အဆီဓာတ်လျော့ကျစေမဲ့ ဒန့်သလွန်

အဆီဓာတ္ေလ်ာ႔က်ေစမဲ့ ဒန္႔သလြန္

ဒန္႔သလြန္ပင္ ကို အဂၤလိပ္လို Drum-stick tree လို႔ေခၚပါတယ္။ရုကၡေဗဒနာမည္ကေတာ႔ Moringa oleifera Lamk.ျဖစ္ပါတယ္။

ျမန္မာနိုင္ငံမွာ သဘာ၀အေလ်ာက္ေသာ္လည္းေကာင္း၊စိုက္ပ်ိဳးပင္အေနျဖင္႔ေသာ္လည္းေကာင္းေတြ႔ရနိုင္ပါတယ္။

ရြက္ေၾကြပင္လတ္မ်ိဳးအစားျဖစ္ပါတယ္။ပင္စည္ၾကြပ္ဆတ္ျပီး အေခါက္ပြပါတယ္။သံုးဆင္႔ရြက္ေပါင္းျဖစ္ျပီး ရြက္လြဲတည္ရွိပါတယ္။ေသးငယ္ေသာ ဘဲဥပံုရြက္မႊာမ်ားရွိျပီး ထိပ္၀ိုင္းပါတယ္။ရြက္ၾကားထြက္ပန္းခိုင္မ်ိဳးျဖစ္ပါတယ္။အျဖဴေရာင္အပြင္႔မ်ားပြင္႔ကာ အသီးသီးပါတယ္။

ဒန္႔သလြန္သီးရဲ႕ပံုစံက ရွည္ေမ်ာေမ်ာျဖစ္ျပီး အလယ္ခြံအက္ကြဲသီးျဖစ္ပါတယ္။အသီးတေတာင္႔မွာအေစ႔မ်ားစြာပါရွိပါတယ္။ထိုအေစ႔မ်ားကိုလည္းစားလို႔ရပါတယ္။

ဒန္႔သလြန္ပင္မွာ Sugar,rhamnose,glucosinolates,isothiocyanates,b-carotene,provitamin A alkaloids-moringine,moringinine စတဲ႔ဓါတ္ေတြမ်ားစြာပါ၀င္ပါတယ္။

ဒီလိုဓါတ္ေတြမ်ားစြာပါ၀င္တဲ႔အတြက္ ဒန္႔သလြန္ပင္ဟာ ေသြးေပါင္က်ေစတဲ႔အစြမ္းသတၱိ၊အစာအိမ္အနာကိုသက္သာေစတဲ႔အစြမ္းသတၱိ၊အေရျပားေရာဂါကိုျဖစ္ေစေသာ ဘက္တီးရီးယားပိုးမ်ားကို တိုက္ဖ်က္နိုင္တဲ႔အစြမ္းသတၱိ၊ေသြးသြင္းအဆီဓါတ္ကိုေလ်ာ႔က်ေစတဲ႔အစြမ္းသတၱိ၊အသည္းကိုကာကြယ္နိုင္တဲ႔အစြမ္းသတၱိေတြရွိပါတယ္။

ဒါ႔အျပင္

ဒန္႔သလြန္ပင္ဟာ အျမစ္၊အေခါက္၊အရြက္၊အသီး၊အပြင္႔ ပဥၥငါးပါးလံုးအသံုး၀င္ေသာအပင္ျဖစ္ပါတယ္။

ဒန္႔သလြန္သီးအနုကို သီးစံုခ်ဥ္ရည္ဟင္းအေနနဲ႔ခ်က္စားၾကသလို ဟင္းခါးအေနနဲ႔လည္းလုပ္ေသာက္ၾကပါတယ္။

ဒန္႔သလြန္သီးဟာ နႈတ္ကိုျမိန္ေစျပီး၊၀မ္းမီးကိုေကာင္းေစနိုင္ပါတယ္။အစာအိမ္မေကာင္းတဲ႔သူေတြ၊ခံတြင္းပ်က္ေနသူေတြအတြက္အထူးသင္႔ေတာ္ပါတယ္။ေသြးအားေလအားကိုလည္းေကာင္းေစျပီး သုက္ကိုပြားေစနိုင္ပါတယ္။

