Detox Water သောက်ရင် 

Detox Water ေသာက္ရင္ 

လြန္ခဲ႔တဲ႔ နွစ္အနည္းငယ္ေလာက္ကေနစျပီး Detox Water ေသာက္ျခင္းဟာ က်န္းမာေရးလိုက္စားသူေတြၾကားမွာ တျဖည္းျဖည္းေခတ္စားလာပါတယ္။

Detox Water ေသာက္တယ္ဆိုတာကေတာ႔ အၾကမ္းအားျဖင္႔ေျပာရရင္ အသီးအရြက္ေတြထည္႔စိမ္ထားတဲ႔ေရကို ေသာက္တာျဖစ္ပါတယ္။

ဆိုးေဆးပါတဲ႔အစားေသာက္၊တာရွည္ခံေအာင္လုပ္ထားတဲ႔အစားေသာက္ေတြကိုစားမိတာ၊အရက္ေသာက္တာ၊ေဆးလိပ္ေသာက္တာ၊မီးခိုးေငြ႔ေတြကိုရႈရႈိက္ရတာ စတဲ႔အေၾကာင္းေတြေၾကာင္႔ တေန႔တေန႔ ကြ်န္ေတာ္တို႔ရဲ႕ ခႏၶာကိုယ္ထဲမွာ အညစ္အေၾကးအဆိပ္အေတာက္ေတြစုပံုလာပါတယ္။

စုပံုလာတဲ႔အညစ္အေၾကးအဆိပ္အေတာက္ေတြကို ခႏၶာကိုယ္ရဲ႕ အသည္းတို႔ေက်ာက္ကပ္တို႔ကေန ဖယ္ရွားစြန္႔ပစ္ေပးပါတယ္။

အသီးအရြက္ေတြထည္႔စိမ္ထားတဲ႔ေရကိုေသာက္ျခင္းျဖင္႔ ခႏၶာကိုယ္ထဲရွိအညစ္အေၾကးအဆိပ္အေတာက္ေတြကို ဖယ္ရွားေပးရာမွာ ပိုမို အေထာက္အကူျပဳနိုင္တဲ႔အတြက္ Detox water လို႔ တင္စားေခၚေ၀ၚၾကတာျဖစ္ပါတယ္။

Detox water ကို Sassy water လို႔လည္းေခၚပါတယ္။

ဘာလို႔ဒီလိုေခၚရလဲဆိုေတာ႔ အသီးအရြက္စိမ္ေရ ေသာက္တာဟာ အေမရိကန္အာဟာရပညာရွင္ Cynthia Sass မွ အစျပဳခဲ႔တာျဖစ္လို႔ပါ။

Detox water ျပဳလုပ္တဲ႔နည္းဟာလြယ္ကူရိုးရွင္းပါတယ္။

အ၀က်ယ္ဖန္ဘူး၊ဖန္ခြက္၊ေရကရား၊ပုလင္း စတာေတြထဲကို အသီးအရြက္ေတြကို အခြံခြာေရေဆးျပီး လွီးထည္႔ကာ ေရသန္႔ကို သင္႔တင္႔သေလာက္ထည္႔ပါ။

ထို႔ေနာက္ အနည္းဆံုး ၆ နာရီ ၾကာေအာင္ ေရခဲေသတၱာထဲထည္႔ထားပါ။

အဲ႔ေနာက္မွာေတာ႔ အသီးအရြက္ေတြရဲ႕ အာနိသင္ေတြေပ်ာ္၀င္ေနတဲ႔ အသီးအရြက္စိမ္ရည္ကို စတင္ေသာက္သံုးနိုင္ပါျပီ။မေသာက္ခင္မွာ ခြက္ဆိုရင္ေမႊတာ၊ဗူးဆိုရင္အဖံုးပိတ္ျပီး Shake (လႈပ္တာ) လုပ္ပါ။

ေသာက္ေနရင္းနဲ႔ ထည္႔ထားတဲ႔ ေရနည္းသြားပါက ေရထပ္ထပ္ထည္႔ျပီး နွစ္ရက္ေလာက္ထိ ေသာက္နိုင္ပါတယ္။

