပ်ခြင်းကင်းဝေးစေပြီး အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေကိုလျော့ကျစေပါတယ။်

နဂါးမောက်သီးအစေ့လေးတွေထဲမှာပါတဲ့ မပြည့်ဝအဆီဓါတ်ဟာ မကောင်းသောအဆီဓါတ်ကိုလက်စထရောကို လျှော့ချရန်ကူညီပေးတဲ့အတွက် ကိုယ်အလေးချိန်တိုးခြင်း အဝလွန်ခြင်းတွေဖြစ်ပွားနိုင်ခြေကို နည်းစေပြီး နှလုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။

ဗီတာမင်စီကြွယ်ဝစွာပါခြင်းကြောင့် ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ဖျားခြင်း အအေးမိနှာစေးချောင်းဆိုး ဖြစ်ခြင်းတွေကို လျော့နည်းစေနိုင်ပါတယ်။

မီးစုန်းဓါတ်နဲ့ကယ်လ်ဆီယံဓါတ်ကြွယ်ဝစွာပါခြင်းကြောင့် သွားနဲ့အရိုးတွေကိုခိုင်မာစေပါတယ်။

သံဓါတ်ကြွယ်ဝစွာပါတာကြောင့် ဦးနှောက်မှတ်ဉာဏ်ကိုအားဖြည့်ပေးနိုင်ပါတယ်။

ဒါ့အပြင် ဆေးဖက်ဝင်ဓါတ်ပစ္စည်းတွေဖြစ်တဲ့ Glycoside နဲ့ Phenolic compounds တွေလည်းများစွာပါဝင်တဲ့အတွက် ဓါတ်တိုးဆန့်ကျင်တဲ့အစွမ်းသတ္တိ(Antioxidant action)၊အရောင်ကျစေတဲ့အစွမ်းသတ္တိ(Anti-inflammatory action)၊သွေးတွင်းအဆီဓါတ်ကိုလျော့ကျစေတဲ့အစွမ်းသတ္တိ(Anti-hyperlipidaemic action)တွေလည်းရှိပါတယ်။

ဒီလိုအစွမ်းသတ္တိတွေရှိတဲ့အတွက် နဂါးမောက်သီးဟာ ခန္ဓာကိုယ်ထဲရှိအဆိပ်အတောက်(Free redicals)များကိုပျက်ပြယ်စေပြီး အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်း၊ကင်ဆာဖြစ်ပွားနိုင်ခြင်းတွေကိုလျော့နည်းစေပါတယ်။

ဒဏ်ရာများ၊ရောင်ရမ်းခြင်းများကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

နဂါးမောက်သီးဟာ ကိုယ်ဝန်ဆောင်တွေနဲ့လည်းအထူးသင့်တော်ပြီး နေ့စဉ်စားသင့်ပါတယ်။

နဂါးမောက်သီးကို အချိုပွဲအနေနဲ့လည်းစားနိုင်သလို ဖျော်ရည်လုပ်သောက်လို့လည်းရပါတယ်။နွားနို့နဲ့လည်းတွဲဖက်စားသုံးနိုင်ပါတယ်။

အဆုံးသတ်အနေနဲ့ပြောချင်တာကတော့ နဂါးမောက်သီးအတွင်းသားအနီမျိုးကိုစားပြီးရင် ဆီးသွားတဲ့အခါ အနီရောင် ပန်းရောင်ဆီးတွေသွားတတ်ပါတယ်။အဲ့အခါမှာကြောက်လန့်တကြားဖြစ်ပြီး နဂါးမောက်သီးအတွင်းသားအနီမျိုးကို မစားဘဲနေကြတာမျိုးရှိပါတယ်။

အမှန်တကယ်တော့ အဲ့လိုဖြစ်တာဟာ စိုးရိမ်စရာမရှိပါ။

နဂါးမောက်သီးအတွင်းသားအနီမျိုးမှာပါတဲ့ ရေမှာပျော်ဝင်သောရောင်ခြယ်ဆေးကြောင့်ဖြစ်တာပါ။အန္တရာယ်မရှိတဲ့အတွက် နဂါးမောက်သီးအတွင်းသားအနီမျိုးကိုဆက်စားချင်ရင် စားလို့ရပါတယ်။

Dr သီတာနွယ်(အမရပူရ)

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image