ဒန္႔သလြန္ရြက္မွာပိုတက္ဆီယမ္၊သံဓါတ္၊ပရိုတင္းနဲ႔ဗီတာမင္စီဓါတ္ေတြပါရွိပါတယ္။

ဒန္႔သလြန္ရြက္ကိုေၾကာ္စားလို႔လည္းရသလို၊ဟင္းရည္ခ်က္စားလို႔လည္းရပါတယ္။ဒါ႔အျပင္အေျခာက္လွမ္းျပီး ဟင္းထဲအမႈန္႔အေနနဲ႔လည္းထည္႔ခ်က္တာလည္းရွိပါတယ္။

ဒန္႔သလြန္ရြက္ဟာ ၀မ္းမီးေကာင္းေစျပီး အစာကိုေက်ညွက္လြယ္ေစပါတယ္။ေသြးတိုးကိုက်ေစနိုင္ပါတယ္။မ်က္စိနာ၊က်ိဳ႔ထိုး စတဲ႔ေရာဂါေတြကိုလည္းသက္သာေစနိုင္ပါတယ္။ကိုယ္၀န္ေဆာင္အမ်ိဳးသမီးေတြမွာဆိုရင္ နို႔ရည္ကိုရႊင္ေစနိုင္ပါတယ္။

ဒန္႔သလြန္ပြင္႔ကိုလည္းခ်က္ျပဳတ္စားနိုင္ပါတယ္။ဒန္႔သလြန္ပြင္႔ကိုစားျခင္းျဖင္႔ ေဖာေရာင္တာေတြကိုသက္သာေစနိုင္ပါတယ္။ပန္းေသပန္းညိဳးနဲ႔ သုက္အားနည္းတာေတြကိုလည္းသက္သာေစနိုင္ပါတယ္။

ဒန္႔သလြန္အျမစ္၊အေခါက္ ကိုေတာ႔ ေရစင္ေအာင္ေဆးျပီး အေရျပားေရာင္ရမ္းတာနာေတြ၊ျမင္းဖုနာ၊အေျခာက္အစို၊အဖုအက်ိတ္စတာေတြမွာ ေသြးလိမ္းနိုင္ပါတယ္။

တိုင္းရင္းေဆးသံုးအေနနဲ႔ကေတာ႔ ဒန္႔သလြန္ပင္ရဲ႕ပဥၥငါးပါးကို ေသြးတိုးေရာဂါ၊မီးယပ္နဲ႔ဆိုင္တဲ႔ေရာဂါေတြ၊သုက္ခန္းေရာဂါ ေတြအတြက္ေဆးေဖာ္ရာ မွတ္ဥာဏ္အားေကာင္းဖို႔အတြက္ေဆးေဖာ္ရာမွာ ထည္႔သံုးေလ႔ရွိပါတယ္။

Dr သီတာႏြယ္(အမရပူရ)

Unicode Version

အဆီဓာတ်လျော့ကျစေမဲ့ ဒန့်သလွန်

ဒန့်သလွန်ပင် ကို အင်္ဂလိပ်လို Drum-stick tree လို့ခေါ်ပါတယ်။ရုက္ခဗေဒနာမည်ကတော့ Moringa oleifera Lamk.ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သဘာဝအလျောက်သော်လည်းကောင်း၊စိုက်ပျိုးပင်အနေဖြင့်သော်လည်းကောင်းတွေ့ရနိုင်ပါတယ်။

ရွက်ကြွေပင်လတ်မျိုးအစားဖြစ်ပါတယ်။ပင်စည်ကြွပ်ဆတ်ပြီး အခေါက်ပွပါတယ်။သုံးဆင့်ရွက်ပေါင်းဖြစ်ပြီး ရွက်လွဲတည်ရှိပါတယ်။သေးငယ်သော ဘဲဥပုံရွက်မွှာများရှိပြီး ထိပ်ဝိုင်းပါတယ်။ရွက်ကြားထွက်ပန်းခိုင်မျိုးဖြစ်ပါတယ်။အဖြူရောင်အပွင့်များပွင့်ကာ အသီးသီးပါတယ်။

ဒန့်သလွန်သီးရဲ့ပုံစံက ရှည်မျောမျောဖြစ်ပြီး အလယ်ခွံအက်ကွဲသီးဖြစ်ပါတယ်။အသီးတတောင့်မှာအစေ့များစွာပါရှိပါတယ်။ထိုအစေ့များကိုလည်းစားလို့ရပါတယ်။

ဒန့်သလွန်ပင်မှာ Sugar,rhamnose,glucosinolates,isothiocyanates,b-carotene,provitamin A alkaloids-moringine,moringinine စတဲ့ဓါတ်တွေများစွာပါဝင်ပါတယ်။