နွစ္ရက္ေက်ာ္သြားရင္ေတာ႔ ထည္႔ထားတဲ႔အသီးအရြက္ေတြဟာ မလတ္ဆတ္နိုင္ေတာ႔ဘဲ အာနိသင္လည္းမရွိနိုင္ေတာ႔လို႔ အသစ္ျပန္လုပ္သင္႔ပါတယ္။

အသီးအရြက္ထည္႔ရာမွာ ဘယ္အသီးဘယ္အရြက္ထည္႔ရမယ္ ဘယ္ေလာက္ထည္႔ရမယ္ဆိုတာ သတ္မွတ္ထားတာမရွိပါဘူး။

မိမိရဲ႕လိုအပ္ခ်က္၊မိမိနဲ႕အဆင္ေျပမယ္႔ အသီးအရြက္ေတြကို ထည္႔မယ္႔ခြက္၊ပုလင္း၊ဘူးအရြယ္အစား ေရပမာဏတို႔နဲ႔ ခ်င္႔ခ်ိန္ျပီး ထည္႔နိုင္ပါတယ္။

Detox water လုပ္တဲ႔အခါ အသီးတမ်ိဳးပဲထည္႔လည္းရေပမယ္႔ အမ်ားအားျဖင္႔ေတာ႔ အသီးနွစ္မ်ိဳး သို႔မဟုတ္ အသီးနွစ္မ်ိဳးနဲ႔အရြက္တမ်ိဳး သို႔မဟုတ္ အသီးသံုးမ်ိဳးထည္႔ေလ႔ရွိပါတယ္။

Detox water အမ်ိဳးအစားဟာ အမ်ိဳးအစားေပါင္း ၅၀ ေက်ာ္ထိရွိပါတယ္။

အဲ႔ထဲကမွ အသံုးမ်ားတဲ႔ Detox water အမ်ိဳးအစားေတြကိုသိသေလာက္ေျပာရရင္ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

ဖရဲသီး၊စေတာ္ဘယ္ရီ၊ပူစီနံ Detox water

ဒီအမ်ိဳးအစားဟာ ေသာက္လို႔လည္းအရသာရွိသလို ဆီးခ်ိဳထိန္းညိွ၊ေသြးတိုးထိန္းညိွရာမွာလည္း အေထာက္အကူူျပဳတဲ႔အတြက္ ဆီးခ်ိဳေရာဂါ၊ေသြးတိုးေရာဂါသမားေတြအတြက္အထူးသင္႔ေတာ္ပါတယ္။

ေရွာက္သီး၊သံပုရာသီး၊သခြားသီး detox water

ဒီအမ်ိဳးအစားက ဗီတာမင္စီၾကြယ္၀စြာပါ၀င္တာေၾကာင္႔ ကိုယ္ခံစြမ္းအားကိုျမင္႔တင္ေပးနိုင္ျပီး အလြယ္တကူဖ်ားနာတာ၊အေအးမိလြယ္တာေတြမျဖစ္ေအာင္ကာကြယ္ေပးပါတယ္။ဒါ႔အျပင္ ၀ိတ္ခ်ဖို႔အတြက္လည္းအေထာက္အကူျပဳပါတယ္။

ပန္းသီး၊သစ္ဂ်ပိုးေခါက္ detox water

ဒီအမ်ိဳးအစားကေတာ႔ Detox water ေသာက္သူေတြ အေသာက္မ်ားတဲ႔အမ်ိဳးအစားပါ။ပန္းသီးနဲ႔သစ္ဂ်ပိုးေခါက္မွာ က်န္းမာေရးအတြက္အေထာက္အကူျပဳနိုင္တဲ႔ဓါတ္ေတြမ်ားစြာပါတယ္။ဒါ႔အျပင္ အသားအေရက်န္းမာေရးအတြက္ မ်ားစြာအေထာက္အကူျပဳပါတယ္။

