နှာစေး၊ချောင်းဆိုးနဲ့ လည်ချောင်းနာအတွက်   ဇီယာ

ႏွာေစး၊ေခ်ာင္းဆိုုးနဲ႔ လည္ေခ်ာင္းနာအတြက္   ဇီယာ

 

ဇီယာရြက္ထူပင္ကို အဂၤလိပ္လို Country borage,Indian borage,Mexican Mint,Spanish thyme စသျဖင္႔အမ်ိဳးမ်ိဳးေခၚၾကပါတယ္။

ရုကၡေဗဒနာမည္ကေတာ႔ Coleus aromaticus Benth. ျဖစ္ပါတယ္။

မ်ိဳရင္းကေတာ႔ Labiatae ပါ။

ျမန္မာနိုင္ငံအနွံအျပားမွာ အေလ႔က်ေပါက္ပင္အေနနဲ႔ေသာ္လည္းေကာင္း စိုက္ပ်ိဳးပင္အေနနဲ႔ေသာ္လည္းေကာင္း ေတြ႔ရနိုင္ပါတယ္။

နွစ္ရွည္ခံပင္ေပ်ာ႔ ပင္ငယ္မ်ိဳးျဖစ္ပါတယ္။အရြက္မွာထူျပီး မ်က္နွာျပင္နွစ္ဖက္စလံုးမွာ အေမႊးနုေလးေတြပါရွိပါတယ္။အရြက္ပံုစံက ဘဲဥပံုရွိျပီး ၾကီးမားက်ယ္ျပန္႔ပါတယ္။ရြက္နားတြန္႔ရွိျပီး စူးရွရွရနံ႕ရွိပါတယ္။အပြင္႔မွာအလြန္ေသးငယ္ပါတယ္။အသီးအေနနဲ႔ေတာ႔ရွည္လ်ားျပီး အေျမွာင္းေျခာက္ေျမွာင္းပါရွိပါတယ္။

ဇီယာရြက္ထူပင္မွာ Volatile oil,diterpenes(forskolin)စတဲ႔ဓါတုျဒပ္ေပါင္းေတြပါ၀င္ပါတယ္။

ဒီလိုျဒပ္ေပါင္းေတြပါတဲ႔အတြက္ ဇီယာရြက္ထူပင္ဟာ ဘက္တီးရီးယားပိုးမ်ားကိုေသေစနိုင္ေသာအစြမး္သတၱိ၊ေလရႈျပြန္ကိုက်ယ္ေစေသာအစြမ္း၊ေရာင္ရမ္းနာက်င္မႈေတြကိုေလ်ာ႔ပါးသက္သာေစေသာအစြမ္းသတၱိ ေတြရွိျပီး က်န္းမာေရးအတြက္ အလြန္အေထာက္အကူျပဳပါတယ္။

ဇီယာရြက္ထူပင္ကို နွာေစေခ်ာင္းဆိုးေရာဂါ၊ပန္းနာရင္က်ပ္ေရာဂါ၊၀မ္းပ်က္၀မ္းေလွ်ာေရာဂါ၊၀မ္းကိုက္ေရာဂါ၊နားေရာဂါတို႔အတြက္ တိုင္းရင္းေဆးေဖာ္စပ္ရာမွာ တျခားေဆးဘက္၀င္အပင္ပစၥည္းေတြနဲ႔အခ်ိဳးက်ေရာျပီး သံုးေလ႔ရွိပါတယ္။

ဇီယာရြက္ထူပင္ရဲ႕အိမ္တြင္းသံုးေဆးျမီးတိုအေနနဲ႔ အသံုး၀င္ပံုကေတာ႔ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

၁။ေခ်ာင္းဆိုး၊လည္ေခ်ာင္းနာသက္သာေပ်ာက္ကင္းေစျခင္း

ေခ်ာင္းဆိုးတာ၊လည္ေခ်ာင္းနာတာျဖစ္ပါက ဇီယာရြက္ထူပင္ အရြက္ကိုေရစင္ေအာင္ေဆးျပီး

၀ါးစားေပးျခင္းျဖင္႔သက္သာေပ်ာက္ကင္းနိုင္ပါတယ္။

အရြက္အစိမ္းလိုက္ ၀ါးမစားခ်င္တဲ႔သူေတြအေနနဲ႔ေတာ႔ ဇီယာရြက္ထူပင္အရြက္ကို ေရနဲ႔ျပဳတ္ျပီးရလာတဲ႔ျပဳတ္ရည္ကိုေသာက္နိုင္ပါတယ္။

အရြက္ကိုေရစင္ေအာင္ေဆးျပီး ေထာင္းျပီးရတဲ႔သတၳဳရည္ကိုေရနဲ႔ေရာေသာက္တာလည္းလုပ္နိုင္ပါတယ္။

၂။နွာေခါင္းပိတ္တာကိုသက္သာေပ်ာက္ကင္းေစျခင္း

နွာေခါင္းပိတ္ပါက ဇီယာရြက္ထူပင္အရြက္ကို လက္ထဲပြတ္ေခ်ကာ ရႈေပးျခင္းျဖင္႔ နွာေခါင္းပိတ္ျခင္းကို သက္သာေပ်ာက္ကင္းေစနိုင္ပါတယ္။