ဒီလိုဓါတ်တွေများစွာပါဝင်တဲ့အတွက် ဒန့်သလွန်ပင်ဟာ သွေးပေါင်ကျစေတဲ့အစွမ်းသတ္တိ၊အစာအိမ်အနာကိုသက်သာစေတဲ့အစွမ်းသတ္တိ၊အရေပြားရောဂါကိုဖြစ်စေသော ဘက်တီးရီးယားပိုးများကို တိုက်ဖျက်နိုင်တဲ့အစွမ်းသတ္တိ၊သွေးသွင်းအဆီဓါတ်ကိုလျော့ကျစေတဲ့အစွမ်းသတ္တိ၊အသည်းကိုကာကွယ်နိုင်တဲ့အစွမ်းသတ္တိတွေရှိပါတယ်။

ဒါ့အပြင်

ဒန့်သလွန်ပင်ဟာ အမြစ်၊အခေါက်၊အရွက်၊အသီး၊အပွင့် ပဉ္စငါးပါးလုံးအသုံးဝင်သောအပင်ဖြစ်ပါတယ်။

ဒန့်သလွန်သီးအနုကို သီးစုံချဉ်ရည်ဟင်းအနေနဲ့ချက်စားကြသလို ဟင်းခါးအနေနဲ့လည်းလုပ်သောက်ကြပါတယ်။

ဒန့်သလွန်သီးဟာ နှုတ်ကိုမြိန်စေပြီး၊ဝမ်းမီးကိုကောင်းစေနိုင်ပါတယ်။အစာအိမ်မကောင်းတဲ့သူတွေ၊ခံတွင်းပျက်နေသူတွေအတွက်အထူးသင့်တော်ပါတယ်။သွေးအားလေအားကိုလည်းကောင်းစေပြီး သုက်ကိုပွားစေနိုင်ပါတယ်။

ဒန့်သလွန်ရွက်မှာပိုတက်ဆီယမ်၊သံဓါတ်၊ပရိုတင်းနဲ့ဗီတာမင်စီဓါတ်တွေပါရှိပါတယ်။

ဒန့်သလွန်ရွက်ကိုကြော်စားလို့လည်းရသလို၊ဟင်းရည်ချက်စားလို့လည်းရပါတယ်။ဒါ့အပြင်အခြောက်လှမ်းပြီး ဟင်းထဲအမှုန့်အနေနဲ့လည်းထည့်ချက်တာလည်းရှိပါတယ်။

ဒန့်သလွန်ရွက်ဟာ ဝမ်းမီးကောင်းစေပြီး အစာကိုကျေညှက်လွယ်စေပါတယ်။သွေးတိုးကိုကျစေနိုင်ပါတယ်။မျက်စိနာ၊ကျို့ထိုး စတဲ့ရောဂါတွေကိုလည်းသက်သာစေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာဆိုရင် နို့ရည်ကိုရွှင်စေနိုင်ပါတယ်။

ဒန့်သလွန်ပွင့်ကိုလည်းချက်ပြုတ်စားနိုင်ပါတယ်။ဒန့်သလွန်ပွင့်ကိုစားခြင်းဖြင့် ဖောရောင်တာတွေကိုသက်သာစေနိုင်ပါတယ်။ပန်းသေပန်းညိုးနဲ့ သုက်အားနည်းတာတွေကိုလည်းသက်သာစေနိုင်ပါတယ်။

ဒန့်သလွန်အမြစ်၊အခေါက် ကိုတော့ ရေစင်အောင်ဆေးပြီး အရေပြားရောင်ရမ်းတာနာတွေ၊မြင်းဖုနာ၊အခြောက်အစို၊အဖုအကျိတ်စတာတွေမှာ သွေးလိမ်းနိုင်ပါတယ်။

တိုင်းရင်းဆေးသုံးအနေနဲ့ကတော့ ဒန့်သလွန်ပင်ရဲ့ပဉ္စငါးပါးကို သွေးတိုးရောဂါ၊မီးယပ်နဲ့ဆိုင်တဲ့ရောဂါတွေ၊သုက်ခန်းရောဂါ တွေအတွက်ဆေးဖော်ရာ မှတ်ဉာဏ်အားကောင်းဖို့အတွက်ဆေးဖော်ရာမှာ ထည့်သုံးလေ့ရှိပါတယ်။

Dr သီတာနွယ်(အမရပူရ)

 

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image