ဆီးချိုအတွက်ကောင်းတဲ့ ရေညှိ

ဆီးခ်ိဳအတြက္ေကာင္းတဲ့ ေရညိွ
စားလို႔ရတဲ့ပင္လယ္ေရညိွဟာ ေရငံေဒသတဝိုက္မွာ ေပါက္ေရာက္တတ္ပါတယ္။စားလို႔ရတာ ၆ မ်ိဳးေလာက္ရိွျပီး လူကိုအက်ိဳးျပဳတဲ့ဓာတ္ေတြ အစံုအလင္ပါဝင္ပါတယ္။အစားအေသာက္ေတြမွာ ေရညိွကိုထည့္သြင္းတြဲဖက္စားသံုးတာ ( ဥပမာ  ဆူရွီ)ဟာ ကိုယ္အေလးခ်ိန္ကို ေလ်ာ့က်ေစပါသတဲ့။လည္ပင္းမွာရိွတဲ့ သိုင္းရြိဳက္ဂလန္းကိုအက်ိဳးျပဳသလို အစာအိမ္နဲ႔အူလမ္းေၾကာင္းကို သန္႔စင္ေစပါတယ္။ျမန္မာျပည္မွာလည္း ခုဆို ဆူရွီဟာ လူအေတာ္ေလးၾကိဳက္တဲ့အစားအစာတခုအျဖစ္ ရပ္တည္ေနတာေတြ႔နိုင္ပါတယ္။ေရညိွမွာလူနဲ႔မတည့္တဲ့အခ်က္ အေတာ္ေလး ရွားပါတယ္။
ေရညိွစားတာ ဘာေတြေကာင္းသလဲ
၁။အာဟာရဓာတ္ျပည့္စံုၾကြယ္ဝျခင္း
ေရညိွမွာ အာဟာရဓာတ္ေတြ အစံုအလင္နီးပါးကို ပါပါတယ္။ဘာေတြပါလည္းဆိုေတာ့
အသားဓာတ္
ကစီဓာတ္
အမ်ွင္ဓာတ္
သတၳဳဓာတ္နဲ႔
လူကို ေကာင္းက်ိဳးျဖစ္ေစတဲ့အဆီေတြ ပါပါတယ္။Vit A,B,C,E နဲ႔ သံဓာတ္ အိုင္အိုဒင္းဓာတ္ေတြလည္း ပါဝင္ပါေသးတယ္။ဒါ့အျပင္ Antioxidant ပါဝင္တာေၾကာင့္ စိတ္ဖိစီးမႈေတြေလ်ာ့က်ေစျပီး အရြယ္တင္နုပ်ိဳေစပါတယ္။
၂။သိုင္းရြိဳက္ဂလန္းအား ပံုမွန္လုပ္ေဆာင္ေစနိုင္ျခင္း
သိုင္းရြိဳက္ကထုတ္တဲ့ေဟာ္မုန္းေတြဟာ ခႏၶာကိုယ္ၾကီးပံုမွန္လည္ပတ္နိုင္ဖို႔ အေရးပါပါတယ္။အဲ့ဒီေဟာ္မုန္းေတြထြက္ဖို႔ အိုင္အိုဒင္းဓာတ္ကို လိုပါတယ္။ေရညိွမွာ အိုင္အိုဒင္းအလ်ွံအပယ္ပါရိွတာေၾကာင့္ အိုင္အိုဒင္းခ်ိဳ႕တဲ့လို႔ျဖစ္တဲ့လည္ပင္းၾကီးေရာဂါကေန ကာကြယ္ေပးပါတယ္။တခုသတိထားရမွာက လည္ပင္းေဟာ္မုန္းမ်ားတဲ့ေရာဂါရွင္ေတြ(Hyperthyroidism) ကေတာ့ အိုင္အိုဒင္းဓာတ္အမ်ားၾကီး မစားသင့္ဘူးဆိုတာကိုပါ။
၃။ဆီးခ်ိဳေရာဂါသက္သာေစျခင္း
အမ်ွင္ဓာတ္ၾကြယ္ဝတဲ့အစားအစာေတြဟာ ဆီးခ်ိဳေရာဂါသည္ေတြနဲ႔ အထူးသင့္ေတာ္ပါတယ္။အမ်ွင္ဓာတ္က ေသြးတြင္းအခ်ိဳဓာတ္မတက္ေအာင္ ထိန္းညိွေပးနိုင္ပါတယ္။ဒါေၾကာင့္ ဆူရွီလိုမ်ိဳး အမ်ွင္ဓာတ္အမ်ားၾကီးပါတဲ့အစားအစာေတြစားသင့္ပါတယ္။
၄။အစာအိမ္နဲ႔အူလမ္းေၾကာင္းကိုသန္႔စင္ေပးနိုင္ျခင္း
ေရညိွစားျခင္းဟာ အစာေၾကလြယ္ေစျပီး အူလမ္းေၾကာင္းမွာေရာဂါပိုးေတြမခိုေအာင္းနိုင္ေအာင္လည္း လုပ္ေဆာင္ေပးပါတယ္။ဝမ္းခဏခဏခ်ဳပ္တတ္တဲ့သူေတြေရာ ဝမ္းခဏခဏေလ်ာတတ္တဲ့သူေတြေရာအတြက္ သင့္ေတာ္ပါတယ္။
၅။ကိုယ္အေလးခ်ိန္ကို ေလ်ာ့က်ေစျခင္း
ဝ လြန္းလို႔ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ခ်င္သူေတြအတြက္လည္း ေရညိွဟာ အထူးေကာင္းမြန္ပါတယ္။သူ႔မွာပါတဲ့အမ်ွင္ဓာတ္ဟာ ဗိုက္ျပည့္တဲ့ခံစားမႈကို ရေစလို႔ အပိုေတြထပ္မစားျဖစ္ေတာ့တာေၾကာင့္ပါ။
၆။ႏွလံုးကိုကာကြယ္ေပးျခင္း
ေရညိွဟာ ေသြးတြင္းကိုလက္စထေရာဓာတ္ကို ေလ်ာ့ခ်ေပးတဲ့အျပင္ သူကိုယ္တိုင္ကလည္း ကယ္လိုရီအနည္းငယ္သာပါဝင္ပါတယ္။ဒါေၾကာင့္နွလံုးေသြးေၾကာက်ဥ္းေရာဂါေတြမျဖစ္ေစဘူးလို႔ ဆိုပါတယ္။
ဒီေန႔ေခတ္ကမာ႓ေပၚမွာ က်န္းမာေရးနဲ႔ညီညြတ္တဲ့အစားအစာတစ္ခုအျဖစ္ ေရညိွဟာ ေရပန္းစားေနပါျပီ။ဒါေၾကာင့္ ျမန္မာျပည္သူေတြလည္း ေရညိွရဲ႕ အက်ိဳးအာနိသင္ကို သိနိုင္ေစဖို႔ရာ ေရးသားေဝမ်ွလိုက္ျခင္းပဲျဖစ္ပါတယ္။
ျမန္မာျပည္ၾကီး  က်န္းမာပါေစ……
Dr.KG

