ငရုတ်သီးစားခြင်းကပေးနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးများ

ငရုတ္သီးစားျခင္းကေပးနိုုင္တဲ့ က်န္းမာေရးေကာင္းက်ိဳးမ်ား

ပူပူစပ္စပ္ အရသာကို ၾကိဳက္ႏွစ္သက္တတ္တဲ့ အေရွ႔တိုင္းသားေတြထဲမွာ ကၽြန္မတို႔ ျမန္မာႏိုင္ငံသားေတြလည္း ပါပါတယ္။ ဒီလို အရသာကို နွစ္သက္တတ္တဲ့ သူေတြအတြက္ ငရုတ္သီးဟာ တစ္ေန႔တာမွာ မပါမျဖစ္ပါပဲ။

ဒါေၾကာင့္ ေန႔စဥ္ စားသံုးေနရတဲ့ ဒီငရုတ္သီးရဲ႔ က်န္းမာေရးေပၚမွာ သက္ေရာက္တဲ့ အက်ိဳးေက်းဇူးေတြကို သိရွိခဲ့ရင္ စားသံုးရတဲ့အခါ ပိုျပီး ေက်နပ္မႈကို ျဖစ္ေစမယ္လို႔ ထင္မိလို႔ ေရးေပးလိုက္ပါတယ္။

 

၁) အဝလြန္ျခင္းေၾကာင့္ ေသဆံုးရႏႈန္းကို အေတာ္အသင့္ ေလ်ာ့ခ်ေပးႏိုင္ပါတယ္။

အပူအစပ္ စားသံုးသူေတြရဲ႔ ကိုယ္တြင္း ကယ္လိုရီ ဝင္ေရာက္မႈဟာ ပံုမွန္ အခ်ိဳ နဲ႔ အဆီအစိမ့္ေတြကို စားသံုးသူေတြနဲ႔ ႏႈိင္းယွဥ္ရင္ နည္းပါးပါတယ္။ တစ္ခ်ိဳ႔ေသာ ေလ့လာခ်က္ေတြ ကေတာ့ အစပ္စားသံုးတဲ့ အခါမွာ ကိုယ္တြင္းမွာ ကယ္လိုရီေလာင္ကၽြမ္းမႈ မ်ားတယ္လို႔ ဆိုပါတယ္။

အခ်ိဳ အရသာ ထက္ အခ်ဥ္အစပ္ အရသာေတြကို နွစ္သက္တဲ့ မိန္းကေလးအမ်ားစုဟာ ပိန္ေနတာကို သတိထားမိၾကမွာပါ။

 

၂)  အခ်ိဳ႔ေသာ ကင္ဆာေရာဂါေတြ ျဖစ္ျခင္းမွ ကာကြယ္ေပးႏိုင္ပါတယ္။

ငရုတ္သီးထဲမွာ ပါဝင္တဲ့ Capsaicin ဟာ Antioxidant အာနိသင္ ရွိတဲ့အတြက္ တစ္ခ်ိဳ႔ေသာ ကင္ဆာေရာဂါေတြကို မျဖစ္ပြားေအာင္ ကာကြယ္ႏိုင္တယ္လို႔ တစ္ခ်ိဳ႔ေသာ စမ္းသပ္မႈေတြက ဆိုၾကပါတယ္။

 

၃) ႏွာေခ်ျခင္း အေအးမိျခင္းေတြ ခံစားရတာကို သက္သာေအာင္ လုပ္ေပးႏိုင္ပါတယ္။

ငရုတ္သီးမွာပါတဲ့ ပါဝင္ပစၥည္းတစ္ခ်ိဳ႔ဟာ ခႏၶာကိုယ္ရဲ႔ ခုခံအားစနစ္ကို ျမွင့္တင္ေပးပါတယ္။ ဒါေၾကာင့္ အေအးမိတဲ့အခါမ်ိဳးမွာ လကၡဏာကို သက္သာေစပါတယ္။

ႏွာပိတ္ေနတဲ့ အခါမ်ိဳးေတြမွာလည္း ပူပူစပ္စပ္ တစ္ခုခုကို စားလိုက္လို႔  ရွိရင္္ အပူဓာတ္တက္လာျပီး ႏွာေစးႏွာပိတ္ေတြ ခဏတျဖဳတ္ေတာ့ သက္သာသြားတာ အမွန္ပါပဲ။

 

