ခေါင်းကိုက်သက်သာစေမဲ့ ပေါက်ပန်းဖြူ

ေခါင္းကိုုက္သက္သာေစမဲ့ ေပါက္ပန္းျဖဴ

 

ေပါက္ပန္းျဖဴပင္ရဲ႕ရုကၡေဗဒနာမည္ကေတာ႔ Sesbania grandiflora Pers. ျဖစ္ပါတယ္။

မ်ိဳးရင္းကေတာ႔ Papilionaceae ပါ။

ျမန္မာနိုင္ငံေနရာေဒသ အနွံ႕အျပားတြင္ သဘာ၀ေပါက္ပင္ သို႔မဟုတ္ စိုက္ပ်ိဳးပင္အေနနဲ႔ေတြ႔ရတတ္ပါတယ္။

အပင္လတ္အမ်ိဳးအစားျဖစ္ျပီး ေပ ၂၀ မွ ၃၀ ခန္႔အထိျမင္႔တက္ကာ အကိုက္အခက္မ်ားစြာရွိပါတယ္။

အရြက္မွာငွက္ေမႊးရြက္ေပါင္းအမ်ိဳးအစားျဖစ္ျပီး ၆လက္မမွ ၁ေပအထိအရွည္ရွိတတ္ပါတယ္။ရြက္ရင္း ရြက္ထိပ္၀ိုင္းကာ ရြက္ျပားေျပာင္ေခ်ာျပီး အနားညီပါတယ္။

အပြင္႔အေနနဲ႔ေတာ႔ ၾကားထြက္ပန္းခိုင္တခုိင္လွ်င္ အပြင္႔နွစ္ပြင္႔မွ ေလးပြင္႔အထိရွိတတ္ပါတယ္။အပြင္႔မွာအျဖဴေရာင္ျဖစ္ကာ ၀ါေခါင္နဲ႔ေတာ္သလင္းလတို႔မွာပြင္႔ေလ႔ရွိတတ္ပါတယ္။

အသီးမွာ တြဲလ်ားက်သီးေသာ သီးေတာင္႔ရွည္အမ်ိဳးအစားျဖစ္ျပီး အထဲမွာ အေစ႔မ်ားစြာပါရွိပါတယ္။

ေပါက္ပန္းျဖဴပင္ရဲ႕အရြက္နဲ႔အပြင္႔ဟာ စားလို႔ရသလို ေဆးဖက္လည္း၀င္ကာ က်န္းမာေရးကိုလည္း အက်ိဳးျပဳပါတယ္။

ေပါက္ပန္းျဖဴပြင္႔နဲ႔အရြက္ကို ျပဳတ္ျပီးေသာ္လည္းေကာင္း၊ေရေႏြးေဖ်ာျပီးေသာ္လည္းေကာင္း အတို႔အျမဳပ္အျဖစ္ ငါးပိရည္နဲ႔တို႕စားလို႔လည္းရသလို ဆီခ်က္၊ေျမပဲဆံစသည္တို႔နဲ႔ေရာျပီး သုပ္စားလို႔လည္းရပါတယ္။

ဒါ႔အျပင္ ေၾကာ္စားလို႔လည္းရသလို ဟင္းခ်က္စားလို႔လည္းရပါတယ္။

ျမန္မာ႔ေဆးက်မ္းမ်ားမွာ ေပါက္ပန္းျဖဴပင္သည္ ေအး၏။ေလကိုပြားေစ၏။ခါးသက္သက္ရွိ၏။သည္းေျခေရာဂါ၊သလိပ္ေရာဂါ၊နွာရည္ယိုျခင္း၊ၾကက္မ်က္သင္႔ျခင္းတို႔ကိုေပ်ာက္ေစ၏။အရြက္သည္စပ္၏။ခ်ိဳ၏။ခါးသက္သက္ရွိ၏။ေသြးကိုၾကည္လင္ေစ၏။

ဆိုျပီးေရးသားေဖာ္ျပထားပါတယ္။

ခုေခတ္သုေတသနျပဳခ်က္ေတြအရ ေပါက္ပန္းျဖဴဟာ သန္က်ေစေသာအာနိသင္လည္းရွိေၾကာင္းသိရပါတယ္။

ေပါက္ပန္းျဖဴပင္ရဲ႕အရြက္နဲ႔အပြင္႔ စသည္တို႔ကို ထိခိုက္ဒဏ္ရာရတာ၊ရာသီဖ်ားေရာဂါ၊၀မ္းပ်က္၀မ္းေလွ်ာေရာဂါ၊သန္ေကာင္ေရာဂါေတြအတြက္ ေဆးေဖာ္ရာမွာ တျခားေဆးဖက္၀င္ပစၥည္းေတြနဲ႔ေရာျပီးသံုးေလ႔ရွိပါတယ္။