Unicode Version

ဆီးချိုအတွက်ကောင်းတဲ့ ရေညှိ

စားလို့ရတဲ့ပင်လယ်ရေညှိဟာ ရေငံဒေသတဝိုက်မှာ ပေါက်ရောက်တတ်ပါတယ်။စားလို့ရတာ ၆ မျိုးလောက်ရှိပြီး လူကိုအကျိုးပြုတဲ့ဓာတ်တွေ အစုံအလင်ပါဝင်ပါတယ်။အစားအသောက်တွေမှာ ရေညှိကိုထည့်သွင်းတွဲဖက်စားသုံးတာ ( ဥပမာ ဆူရှီ)ဟာ ကိုယ်အလေးချိန်ကို လျော့ကျစေပါသတဲ့။လည်ပင်းမှာရှိတဲ့ သိုင်းရွိုက်ဂလန်းကိုအကျိုးပြုသလို အစာအိမ်နဲ့အူလမ်းကြောင်းကို သန့်စင်စေပါတယ်။မြန်မာပြည်မှာလည်း ခုဆို ဆူရှီဟာ လူအတော်လေးကြိုက်တဲ့အစားအစာတခုအဖြစ် ရပ်တည်နေတာတွေ့နိုင်ပါတယ်။ရေညှိမှာလူနဲ့မတည့်တဲ့အချက် အတော်လေး ရှားပါတယ်။