၄) ခံတြင္းန႔ံ ဆိုးတာကို ေလ်ာ့ပါးေအာင္ လုပ္ေပးႏိုင္ပါတယ္။

ငရုတ္သီးမွာ ပါဝင္တတ္တဲ့ ပါဝင္ပစၥည္းေတြဟာ ပါးစပ္တြင္းက ထြက္လာမယ့္ ခံတြင္းန့ံ ေတြကို သန့္စင္ေပးပါတယ္။

 

၅) ခႏၶာကိုယ္အတြက္ လုိအပ္တဲ့ အာဟာရဓာတ္တစ္ခ်ိဳ႔ ပါဝင္ပါတယ္။

ငရုတ္သီးေတာင့္မွာ အာဟာရဓာတ္ မပါဝင္ဘူးလို႔  အေတာ္မ်ားမ်ားက ထင္ၾကပါလိမ့္မယ္။ ငရုတ္သီးေတာင့္ မွာလည္း သူရဲ႔ အာဟာရ တန္ဖိုး ထိုက္သင့္သေလာက္ ရွိပါတယ္။ ငရုတ္သီးမွာ ဗီတာမင္ စီ ၊ ဗီတာမင္ ေအ ၊ အီး နဲ႔ ဘီ ဓာတ္ေတြ ပါဝင္ပါတယ္။ Antioxidant ေတြ ပါဝင္သလို ေရာင္ရမ္းမႈကို သက္သာေစတဲ့ ဓာတ္ေတြ ပါဝင္တာမို႔ ကိုယ္တြင္း ေရာင္ရမ္းနာက်င္မႈေတြကို သက္သာေစပါတယ္။

 

၆)  သဘာဝ တာရွည္ခံပစၥည္းအျဖစ္ အသံုးျပဳႏိုင္တယ္။

ငရုတ္သီးမႈန္႔ေတြဟာ ပိုးမႊားေတြကို မေပါက္ဖြားေအာင္ ထိန္းေပးႏိုင္တဲ့ အာနိသင္ ရွိတာမို႔ ဖန္တီးျပဳလုပ္ထားတဲ့ တာရွည္ခံပစၥည္းေတြအစား ငရုတ္သီးမႈန့္ေတြကို အစားထိုးသံုးသင့္သလား ဆိုတာကို ေနာက္ပိုင္းမွာ စမ္းသပ္လာၾကပါတယ္။

 

၇) အကိုက္အခဲ ေဝဒနာေတြကို သက္သာေစတယ္။

ေခါင္းကိုက္တဲ့ အခါမွာပဲ ျဖစ္ျဖစ္ ၊ ကိုယ္လက္နဲ႔ အဆစ္အျမစ္ေတြ ကိုက္ခဲတဲ့ အခါမွာပဲ ျဖစ္ျဖစ္ ကိုက္တဲ့ ေဝဒနာကို ပို အာရုံစိုက္ေနရင္ ပိုျပီး ခံစားရတာ အမွန္ပါပဲ။ တစ္ျခား အေၾကာင္းကိစၥတစ္ခုခုကို အာရုံ လႊဲလိုက္တဲ့ အခါမွာ ကိုက္ခဲတဲ့ ေဝဒနာေတြ အထိုက္အေလ်ာက္ ေမ့သြားတာကို ၾကံဳဖူးၾကပါလိမ့္မယ္။

ကၽြန္မတို႔ရဲ႔ အာရုံေၾကာေတြကလည္း အလားတူပဲ အလုပ္လုပ္ပါတယ္။ ကိုက္ခဲတဲ့ ခံစားခ်က္ကို ေက်ာ္လြန္ႏိုင္ေအာင္ အပူအရသာကို ေပးမယ္ဆိုရင္ ကိုက္ခဲတဲ့ ေဝဒနာကို ေလ်ာ့ပါးသြားေစမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ကိုယ္က ပါးစပ္က ပူေလာင္တဲ့ အရသာ ကို ခံစားႏွစ္သက္သူတစ္ဦး ဆိုရင္ေတာ့ ကိုက္ခဲတဲ့ ေဝဒနာကို မခံႏိုင္ေလာက္ေအာင္ ခံစားရတဲ့ အခါမ်ိဳးေတြကို ဒါကို စမ္းသပ္ၾကည့္လို႔ ရပါတယ္။

ငရုတ္သီး မွာ ေရာင္ရမ္းမႈကို က်ေစတဲ့ ဓာတ္ေတြပါဝင္တဲ့ အတြက္လည္း ေရာင္ရမ္းတာေၾကာင့္ ျဖစ္တဲ့ ကိုက္ခဲမႈ ေတြကို သက္သာေစပါတယ္။

