အဆီကျစေတယ်ဆိုတဲ့ မက်မန်းသီး

အဆီက်ေစတယ္ဆိုတဲ့ မက္မန္းသီး
မက္မန္းသီးကို အဂၤလိပ္လို Damson လို႔ေခၚပါတယ္။႐ုကၡေဗဒနာမည္ကေတာ့ Prunus domestica ျဖစ္ပါတယ္။႐ိုေစရိယာမ်ိဳးႏြယ္ဝင္ျဖစ္ပါတယ္။

မက္မန္းပင္ဟာ စိုစြတ္ေအးတဲ့ ခဲသားေျမကိုႏွစ္သက္ၿပီး အပင္ရဲ႕မူလအစကေတာ့ အေနာက္ႏိုင္ငံေတြကျဖစ္ပါတယ္။

မက္မန္းပင္ေတြကို ကိုလိုနီေခတ္မွာ မ်က္ႏွာျဖဴေတြက ျမန္မာႏိုင္ငံကိုသယ္ေဆာင္လာခဲ့တယ္လို႔ အဆိုရွိပါတယ္။

ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံမွာဆိုရင္ မက္မန္းပင္ေတြကို ျပင္ဦးလြင္၊ေနာင္ခ်ိဳ စတဲ့ေတာင္ေပၚေဒသေတြမွာ စိုက္ပ်ိဳးျဖစ္ထြန္းပါတယ္။

မက္မန္းပင္ဟာ အပြင့္ ပြင့္ခါနီးတလေလာက္အလိုမွာ တပင္လုံးအ႐ြက္တ႐ြက္မွ မက်န္ေအာင္ေႂကြေလ့ရွိပါတယ္။

ထိုသို႔ေႂကြၿပီးမွ အကိုင္းကေနစၿပီး အဖူးအပြင့္ေတြဖူးပြင့္ပါတယ္။

အမ်ားအားျဖင့္ မက္မန္းပင္ေတြဟာ ေဖေဖာ္ဝါရီ၊မတ္လ ေလာက္မွာ ပင္လုံးကြၽတ္ဆြတ္ဆြတ္ျဖဴေအာင္ပြင့္ၾကပါတယ္။

အဲ့အပြင့္ေတြမေႂကြမီမွာ မက္မန္းသီးကင္းေတြဟာ ကိုင္းတေလွ်ာက္ထြက္လာပါတယ္။

မက္မန္းသီးေတြကို ဇူလိုင္လေလာက္မွာ ခူးဆြတ္ေလ့ရွိပါတယ္။

မက္မန္းမ်ိဳးကြဲေတြအမ်ားႀကီးရွိတဲ့အတြက္ မက္မန္းသီးေတြဟာ အေရာင္အားျဖင့္ နီညိဳေရာင္၊အဝါေရာင္၊အစိမ္းေရာင္၊အျဖဴေရာင္၊အနီေရာင္၊အနီရင့္ေရာင္၊ပန္းေရာင္ စသျဖင့္ ကာလာစုံရွိသလို ပုံသ႑ာန္အားျဖင့္လည္း လုံးဝန္းတာ၊ထိပ္ခြၽန္တာ၊ထိပ္လုံးႀကီးတာ၊ရွည္ေမ်ာေမ်ာျဖစ္တာ စသျဖင့္ ပုံစံစုံရွိပါတယ္။

သို႔ေသာ္ ကြၽန္ေတာ္တို႔ဆီက အမ်ားစုအေနနဲ႔ေတာ့ မက္မန္းသီးဆိုရင္ အနီေရာင္၊လုံးလုံးဝန္းဝန္း အသီးမ်ိဳးကိုပဲ သိၾကပါတယ္။

မက္မန္းသီးမွာ အမွ်င္ဓါတ္၊ပ႐ိုတင္းဓါတ္၊ကာဘိုဟိုက္ဒရိတ္ဓါတ္၊ဗီတာမင္ေအ၊စီ၊ကယ္လ္ဆီယံဓါတ္၊သံဓါတ္၊ပိုတက္ဆီယမ္ဓါတ္ စတာေတြ စုံလင္စြာပါရွိပါတယ္။၏

ဒီလိုဓါတ္ေတြစုံလင္စြာပါရွိတဲ့မက္မန္းသီးဟာက်န္းမာေရးကို အေတာ္ေလး အေထာက္အကူျဖစ္ေစပါတယ္။

မက္မန္းသီးပုံမွန္စားျခင္းျဖင့္ ခႏၶာကိုယ္ထဲက အဆီဓါတ္ေတြကို ထိန္းညႇိေပးႏိုင္ၿပီး မေကာင္းတဲ့ကိုလက္စေရာအဆီဓါတ္ကိုက်ေစႏိုင္ပါတယ္။