အိမ္သံုးေဆးျမီးတိုအေနနဲ႔ကေတာ႔ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

မ်က္စိမႈန္ျခင္း၊မ်က္စိေ၀ျခင္းျဖစ္ပါက ေပါက္ပန္းျဖဴပြင္႔ကို အရည္ညွစ္ျပီး ခတ္ေပးနိုင္ပါတယ္။

ေခါင္းတျခမ္းကိုက္ပါက ေပါက္ပန္းျဖဴအပြင္႔နဲ႔အရြက္ကို အရည္ညွစ္ျပီး ရႈေပးျခင္းျဖင္႔ ေခါင္းတျခမ္းကိုက္ေ၀ဒနာကို သက္သာေစနိုင္ပါတယ္။

ေပါက္ပန္းျဖဴပြင္႔ကို မၾကာခဏျပဳတ္ျပီးစားျခင္း၊သုပ္ျပီးစားျခင္းျဖင္႔ ၾကက္မ်က္သင္႔ေရာဂါ၊မီးယပ္အျဖဴဆင္းေရာဂါ၊အရိုးက်ီးေပါင္းေရာဂါ၊သန္ေကာင္ေရာဂါ၊ေသြးက်ေရာဂါေတြကို သက္သာေစနိုင္သည္။

တုပ္ေကြးဖ်ား သို႔မဟုတ္ အေအးမိဖ်ားနာျဖစ္ပါက ေပါက္ပန္းျဖဴရြက္ကို ၾကက္သြန္နီနဲ႔ေၾကာ္စားျခင္းျဖင္႔ တုပ္ေကြးဖ်ားနာ၊အေအးမိဖ်ားနာေတြကိုသက္သာေစနိုင္ပါတယ္။

အပူေလာင္နာ၊ထိခိုက္ဒဏ္ရာရတာေတြျဖစ္ပါက ေပါက္ပန္းျဖဴရြက္သတၳဳရည္ကို ထည္႔ေပး အံုေပးနိုင္ပါတယ္။

ေပါက္ပန္းျဖဴရြက္ႏွင္႔ေပါက္ပန္းျဖဴပြင္႔တို႔ကို မၾကာခဏ ေၾကာ္စား၊ခ်က္စားျခင္းျဖင္႔ ဆီးနီတာ၊ဆီးနည္းတာစတဲ႔ဆီးေရာဂါေတြကို သက္သာေစနိုင္ပါတယ္။

(https://my.wikipedia.org နွင့္ က်န္းမာေရး၀န္ၾကီးဌာနထုတ္ ျမန္မာ႔တိုင္းရင္းေဆးပညာအေျခခံသေဘာတရားမ်ား စာအုပ္မွ ကိုးကားေကာက္နုတ္ေဖာ္ျပသည္။)

Dr သီတာႏြယ္(အမရပူရ)

Unicode Version

ခေါင်းကိုက်သက်သာစေမဲ့ ပေါက်ပန်းဖြူ

ပေါက်ပန်းဖြူပင်ရဲ့ရုက္ခဗေဒနာမည်ကတော့ Sesbania grandiflora Pers. ဖြစ်ပါတယ်။

မျိုးရင်းကတော့ Papilionaceae ပါ။

မြန်မာနိုင်ငံနေရာဒေသ အနှံ့အပြားတွင် သဘာဝပေါက်ပင် သို့မဟုတ် စိုက်ပျိုးပင်အနေနဲ့တွေ့ရတတ်ပါတယ်။

အပင်လတ်အမျိုးအစားဖြစ်ပြီး ပေ ၂၀ မှ ၃၀ ခန့်အထိမြင့်တက်ကာ အကိုက်အခက်များစွာရှိပါတယ်။

အရွက်မှာငှက်မွှေးရွက်ပေါင်းအမျိုးအစားဖြစ်ပြီး ၆လက်မမှ ၁ပေအထိအရှည်ရှိတတ်ပါတယ်။ရွက်ရင်း ရွက်ထိပ်ဝိုင်းကာ ရွက်ပြားပြောင်ချောပြီး အနားညီပါတယ်။

အပွင့်အနေနဲ့တော့ ကြားထွက်ပန်းခိုင်တခိုင်လျှင် အပွင့်နှစ်ပွင့်မှ လေးပွင့်အထိရှိတတ်ပါတယ်။အပွင့်မှာအဖြူရောင်ဖြစ်ကာ ဝါခေါင်နဲ့တော်သလင်းလတို့မှာပွင့်လေ့ရှိတတ်ပါတယ်။

အသီးမှာ တွဲလျားကျသီးသော သီးတောင့်ရှည်အမျိုးအစားဖြစ်ပြီး အထဲမှာ အစေ့များစွာပါရှိပါတယ်။