၃။အေရျပားထိခိုက္ေရာင္ရမ္းနာေတြကိုသက္သာေစျခင္း

အေရျပားထိခိုက္ေရာင္ရမ္းတာေတြျဖစ္ပါက ဇီယာရြက္ထူအရြက္ကို ေရစင္ေအာင္ေဆးကာ ေၾကေအာင္ထုေထာင္းျပီး ျဖစ္တဲ႔အေရျပားေနရာေပၚကို ပံုပါ။ျပီးရင္ အ၀တ္ထူနဲ႔စည္းထားပါ။

၄။ေဗာက္ေပ်ာက္ေစျခင္း

ေဗာက္ခဏခဏထတတ္တဲ႔သူေတြအတြက္ဆိုရင္ ဇီယာရြက္ထူအရြက္ျပဳတ္ရည္ျဖင္႔ မၾကာခဏေခါင္းေလွ်ာ္ေပးပါက ေဗာက္ထျခင္းကိုေပ်ာက္ကင္းသက္သာေစနိုင္ပါတယ္။

၅။အိပ္မေပ်ာ္တာ၊ေခါင္းမၾကာခဏကိုက္တာ၊ရာသီေပၚရင္ကိုက္ခဲနာက်င္တာကိုသက္သာေစျခင္း

အိပ္မေပ်ာ္တဲ႔သူေတြ၊ေခါင္းမၾကာမၾကာကိုက္တတ္တဲ႔သူေတြ၊ရာသီေပၚရင္ကိုက္ခဲနာက်င္တတ္ေလ႔ရွိတဲ႔အမ်ိဳးသမီးေတြဆိုရင္ ဇီယာရြက္ထူအရြက္ကိုအေျခာက္လွမ္းကာ ေရေႏြးထဲလက္ဖက္ေျခာက္ခတ္မယ္႔အစား အဲ႔အရြက္ေျခာက္ထည္႔ခတ္ျပီး မၾကာခဏေသာက္ေပးပါက အိပ္မေပ်ာ္တာ၊ေခါင္းမၾကာခဏကိုက္တာ၊ရာသီေပၚရင္ကိုက္ခဲနာက်င္တာေတြကို သက္သာေစနိုင္ပါတယ္။

အဆံုးသတ္အေနနဲ႔ေျပာရရင္ ဇီယာရြက္ထူပင္ဟာ က်န္းမာေရးအတြက္ပဲအသံုး၀င္တာမဟုတ္ပါဘူး။သူ႔ရဲ႕စူးရွတဲ႔ရနံ႕ေၾကာင္႔ သူ႔ကို ဟင္းခတ္အေမႊးအၾကိဳင္အေနနဲ႔လည္း သံုးၾကပါတယ္။

Dr သီတာႏြယ္(အမရပူရ)

Unicode Version

နှာစေး၊ချောင်းဆိုးနဲ့ လည်ချောင်းနာအတွက်   ဇီယာ

ဇီယာရွက်ထူပင်ကို အင်္ဂလိပ်လို Country borage,Indian borage,Mexican Mint,Spanish thyme စသဖြင့်အမျိုးမျိုးခေါ်ကြပါတယ်။

ရုက္ခဗေဒနာမည်ကတော့ Coleus aromaticus Benth. ဖြစ်ပါတယ်။

မျိုရင်းကတော့ Labiatae ပါ။

မြန်မာနိုင်ငံအနှံအပြားမှာ အလေ့ကျပေါက်ပင်အနေနဲ့သော်လည်းကောင်း စိုက်ပျိုးပင်အနေနဲ့သော်လည်းကောင်း တွေ့ရနိုင်ပါတယ်။

နှစ်ရှည်ခံပင်ပျော့ ပင်ငယ်မျိုးဖြစ်ပါတယ်။အရွက်မှာထူပြီး မျက်နှာပြင်နှစ်ဖက်စလုံးမှာ အမွှေးနုလေးတွေပါရှိပါတယ်။အရွက်ပုံစံက ဘဲဥပုံရှိပြီး ကြီးမားကျယ်ပြန့်ပါတယ်။ရွက်နားတွန့်ရှိပြီး စူးရှရှရနံ့ရှိပါတယ်။အပွင့်မှာအလွန်သေးငယ်ပါတယ်။အသီးအနေနဲ့တော့ရှည်လျားပြီး အမြှောင်းခြောက်မြှောင်းပါရှိပါတယ်။

ဇီယာရွက်ထူပင်မှာ Volatile oil,diterpenes(forskolin)စတဲ့ဓါတုဒြပ်ပေါင်းတွေပါဝင်ပါတယ်။