သရက္သီး၊ဂ်င္း Detox water

ဒီအမ်ိဳးအစားဟာ ခႏၶာကိုယ္အတြင္းရွိ ဇီ၀ျဖစ္စဥ္ျဖစ္ပ်က္ျခင္း(Metabolism)ကိုအားေပးေသာ အမ်ိဳးအစားျဖစ္ပါတယ္။အစာေခ်ဖ်က္ရာမွာလည္းကူညီေပးသလို ဦးေနွာက္မွတ္ဥာဏ္ေကာင္းဖို႔အတြက္လည္း ေထာက္ပံ႔ေပးပါတယ္။ဒါ႔အျပင္ လိင္စိတ္ကိုလည္းတိုးပြားေစနိုင္ပါတယ္။

လိေမၼာ္သီး၊နာနတ္သီး Detox water

ဒီအမ်ိဳးအစားဟာ သင္႔ခႏၶာကိုယ္အတြင္းရွိအဆီမ်ားကိုေလာင္ကြ်မ္းေစနိုင္သလို သင္႔ကိုတေနကုန္ လန္းဆန္းေစဖို႔ရာလည္း အေထာက္အကူျပဳပါတယ္။

Detox water ေသာက္တဲ႔အခါ တခ်ိဳ႕လည္းရက္အနည္းငယ္ေသာက္ရံုနဲ႔အကိ်ဳးအာနိသင္ကို သိသာခံစားရရွိတာရွိသလို တခ်ိဳ႕က်ေတာ႔လည္းေသာက္တာၾကာမွ အက်ိဳးအာနိသင္ကိုသိသာခံစားရတတ္ပါတယ္။

Detox water ေသာက္တဲ႔အခါ ေရရွည္စြဲေသာက္ဖုိ႔လိုပါတယ္။Detox water လုပ္ရာမွာ စိမ္တဲ႔ အသီးအရြက္ေတြကိုလည္း ဓါတ္ေျမၾသဇာ၊ပိုးသတ္ေဆးသံုးစိုက္ထားတဲ႔အသီးအရြက္ေတြမသံုးဘဲ သဘာ၀(organic)နည္းနဲ႔စိုက္ထားတဲ႔ အသီးအရြက္ေတြကို သံုးသင္႔ပါတယ္။

Detox water ကိုပံုမွန္ေရရွည္ေသာက္ေပးျခင္းျဖင္႔

အစာေျခစနစ္ကိုေကာင္းေစျခင္း

၀မ္းခ်ဳပ္ျခင္းကင္းေ၀းေစျပီး ၀မ္းမွန္ေစျခင္း၊ဆီးမွန္ေစျခင္း

ခႏၶာကိုယ္ရွိအဆီပိုမ်ားကိုဖယ္ရွားေပးနိုင္ျခင္း

အသားအေရကိုၾကည္လင္၀င္းပေစျခင္း

ကိုယ္ခံအားကိုေကာင္းမြန္ေစျခင္း

တေနကုန္လန္းဆန္းတက္ၾကြေနျခင္း စတဲ႔အက်ိဳးေက်းဇူးေတြကိုရရွိနိုင္ပါတယ္။

Dr 528

Unicode Version

Detox Water သောက်ရင်

လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကနေစပြီး Detox Water သောက်ခြင်းဟာ ကျန်းမာရေးလိုက်စားသူတွေကြားမှာ တဖြည်းဖြည်းခေတ်စားလာပါတယ်။

Detox Water သောက်တယ်ဆိုတာကတော့ အကြမ်းအားဖြင့်ပြောရရင် အသီးအရွက်တွေထည့်စိမ်ထားတဲ့ရေကို သောက်တာဖြစ်ပါတယ်။

ဆိုးဆေးပါတဲ့အစားသောက်၊တာရှည်ခံအောင်လုပ်ထားတဲ့အစားသောက်တွေကိုစားမိတာ၊အရက်သောက်တာ၊ဆေးလိပ်သောက်တာ၊မီးခိုးငွေ့တွေကိုရှုရှိုက်ရတာ စတဲ့အကြောင်းတွေကြောင့် တနေ့တနေ့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အညစ်အကြေးအဆိပ်အတောက်တွေစုပုံလာပါတယ်။

စုပုံလာတဲ့အညစ်အကြေးအဆိပ်အတောက်တွေကို ခန္ဓာကိုယ်ရဲ့ အသည်းတို့ကျောက်ကပ်တို့ကနေ ဖယ်ရှားစွန့်ပစ်ပေးပါတယ်။

