အနာမြန်မြန်ကျက်စေမဲ့ ပျားရည်

အနာျမန္ျမန္က်က္ေစမဲ့ ပ်ားရည္

ပ်ားရည္ဆိုတာဟာ ပ်ားလုပ္သားေတြ စုပ္ယူစုေဆာင္းတဲ႔ပန္း၀တ္ရည္ေတြကေနျဖစ္လာတာပါ။

၀တ္ရည္စုပ္တဲ႔လုပ္သားပ်ားေတြဟာ ပန္းပြင္႔အမ်ိဳးမ်ိဳးကေန ပန္း၀တ္ရည္ေတြကို လိုက္လံစုပ္ယူပါတယ္။

ပ်ားအံုဆီေရာက္တဲ႔အခါမွာ ပန္း၀တ္ရည္စုပ္လာတဲ႔ လုပ္သားပ်ားေတြဟာ သူတို႔ စုပ္ယူရရွိတဲ႔ပန္း၀တ္ရည္ေတြကို ပ်ားအံုမွာေစာင္႔ေနတဲ႔ တျခားလုပ္သားပ်ားေတြရဲ႕ပါးစပ္ထဲကိုအန္ထုတ္ပါတယ္။

ထိုပ်ားအံုေစာင္႔လုပ္သားပ်ားေတြဟာ သူတို႔ ဗိုက္ထဲမွာရွိတဲ႔အင္ဇိုင္းေတြနဲ႔ပန္း၀တ္ရည္ေတြကို ေရာသြားေအာင္လုပ္ျပီးေနာက္မွာ ပ်ားအံုမွာရွိတဲ႔ပ်ားသလက္အကန္႔ေလးေတြထဲကို ျပန္အန္ထုတ္ပါတယ္။

ထိုပ်ားသလက္အကန္႔ေလးေတြထဲကို ပ်ားအံုေစာင္႔လုပ္သားပ်ားေတြ သူတို႔ရဲ႕အစာေျခအင္ဇိုင္းေတြနဲ႔ေရာျပီး အန္ထုတ္လုိက္တဲ႔ပ်ားရည္ဟာ ေရဓါတ္အမ်ားၾကီးပါေနေသးတဲ႔အတြက္ ကြ်န္ေတာ္တို႔ အခုျမင္ေတြ႔ေနရတဲ႔ပ်ားရည္လို မပ်စ္ေသးပါဘူး။

ထိုပါေနေသးတဲ႔ေရဓါတ္ကိုဖယ္ထုတ္ဖို႔ရန္အတြက္ လုပ္သားပ်ားေတြဟာ သူတို႔ရဲ႕အေတာင္ပံေတြကိုခတ္ကာပ်ားသလက္အကန္႔ေလးေတြနားမွာပ်ံ႕သန္းၾကရပါတယ္။

အဲ႔လိုနဲ႔ေရဓါတ္ေတြကိုဖယ္ထုတ္ျပီးလို႔ ပ်ားရည္ရတဲ႔အခါမွာေတာ႔ လုပ္သားပ်ားေတြဟာ ပ်ားရည္အစိုျပန္ျခင္း၊အခ်ဥ္ေပါက္ျခင္းမျဖစ္ရန္နဲ႔ျပင္ပပိုးမႊားေတြမ၀င္နိုင္ေစရန္အတြက္ပ်ားရည္ရွိတဲ႔ပ်ားသလက္အကန္႔ေလးေတြကို ဖေယာင္းကဲ႔သို႔ပစၥည္းေလးေတြထုတ္ျပီးလိုက္ဖံုးပါတယ္။

ပ်ားရည္ရဖို႔ဆိုရင္ ပ်ားဖြတ္တဲ႔သူေတြဟာ ပ်ားအံုရဲ႕ပ်ားသလက္ေလးေတြထဲမွာ ပ်ားရည္ျပည္႔တဲ႔အခ်ိန္ကိုမွန္းျပီး ပ်ားဖြတ္ရပါတယ္။

ပ်ားဖြတ္တယ္ဆိုတာဟာ သစ္ပင္ေတြမွာသူ႔ဘဘာ၀အတိုင္းစြဲေနတဲ႔ပ်ားအံုကို မီးခိုးမႈိင္းတိုက္ျပီး ပ်ားအံုမွာရွိတဲ႔ပ်ားေတြကိုထြက္ေျပးေအာင္လုပ္ကာ က်န္တဲ႔ပ်ားအံု(ပ်ားလပို႔)က ပ်ားသလက္ေတြကို အရည္ညွစ္ျပီး ပ်ားရည္ယူတာပါ။