ပေါက်ပန်းဖြူပင်ရဲ့အရွက်နဲ့အပွင့်ဟာ စားလို့ရသလို ဆေးဖက်လည်းဝင်ကာ ကျန်းမာရေးကိုလည်း အကျိုးပြုပါတယ်။

ပေါက်ပန်းဖြူပွင့်နဲ့အရွက်ကို ပြုတ်ပြီးသော်လည်းကောင်း၊ရေနွေးဖျောပြီးသော်လည်းကောင်း အတို့အမြုပ်အဖြစ် ငါးပိရည်နဲ့တို့စားလို့လည်းရသလို ဆီချက်၊မြေပဲဆံစသည်တို့နဲ့ရောပြီး သုပ်စားလို့လည်းရပါတယ်။

ဒါ့အပြင် ကြော်စားလို့လည်းရသလို ဟင်းချက်စားလို့လည်းရပါတယ်။

မြန်မာ့ဆေးကျမ်းများမှာ ပေါက်ပန်းဖြူပင်သည် အေး၏။လေကိုပွားစေ၏။ခါးသက်သက်ရှိ၏။သည်းခြေရောဂါ၊သလိပ်ရောဂါ၊နှာရည်ယိုခြင်း၊ကြက်မျက်သင့်ခြင်းတို့ကိုပျောက်စေ၏။အရွက်သည်စပ်၏။ချို၏။ခါးသက်သက်ရှိ၏။သွေးကိုကြည်လင်စေ၏။

ဆိုပြီးရေးသားဖော်ပြထားပါတယ်။

ခုခေတ်သုတေသနပြုချက်တွေအရ ပေါက်ပန်းဖြူဟာ သန်ကျစေသောအာနိသင်လည်းရှိကြောင်းသိရပါတယ်။

ပေါက်ပန်းဖြူပင်ရဲ့အရွက်နဲ့အပွင့် စသည်တို့ကို ထိခိုက်ဒဏ်ရာရတာ၊ရာသီဖျားရောဂါ၊ဝမ်းပျက်ဝမ်းလျှောရောဂါ၊သန်ကောင်ရောဂါတွေအတွက် ဆေးဖော်ရာမှာ တခြားဆေးဖက်ဝင်ပစ္စည်းတွေနဲ့ရောပြီးသုံးလေ့ရှိပါတယ်။

အိမ်သုံးဆေးမြီးတိုအနေနဲ့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

မျက်စိမှုန်ခြင်း၊မျက်စိဝေခြင်းဖြစ်ပါက ပေါက်ပန်းဖြူပွင့်ကို အရည်ညှစ်ပြီး ခတ်ပေးနိုင်ပါတယ်။

ခေါင်းတခြမ်းကိုက်ပါက ပေါက်ပန်းဖြူအပွင့်နဲ့အရွက်ကို အရည်ညှစ်ပြီး ရှုပေးခြင်းဖြင့် ခေါင်းတခြမ်းကိုက်ဝေဒနာကို သက်သာစေနိုင်ပါတယ်။

ပေါက်ပန်းဖြူပွင့်ကို မကြာခဏပြုတ်ပြီးစားခြင်း၊သုပ်ပြီးစားခြင်းဖြင့် ကြက်မျက်သင့်ရောဂါ၊မီးယပ်အဖြူဆင်းရောဂါ၊အရိုးကျီးပေါင်းရောဂါ၊သန်ကောင်ရောဂါ၊သွေးကျရောဂါတွေကို သက်သာစေနိုင်သည်။

တုပ်ကွေးဖျား သို့မဟုတ် အအေးမိဖျားနာဖြစ်ပါက ပေါက်ပန်းဖြူရွက်ကို ကြက်သွန်နီနဲ့ကြော်စားခြင်းဖြင့် တုပ်ကွေးဖျားနာ၊အအေးမိဖျားနာတွေကိုသက်သာစေနိုင်ပါတယ်။

အပူလောင်နာ၊ထိခိုက်ဒဏ်ရာရတာတွေဖြစ်ပါက ပေါက်ပန်းဖြူရွက်သတ္ထုရည်ကို ထည့်ပေး အုံပေးနိုင်ပါတယ်။

ပေါက်ပန်းဖြူရွက်နှင့်ပေါက်ပန်းဖြူပွင့်တို့ကို မကြာခဏ ကြော်စား၊ချက်စားခြင်းဖြင့် ဆီးနီတာ၊ဆီးနည်းတာစတဲ့ဆီးရောဂါတွေကို သက်သာစေနိုင်ပါတယ်။

(https://my.wikipedia.org နှင့် ကျန်းမာရေးဝန်ကြီးဌာနထုတ် မြန်မာ့တိုင်းရင်းဆေးပညာအခြေခံသဘောတရားများ စာအုပ်မှ ကိုးကားကောက်နုတ်ဖော်ပြသည်။)

Dr သီတာနွယ်(အမရပူရ)