အသီးအရွက်တွေထည့်စိမ်ထားတဲ့ရေကိုသောက်ခြင်းဖြင့် ခန္ဓာကိုယ်ထဲရှိအညစ်အကြေးအဆိပ်အတောက်တွေကို ဖယ်ရှားပေးရာမှာ ပိုမို အထောက်အကူပြုနိုင်တဲ့အတွက် Detox water လို့ တင်စားခေါ်ဝေါ်ကြတာဖြစ်ပါတယ်။

Detox water ကို Sassy water လို့လည်းခေါ်ပါတယ်။

ဘာလို့ဒီလိုခေါ်ရလဲဆိုတော့ အသီးအရွက်စိမ်ရေ သောက်တာဟာ အမေရိကန်အာဟာရပညာရှင် Cynthia Sass မှ အစပြုခဲ့တာဖြစ်လို့ပါ။

Detox water ပြုလုပ်တဲ့နည်းဟာလွယ်ကူရိုးရှင်းပါတယ်။

အဝကျယ်ဖန်ဘူး၊ဖန်ခွက်၊ရေကရား၊ပုလင်း စတာတွေထဲကို အသီးအရွက်တွေကို အခွံခွာရေဆေးပြီး လှီးထည့်ကာ ရေသန့်ကို သင့်တင့်သလောက်ထည့်ပါ။

ထို့နောက် အနည်းဆုံး ၆ နာရီ ကြာအောင် ရေခဲသေတ္တာထဲထည့်ထားပါ။

အဲ့နောက်မှာတော့ အသီးအရွက်တွေရဲ့ အာနိသင်တွေပျော်ဝင်နေတဲ့ အသီးအရွက်စိမ်ရည်ကို စတင်သောက်သုံးနိုင်ပါပြီ။မသောက်ခင်မှာ ခွက်ဆိုရင်မွှေတာ၊ဗူးဆိုရင်အဖုံးပိတ်ပြီး Shake (လှုပ်တာ) လုပ်ပါ။

သောက်နေရင်းနဲ့ ထည့်ထားတဲ့ ရေနည်းသွားပါက ရေထပ်ထပ်ထည့်ပြီး နှစ်ရက်လောက်ထိ သောက်နိုင်ပါတယ်။

နှစ်ရက်ကျော်သွားရင်တော့ ထည့်ထားတဲ့အသီးအရွက်တွေဟာ မလတ်ဆတ်နိုင်တော့ဘဲ အာနိသင်လည်းမရှိနိုင်တော့လို့ အသစ်ပြန်လုပ်သင့်ပါတယ်။

အသီးအရွက်ထည့်ရာမှာ ဘယ်အသီးဘယ်အရွက်ထည့်ရမယ် ဘယ်လောက်ထည့်ရမယ်ဆိုတာ သတ်မှတ်ထားတာမရှိပါဘူး။

မိမိရဲ့လိုအပ်ချက်၊မိမိနဲ့အဆင်ပြေမယ့် အသီးအရွက်တွေကို ထည့်မယ့်ခွက်၊ပုလင်း၊ဘူးအရွယ်အစား ရေပမာဏတို့နဲ့ ချင့်ချိန်ပြီး ထည့်နိုင်ပါတယ်။

Detox water လုပ်တဲ့အခါ အသီးတမျိုးပဲထည့်လည်းရပေမယ့် အများအားဖြင့်တော့ အသီးနှစ်မျိုး သို့မဟုတ် အသီးနှစ်မျိုးနဲ့အရွက်တမျိုး သို့မဟုတ် အသီးသုံးမျိုးထည့်လေ့ရှိပါတယ်။

Detox water အမျိုးအစားဟာ အမျိုးအစားပေါင်း ၅၀ ကျော်ထိရှိပါတယ်။

အဲ့ထဲကမှ အသုံးများတဲ့ Detox water အမျိုးအစားတွေကိုသိသလောက်ပြောရရင် အောက်ပါအတိုင်းဖြစ်ပါတယ်။