ရေညှိစားတာ ဘာတွေကောင်းသလဲ

၁။အာဟာရဓာတ်ပြည့်စုံကြွယ်ဝခြင်း

ရေညှိမှာ အာဟာရဓာတ်တွေ အစုံအလင်နီးပါးကို ပါပါတယ်။ဘာတွေပါလည်းဆိုတော့

အသားဓာတ်
ကစီဓာတ်
အမျှင်ဓာတ်
သတ္ထုဓာတ်နဲ့
လူကို ကောင်းကျိုးဖြစ်စေတဲ့အဆီတွေ ပါပါတယ်။Vit A,B,C,E နဲ့ သံဓာတ် အိုင်အိုဒင်းဓာတ်တွေလည်း ပါဝင်ပါသေးတယ်။ဒါ့အပြင် Antioxidant ပါဝင်တာကြောင့် စိတ်ဖိစီးမှုတွေလျော့ကျစေပြီး အရွယ်တင်နုပျိုစေပါတယ်။

၂။သိုင်းရွိုက်ဂလန်းအား ပုံမှန်လုပ်ဆောင်စေနိုင်ခြင်း

သိုင်းရွိုက်ကထုတ်တဲ့ဟော်မုန်းတွေဟာ ခန္ဓာကိုယ်ကြီးပုံမှန်လည်ပတ်နိုင်ဖို့ အရေးပါပါတယ်။အဲ့ဒီဟော်မုန်းတွေထွက်ဖို့ အိုင်အိုဒင်းဓာတ်ကို လိုပါတယ်။ရေညှိမှာ အိုင်အိုဒင်းအလျှံအပယ်ပါရှိတာကြောင့် အိုင်အိုဒင်းချို့တဲ့လို့ဖြစ်တဲ့လည်ပင်းကြီးရောဂါကနေ ကာကွယ်ပေးပါတယ်။တခုသတိထားရမှာက လည်ပင်းဟော်မုန်းများတဲ့ရောဂါရှင်တွေ(Hyperthyroidism) ကတော့ အိုင်အိုဒင်းဓာတ်အများကြီး မစားသင့်ဘူးဆိုတာကိုပါ။

၃။ဆီးချိုရောဂါသက်သာစေခြင်း

အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေဟာ ဆီးချိုရောဂါသည်တွေနဲ့ အထူးသင့်တော်ပါတယ်။အမျှင်ဓာတ်က သွေးတွင်းအချိုဓာတ်မတက်အောင် ထိန်းညှိပေးနိုင်ပါတယ်။ဒါကြောင့် ဆူရှီလိုမျိုး အမျှင်ဓာတ်အများကြီးပါတဲ့အစားအစာတွေစားသင့်ပါတယ်။

၄။အစာအိမ်နဲ့အူလမ်းကြောင်းကိုသန့်စင်ပေးနိုင်ခြင်း

ရေညှိစားခြင်းဟာ အစာကြေလွယ်စေပြီး အူလမ်းကြောင်းမှာရောဂါပိုးတွေမခိုအောင်းနိုင်အောင်လည်း လုပ်ဆောင်ပေးပါတယ်။ဝမ်းခဏခဏချုပ်တတ်တဲ့သူတွေရော ဝမ်းခဏခဏလျောတတ်တဲ့သူတွေရောအတွက် သင့်တော်ပါတယ်။

၅။ကိုယ်အလေးချိန်ကို လျော့ကျစေခြင်း

ဝ လွန်းလို့ ကိုယ်အလေးချိန်လျော့ချချင်သူတွေအတွက်လည်း ရေညှိဟာ အထူးကောင်းမွန်ပါတယ်။သူ့မှာပါတဲ့အမျှင်ဓာတ်ဟာ ဗိုက်ပြည့်တဲ့ခံစားမှုကို ရစေလို့ အပိုတွေထပ်မစားဖြစ်တော့တာကြောင့်ပါ။

၆။နှလုံးကိုကာကွယ်ပေးခြင်း

ရေညှိဟာ သွေးတွင်းကိုလက်စထရောဓာတ်ကို လျော့ချပေးတဲ့အပြင် သူကိုယ်တိုင်ကလည်း ကယ်လိုရီအနည်းငယ်သာပါဝင်ပါတယ်။ဒါကြောင့်နှလုံးသွေးကြောကျဉ်းရောဂါတွေမဖြစ်စေဘူးလို့ ဆိုပါတယ်။

ဒီနေ့ခေတ်ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတစ်ခုအဖြစ် ရေညှိဟာ ရေပန်းစားနေပါပြီ။ဒါကြောင့် မြန်မာပြည်သူတွေလည်း ရေညှိရဲ့ အကျိုးအာနိသင်ကို သိနိုင်စေဖို့ရာ ရေးသားဝေမျှလိုက်ခြင်းပဲဖြစ်ပါတယ်။

မြန်မာပြည်ကြီး ကျန်းမာပါစေ……

Dr.KG