 

ဒါေတြကေတာ့ ငရုတ္သီး စားျခင္းက ရႏုိင္တဲ့ အက်ိဳးေက်းဇူးေတြပါပဲ… ဒါေပမဲ့ တန္ေဆး လြန္ေဘး ဆိုတဲ့ အတိုင္း စားသံုးတဲ့အခါ ခ်ိန္ဆျပီး စားဖို႔ကိုေတာ့ သတိေပးလိုက္ပါတယ္ေနာ္…

 Dr.ေမႊး

Unicode Version

ငရုတ်သီးစားခြင်းကပေးနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးများ

ပူပူစပ်စပ် အရသာကို ကြိုက်နှစ်သက်တတ်တဲ့ အရှေ့တိုင်းသားတွေထဲမှာ ကျွန်မတို့ မြန်မာနိုင်ငံသားတွေလည်း ပါပါတယ်။ ဒီလို အရသာကို နှစ်သက်တတ်တဲ့ သူတွေအတွက် ငရုတ်သီးဟာ တစ်နေ့တာမှာ မပါမဖြစ်ပါပဲ။

ဒါကြောင့် နေ့စဉ် စားသုံးနေရတဲ့ ဒီငရုတ်သီးရဲ့ ကျန်းမာရေးပေါ်မှာ သက်ရောက်တဲ့ အကျိုးကျေးဇူးတွေကို သိရှိခဲ့ရင် စားသုံးရတဲ့အခါ ပိုပြီး ကျေနပ်မှုကို ဖြစ်စေမယ်လို့ ထင်မိလို့ ရေးပေးလိုက်ပါတယ်။

 

၁) အဝလွန်ခြင်းကြောင့် သေဆုံးရနှုန်းကို အတော်အသင့် လျော့ချပေးနိုင်ပါတယ်။

အပူအစပ် စားသုံးသူတွေရဲ့ ကိုယ်တွင်း ကယ်လိုရီ ဝင်ရောက်မှုဟာ ပုံမှန် အချို နဲ့ အဆီအစိမ့်တွေကို စားသုံးသူတွေနဲ့ နှိုင်းယှဉ်ရင် နည်းပါးပါတယ်။ တစ်ချို့သော လေ့လာချက်တွေ ကတော့ အစပ်စားသုံးတဲ့ အခါမှာ ကိုယ်တွင်းမှာ ကယ်လိုရီလောင်ကျွမ်းမှု များတယ်လို့ ဆိုပါတယ်။

အချို အရသာ ထက် အချဉ်အစပ် အရသာတွေကို နှစ်သက်တဲ့ မိန်းကလေးအများစုဟာ ပိန်နေတာကို သတိထားမိကြမှာပါ။

 

၂)  အချို့သော ကင်ဆာရောဂါတွေ ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

ငရုတ်သီးထဲမှာ ပါဝင်တဲ့ Capsaicin ဟာ Antioxidant အာနိသင် ရှိတဲ့အတွက် တစ်ချို့သော ကင်ဆာရောဂါတွေကို မဖြစ်ပွားအောင် ကာကွယ်နိုင်တယ်လို့ တစ်ချို့သော စမ်းသပ်မှုတွေက ဆိုကြပါတယ်။

 

၃) နှာချေခြင်း အအေးမိခြင်းတွေ ခံစားရတာကို သက်သာအောင် လုပ်ပေးနိုင်ပါတယ်။

ငရုတ်သီးမှာပါတဲ့ ပါဝင်ပစ္စည်းတစ်ချို့ဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် အအေးမိတဲ့အခါမျိုးမှာ လက္ခဏာကို သက်သာစေပါတယ်။

နှာပိတ်နေတဲ့ အခါမျိုးတွေမှာလည်း ပူပူစပ်စပ် တစ်ခုခုကို စားလိုက်လို့  ရှိရင် အပူဓာတ်တက်လာပြီး နှာစေးနှာပိတ်တွေ ခဏတဖြုတ်တော့ သက်သာသွားတာ အမှန်ပါပဲ။

 

၄) ခံတွင်းနံ့ ဆိုးတာကို လျော့ပါးအောင် လုပ်ပေးနိုင်ပါတယ်။

ငရုတ်သီးမှာ ပါဝင်တတ်တဲ့ ပါဝင်ပစ္စည်းတွေဟာ ပါးစပ်တွင်းက ထွက်လာမယ့် ခံတွင်းနံ့ တွေကို သန့်စင်ပေးပါတယ်။