ဖရဲသီး၊စတော်ဘယ်ရီ၊ပူစီနံ Detox water

ဒီအမျိုးအစားဟာ သောက်လို့လည်းအရသာရှိသလို ဆီးချိုထိန်းညှိ၊သွေးတိုးထိန်းညှိရာမှာလည်း အထောက်အကူူပြုတဲ့အတွက် ဆီးချိုရောဂါ၊သွေးတိုးရောဂါသမားတွေအတွက်အထူးသင့်တော်ပါတယ်။

ရှောက်သီး၊သံပုရာသီး၊သခွားသီး detox water

ဒီအမျိုးအစားက ဗီတာမင်စီကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားကိုမြင့်တင်ပေးနိုင်ပြီး အလွယ်တကူဖျားနာတာ၊အအေးမိလွယ်တာတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ဒါ့အပြင် ဝိတ်ချဖို့အတွက်လည်းအထောက်အကူပြုပါတယ်။

ပန်းသီး၊သစ်ဂျပိုးခေါက် detox water

ဒီအမျိုးအစားကတော့ Detox water သောက်သူတွေ အသောက်များတဲ့အမျိုးအစားပါ။ပန်းသီးနဲ့သစ်ဂျပိုးခေါက်မှာ ကျန်းမာရေးအတွက်အထောက်အကူပြုနိုင်တဲ့ဓါတ်တွေများစွာပါတယ်။ဒါ့အပြင် အသားအရေကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ်။

သရက်သီး၊ဂျင်း Detox water

ဒီအမျိုးအစားဟာ ခန္ဓာကိုယ်အတွင်းရှိ ဇီဝဖြစ်စဉ်ဖြစ်ပျက်ခြင်း(Metabolism)ကိုအားပေးသော အမျိုးအစားဖြစ်ပါတယ်။အစာချေဖျက်ရာမှာလည်းကူညီပေးသလို ဦးနှောက်မှတ်ဉာဏ်ကောင်းဖို့အတွက်လည်း ထောက်ပံ့ပေးပါတယ်။ဒါ့အပြင် လိင်စိတ်ကိုလည်းတိုးပွားစေနိုင်ပါတယ်။

လိမ္မော်သီး၊နာနတ်သီး Detox water

ဒီအမျိုးအစားဟာ သင့်ခန္ဓာကိုယ်အတွင်းရှိအဆီများကိုလောင်ကျွမ်းစေနိုင်သလို သင့်ကိုတနေကုန် လန်းဆန်းစေဖို့ရာလည်း အထောက်အကူပြုပါတယ်။

Detox water သောက်တဲ့အခါ တချို့လည်းရက်အနည်းငယ်သောက်ရုံနဲ့အကျိုးအာနိသင်ကို သိသာခံစားရရှိတာရှိသလို တချို့ကျတော့လည်းသောက်တာကြာမှ အကျိုးအာနိသင်ကိုသိသာခံစားရတတ်ပါတယ်။

Detox water သောက်တဲ့အခါ ရေရှည်စွဲသောက်ဖို့လိုပါတယ်။Detox water လုပ်ရာမှာ စိမ်တဲ့ အသီးအရွက်တွေကိုလည်း ဓါတ်မြေသြဇာ၊ပိုးသတ်ဆေးသုံးစိုက်ထားတဲ့အသီးအရွက်တွေမသုံးဘဲ သဘာဝ(organic)နည်းနဲ့စိုက်ထားတဲ့ အသီးအရွက်တွေကို သုံးသင့်ပါတယ်။

Detox water ကိုပုံမှန်ရေရှည်သောက်ပေးခြင်းဖြင့်

အစာခြေစနစ်ကိုကောင်းစေခြင်း

ဝမ်းချုပ်ခြင်းကင်းဝေးစေပြီး ဝမ်းမှန်စေခြင်း၊ဆီးမှန်စေခြင်း

ခန္ဓာကိုယ်ရှိအဆီပိုများကိုဖယ်ရှားပေးနိုင်ခြင်း

အသားအရေကိုကြည်လင်ဝင်းပစေခြင်း

ကိုယ်ခံအားကိုကောင်းမွန်စေခြင်း

တနေကုန်လန်းဆန်းတက်ကြွနေခြင်း စတဲ့အကျိုးကျေးဇူးတွေကိုရရှိနိုင်ပါတယ်။

Dr 528