ဒီလိုဒြပ်ပေါင်းတွေပါတဲ့အတွက် ဇီယာရွက်ထူပင်ဟာ ဘက်တီးရီးယားပိုးများကိုသေစေနိုင်သောအစွမ်းသတ္တိ၊လေရှုပြွန်ကိုကျယ်စေသောအစွမ်း၊ရောင်ရမ်းနာကျင်မှုတွေကိုလျော့ပါးသက်သာစေသောအစွမ်းသတ္တိ တွေရှိပြီး ကျန်းမာရေးအတွက် အလွန်အထောက်အကူပြုပါတယ်။

ဇီယာရွက်ထူပင်ကို နှာစေချောင်းဆိုးရောဂါ၊ပန်းနာရင်ကျပ်ရောဂါ၊ဝမ်းပျက်ဝမ်းလျှောရောဂါ၊ဝမ်းကိုက်ရောဂါ၊နားရောဂါတို့အတွက် တိုင်းရင်းဆေးဖော်စပ်ရာမှာ တခြားဆေးဘက်ဝင်အပင်ပစ္စည်းတွေနဲ့အချိုးကျရောပြီး သုံးလေ့ရှိပါတယ်။

ဇီယာရွက်ထူပင်ရဲ့အိမ်တွင်းသုံးဆေးမြီးတိုအနေနဲ့ အသုံးဝင်ပုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ချောင်းဆိုး၊လည်ချောင်းနာသက်သာပျောက်ကင်းစေခြင်း

ချောင်းဆိုးတာ၊လည်ချောင်းနာတာဖြစ်ပါက ဇီယာရွက်ထူပင် အရွက်ကိုရေစင်အောင်ဆေးပြီး

ဝါးစားပေးခြင်းဖြင့်သက်သာပျောက်ကင်းနိုင်ပါတယ်။

အရွက်အစိမ်းလိုက် ဝါးမစားချင်တဲ့သူတွေအနေနဲ့တော့ ဇီယာရွက်ထူပင်အရွက်ကို ရေနဲ့ပြုတ်ပြီးရလာတဲ့ပြုတ်ရည်ကိုသောက်နိုင်ပါတယ်။

အရွက်ကိုရေစင်အောင်ဆေးပြီး ထောင်းပြီးရတဲ့သတ္ထုရည်ကိုရေနဲ့ရောသောက်တာလည်းလုပ်နိုင်ပါတယ်။

၂။နှာခေါင်းပိတ်တာကိုသက်သာပျောက်ကင်းစေခြင်း

နှာခေါင်းပိတ်ပါက ဇီယာရွက်ထူပင်အရွက်ကို လက်ထဲပွတ်ချေကာ ရှုပေးခြင်းဖြင့် နှာခေါင်းပိတ်ခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

၃။အရေပြားထိခိုက်ရောင်ရမ်းနာတွေကိုသက်သာစေခြင်း

အရေပြားထိခိုက်ရောင်ရမ်းတာတွေဖြစ်ပါက ဇီယာရွက်ထူအရွက်ကို ရေစင်အောင်ဆေးကာ ကြေအောင်ထုထောင်းပြီး ဖြစ်တဲ့အရေပြားနေရာပေါ်ကို ပုံပါ။ပြီးရင် အဝတ်ထူနဲ့စည်းထားပါ။

၄။ဗောက်ပျောက်စေခြင်း

ဗောက်ခဏခဏထတတ်တဲ့သူတွေအတွက်ဆိုရင် ဇီယာရွက်ထူအရွက်ပြုတ်ရည်ဖြင့် မကြာခဏခေါင်းလျှော်ပေးပါက ဗောက်ထခြင်းကိုပျောက်ကင်းသက်သာစေနိုင်ပါတယ်။

၅။အိပ်မပျော်တာ၊ခေါင်းမကြာခဏကိုက်တာ၊ရာသီပေါ်ရင်ကိုက်ခဲနာကျင်တာကိုသက်သာစေခြင်း

အိပ်မပျော်တဲ့သူတွေ၊ခေါင်းမကြာမကြာကိုက်တတ်တဲ့သူတွေ၊ရာသီပေါ်ရင်ကိုက်ခဲနာကျင်တတ်လေ့ရှိတဲ့အမျိုးသမီးတွေဆိုရင် ဇီယာရွက်ထူအရွက်ကိုအခြောက်လှမ်းကာ ရေနွေးထဲလက်ဖက်ခြောက်ခတ်မယ့်အစား အဲ့အရွက်ခြောက်ထည့်ခတ်ပြီး မကြာခဏသောက်ပေးပါက အိပ်မပျော်တာ၊ခေါင်းမကြာခဏကိုက်တာ၊ရာသီပေါ်ရင်ကိုက်ခဲနာကျင်တာတွေကို သက်သာစေနိုင်ပါတယ်။

အဆုံးသတ်အနေနဲ့ပြောရရင် ဇီယာရွက်ထူပင်ဟာ ကျန်းမာရေးအတွက်ပဲအသုံးဝင်တာမဟုတ်ပါဘူး။သူ့ရဲ့စူးရှတဲ့ရနံ့ကြောင့် သူ့ကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့လည်း သုံးကြပါတယ်။

Dr သီတာနွယ်(အမရပူရ)

 

 

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image