 

၅) ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တစ်ချို့ ပါဝင်ပါတယ်။

ငရုတ်သီးတောင့်မှာ အာဟာရဓာတ် မပါဝင်ဘူးလို့  အတော်များများက ထင်ကြပါလိမ့်မယ်။ ငရုတ်သီးတောင့် မှာလည်း သူရဲ့ အာဟာရ တန်ဖိုး ထိုက်သင့်သလောက် ရှိပါတယ်။ ငရုတ်သီးမှာ ဗီတာမင် စီ ၊ ဗီတာမင် အေ ၊ အီး နဲ့ ဘီ ဓာတ်တွေ ပါဝင်ပါတယ်။ Antioxidant တွေ ပါဝင်သလို ရောင်ရမ်းမှုကို သက်သာစေတဲ့ ဓာတ်တွေ ပါဝင်တာမို့ ကိုယ်တွင်း ရောင်ရမ်းနာကျင်မှုတွေကို သက်သာစေပါတယ်။

 

၆)  သဘာဝ တာရှည်ခံပစ္စည်းအဖြစ် အသုံးပြုနိုင်တယ်။

ငရုတ်သီးမှုန့်တွေဟာ ပိုးမွှားတွေကို မပေါက်ဖွားအောင် ထိန်းပေးနိုင်တဲ့ အာနိသင် ရှိတာမို့ ဖန်တီးပြုလုပ်ထားတဲ့ တာရှည်ခံပစ္စည်းတွေအစား ငရုတ်သီးမှုန့်တွေကို အစားထိုးသုံးသင့်သလား ဆိုတာကို နောက်ပိုင်းမှာ စမ်းသပ်လာကြပါတယ်။

 

၇) အကိုက်အခဲ ဝေဒနာတွေကို သက်သာစေတယ်။

ခေါင်းကိုက်တဲ့ အခါမှာပဲ ဖြစ်ဖြစ် ၊ ကိုယ်လက်နဲ့ အဆစ်အမြစ်တွေ ကိုက်ခဲတဲ့ အခါမှာပဲ ဖြစ်ဖြစ် ကိုက်တဲ့ ဝေဒနာကို ပို အာရုံစိုက်နေရင် ပိုပြီး ခံစားရတာ အမှန်ပါပဲ။ တစ်ခြား အကြောင်းကိစ္စတစ်ခုခုကို အာရုံ လွှဲလိုက်တဲ့ အခါမှာ ကိုက်ခဲတဲ့ ဝေဒနာတွေ အထိုက်အလျောက် မေ့သွားတာကို ကြုံဖူးကြပါလိမ့်မယ်။

ကျွန်မတို့ရဲ့ အာရုံကြောတွေကလည်း အလားတူပဲ အလုပ်လုပ်ပါတယ်။ ကိုက်ခဲတဲ့ ခံစားချက်ကို ကျော်လွန်နိုင်အောင် အပူအရသာကို ပေးမယ်ဆိုရင် ကိုက်ခဲတဲ့ ဝေဒနာကို လျော့ပါးသွားစေမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်က ပါးစပ်က ပူလောင်တဲ့ အရသာ ကို ခံစားနှစ်သက်သူတစ်ဦး ဆိုရင်တော့ ကိုက်ခဲတဲ့ ဝေဒနာကို မခံနိုင်လောက်အောင် ခံစားရတဲ့ အခါမျိုးတွေကို ဒါကို စမ်းသပ်ကြည့်လို့ ရပါတယ်။

ငရုတ်သီး မှာ ရောင်ရမ်းမှုကို ကျစေတဲ့ ဓာတ်တွေပါဝင်တဲ့ အတွက်လည်း ရောင်ရမ်းတာကြောင့် ဖြစ်တဲ့ ကိုက်ခဲမှု တွေကို သက်သာစေပါတယ်။

 

ဒါတွေကတော့ ငရုတ်သီး စားခြင်းက ရနိုင်တဲ့ အကျိုးကျေးဇူးတွေပါပဲ… ဒါပေမဲ့ တန်ဆေး လွန်ဘေး ဆိုတဲ့ အတိုင်း စားသုံးတဲ့အခါ ချိန်ဆပြီး စားဖို့ကိုတော့ သတိပေးလိုက်ပါတယ်နော်…

Dr.မွှေး

 

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image