ဒါ့ျပင္ သူ႔မွာပါတဲ့ပိုတက္ဆီယမ္ဓါတ္ကလည္း ေသြးေၾကာေတြကိုက်ယ္ေစႏိုင္တဲ့အာနိသင္ရွိတာေၾကာင့္ ႏွလုံးက်န္းမာေရးအတြက္ မ်ားစြာအေထာက္အကူျဖစ္ေစပါတယ္။

မက္မန္းသီးဟာ အမွ်င္ဓါတ္ႂကြယ္ဝတဲ့အျပင္ သူ႔မွာပါတဲ့ Sorbitol နဲ႔ Isatin ဓါတ္ေတြေၾကာင့္ အစာေျခစနစ္ကိုေကာင္းစြာအေထာက္အကူေပးၿပီး အစာမေၾကတာ၊ဝမ္းခ်ဳပ္တာ ေတြ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

မက္မန္းသီးဟာ ေသြးတြင္းသၾကားဓါတ္ကိုလည္းထိန္းညႇိေပးႏိုင္တဲ့အတြက္ ဆီးခ်ိဳေဝဒနာရွင္ေတြအတြက္လည္း အထူးသင့္ေတာ္ပါတယ္။

ဗီတာမင္စီနဲ႔Phytonutrients ေတြႂကြယ္ဝစြာပါဝင္တာေၾကာင့္ ကိုယ္ခံအားကိုေကာင္းေစၿပီး ကင္ဆာေရာဂါျဖစ္ပြားႏိုင္ေျခကို ေလ်ာ့နည္းေစပါတယ္။

မဂၢနီဆီယမ္ဓါတ္၊ေဖာ့စေဖာရပ္ဓါတ္၊ေကာ့ပါးဓါတ္၊သံဓါတ္၊ကယ္လ္စီယံဓါတ္ေတြႂကြယ္ဝစြာပါဝင္တာေၾကာင့္ အ႐ိုးေတြကိုသန္မာႀကံ့ခိုင္ေစၿပီး ေသြးအားေကာင္းေစပါတယ္။

မက္မန္းသီးကိုအမ်ိဳးမ်ိဳးလုပ္ၿပီးစားေသာက္ႏိုင္ပါတယ္။

မက္မန္းသီးကို ဒီအတိုင္းစားၾကသလို ဆား သို႔မဟုတ္ လ်က္စားနဲ႔လည္းတို႔စားၾကပါတယ္။

သုပ္စားတာ၊မက္မန္းခ်ိဳေပါင္းလုပ္စားတာ၊မက္မန္းေတာ္ဖီအေနနဲ႔လုပ္စားတာ၊မက္မန္းယိုအေနနဲ႔စားတာေတြလည္းရွိပါတယ္။

ဒါ့အျပင္ မက္မန္းဝိုင္လုပ္ၿပီးေသာက္တာလည္းရွိပါတယ္။

Dr သီတာႏြယ္(အမရပူရ)

Unicode Version

အဆီကျစေတယ်ဆိုတဲ့ မက်မန်းသီး
မက်မန်းသီးကို အင်္ဂလိပ်လို Damson လို့ခေါ်ပါတယ်။ရုက္ခဗေဒနာမည်ကတော့ Prunus domestica ဖြစ်ပါတယ်။ရိုစေရိယာမျိုးနွယ်ဝင်ဖြစ်ပါတယ်။

မက်မန်းပင်ဟာ စိုစွတ်အေးတဲ့ ခဲသားမြေကိုနှစ်သက်ပြီး အပင်ရဲ့မူလအစကတော့ အနောက်နိုင်ငံတွေကဖြစ်ပါတယ်။

မက်မန်းပင်တွေကို ကိုလိုနီခေတ်မှာ မျက်နှာဖြူတွေက မြန်မာနိုင်ငံကိုသယ်ဆောင်လာခဲ့တယ်လို့ အဆိုရှိပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင် မက်မန်းပင်တွေကို ပြင်ဦးလွင်၊နောင်ချို စတဲ့တောင်ပေါ်ဒေသတွေမှာ စိုက်ပျိုးဖြစ်ထွန်းပါတယ်။

မက်မန်းပင်ဟာ အပွင့် ပွင့်ခါနီးတလလောက်အလိုမှာ တပင်လုံးအရွက်တရွက်မှ မကျန်အောင်ကြွေလေ့ရှိပါတယ်။

ထိုသို့ကြွေပြီးမှ အကိုင်းကနေစပြီး အဖူးအပွင့်တွေဖူးပွင့်ပါတယ်။

အများအားဖြင့် မက်မန်းပင်တွေဟာ ဖေဖော်ဝါရီ၊မတ်လ လောက်မှာ ပင်လုံးကျွတ်ဆွတ်ဆွတ်ဖြူအောင်ပွင့်ကြပါတယ်။

အဲ့အပွင့်တွေမကြွေမီမှာ မက်မန်းသီးကင်းတွေဟာ ကိုင်းတလျှောက်ထွက်လာပါတယ်။

မက်မန်းသီးတွေကို ဇူလိုင်လလောက်မှာ ခူးဆွတ်လေ့ရှိပါတယ်။

မက်မန်းမျိုးကွဲတွေအများကြီးရှိတဲ့အတွက် မက်မန်းသီးတွေဟာ အရောင်အားဖြင့် နီညိုရောင်၊အဝါရောင်၊အစိမ်းရောင်၊အဖြူရောင်၊အနီရောင်၊အနီရင့်ရောင်၊ပန်းရောင် စသဖြင့် ကာလာစုံရှိသလို ပုံသဏ္ဍာန်အားဖြင့်လည်း လုံးဝန်းတာ၊ထိပ်ချွန်တာ၊ထိပ်လုံးကြီးတာ၊ရှည်မျောမျောဖြစ်တာ စသဖြင့် ပုံစံစုံရှိပါတယ်။

သို့သော် ကျွန်တော်တို့ဆီက အများစုအနေနဲ့တော့ မက်မန်းသီးဆိုရင် အနီရောင်၊လုံးလုံးဝန်းဝန်း အသီးမျိုးကိုပဲ သိကြပါတယ်။

မက်မန်းသီးမှာ အမျှင်ဓါတ်၊ပရိုတင်းဓါတ်၊ကာဘိုဟိုက်ဒရိတ်ဓါတ်၊ဗီတာမင်အေ၊စီ၊ကယ်လ်ဆီယံဓါတ်၊သံဓါတ်၊ပိုတက်ဆီယမ်ဓါတ် စတာတွေ စုံလင်စွာပါရှိပါတယ်။၏

ဒီလိုဓါတ်တွေစုံလင်စွာပါရှိတဲ့မက်မန်းသီးဟာကျန်းမာရေးကို အတော်လေး အထောက်အကူဖြစ်စေပါတယ်။

မက်မန်းသီးပုံမှန်စားခြင်းဖြင့် ခန္ဓာကိုယ်ထဲက အဆီဓါတ်တွေကို ထိန်းညှိပေးနိုင်ပြီး မကောင်းတဲ့ကိုလက်စရောအဆီဓါတ်ကိုကျစေနိုင်ပါတယ်။

ဒါ့ပြင် သူ့မှာပါတဲ့ပိုတက်ဆီယမ်ဓါတ်ကလည်း သွေးကြောတွေကိုကျယ်စေနိုင်တဲ့အာနိသင်ရှိတာကြောင့် နှလုံးကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။

မက်မန်းသီးဟာ အမျှင်ဓါတ်ကြွယ်ဝတဲ့အပြင် သူ့မှာပါတဲ့ Sorbitol နဲ့ Isatin ဓါတ်တွေကြောင့် အစာခြေစနစ်ကိုကောင်းစွာအထောက်အကူပေးပြီး အစာမကြေတာ၊ဝမ်းချုပ်တာ တွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

မက်မန်းသီးဟာ သွေးတွင်းသကြားဓါတ်ကိုလည်းထိန်းညှိပေးနိုင်တဲ့အတွက် ဆီးချိုဝေဒနာရှင်တွေအတွက်လည်း အထူးသင့်တော်ပါတယ်။

ဗီတာမင်စီနဲ့Phytonutrients တွေကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းစေပြီး ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။

မဂ္ဂနီဆီယမ်ဓါတ်၊ဖော့စဖောရပ်ဓါတ်၊ကော့ပါးဓါတ်၊သံဓါတ်၊ကယ်လ်စီယံဓါတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် အရိုးတွေကိုသန်မာကြံ့ခိုင်စေပြီး သွေးအားကောင်းစေပါတယ်။

မက်မန်းသီးကိုအမျိုးမျိုးလုပ်ပြီးစားသောက်နိုင်ပါတယ်။

မက်မန်းသီးကို ဒီအတိုင်းစားကြသလို ဆား သို့မဟုတ် လျက်စားနဲ့လည်းတို့စားကြပါတယ်။

သုပ်စားတာ၊မက်မန်းချိုပေါင်းလုပ်စားတာ၊မက်မန်းတော်ဖီအနေနဲ့လုပ်စားတာ၊မက်မန်းယိုအနေနဲ့စားတာတွေလည်းရှိပါတယ်။

ဒါ့အပြင် မက်မန်းဝိုင်လုပ်ပြီးသောက်တာလည်းရှိပါတယ်။

Dr သီတာနွယ်(အမရပူရ)

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image