ပ်ားဖြတ္တာက အႏၱရာယ္မ်ားျပီး အကုသိုလ္လည္းမ်ားပါတယ္။

အခုေခတ္မွာေတာ႔ ပ်ားေမြးျမဴေရးလုပ္ငန္းေတြလည္းေပၚလာတဲ႔အတြက္ ေမြးျမဴေရးပ်ားရည္ေတြလည္းရနိုင္ပါျပီ။

ပ်ားရည္ကို အရင္ေရွးေခတ္ကတည္းက အစားအစာျဖစ္ေသာ္လည္းေကာင္း ေဆး၀ါးအျဖစ္ေသာ္လည္းေကာင္း အသံုးျပဳခဲ႔ၾကပါတယ္။ခုေနာက္ပိုင္းသုေတသနေတြအရလည္း ပ်ားရည္ဟာ အာဟာရဓါတ္ေတြစံုလင္ျပီး က်န္းမာေရးအတြက္အေထာက္အကူျပဳေၾကာင္းသိရပါတယ္။

ပ်ားရည္ရဲ႕ သိသေလာက္ က်န္းမာေရးအက်ိဳးေက်းဇူးေတြကေတာ႔ ေအာက္ပါအတုိင္းျဖစ္ပါတယ္။

၁။ကင္ဆာေရာဂါနဲ႔နွလံုးေရာဂါေတြျဖစ္ပြားနိုင္ေျခကိုေလ်ာ႔နည္းေစျခင္း

ပ်ားရည္မွာ အင္တီေအာက္ဆီးဒန္႔ေခၚ ဓါတ္တိုးဆန္႔က်င္ပစၥည္းျဖစ္တဲ႔ Flavonoids ပါ၀င္တာေၾကာင္႔ ကင္ဆာေရာဂါနဲ႔နွလံုးေရာဂါျဖစ္ပြားနိုင္ေျခကို ေလ်ာ႔နည္းေစပါတယ္။

၂။ေသြးသြင္းသၾကားဓါတ္ပမာဏာကိုထိန္းညွိေပးနိုင္ျခင္း

ပ်ားရည္မွာ Glucose နဲ႔ Fructose သၾကားဓါတ္နွစ္မ်ိဳးပါ၀င္တာေၾကာင္႔ ေသြးသြင္းသၾကားဓါတ္ပမာဏာ တက္ျခင္း က်ျခင္းမျဖစ္ေအာင္ထိန္းညိွေပးနိုင္ပါတယ္။

၃။ကိုယ္အေလးခ်ိန္ကိုထိန္းညိွေပးျခင္း

ပ်ားရည္ဟာ ခႏၶာကိုယ္ထဲက မေကာင္းတဲ႔အဆီဓါတ္ျဖစ္တဲ႔ ကိုလက္စထေရာဓါတ္ကိုက်ေစနိုင္တာေၾကာင္႔ ကိုယ္အေလးခ်ိန္မ်ားေနသူမ်ားအေနနဲ႔ ပ်ားရည္ပံုမွန္စားသံုးရင္ ေရရွည္မွာ အေနေတာ္ကိုယ္အေလးခ်ိန္ျဖစ္လာနိုင္ပါတယ္။

၄။အစာေျခစနစ္နဲ႔အူလမ္းေၾကာင္းကိုေကာင္းမြန္ေစျခင္း

ပ်ားရည္ဟာ စားခ်င္႔ျပန္တာ(အစာေျခရည္ေတြအထက္ဆန္တာ)၊ရင္ပူတာ၊အစာအိမ္ေရာင္တာေတြကိုသက္သာေစပါတယ္။

ဒါ႔အျပင္ ပ်ားရည္မွာ အူလမ္းေၾကာင္းအက်ိဳးျပဳဘက္တီးရီးယား(Lactobacilli)ေတြပါ၀င္တဲ႔အတြက္၀မ္းပ်က္၀မ္းေလွ်ာျဖစ္ျခင္းကိုလည္းေလ်ာ႔ပါးသက္သာေစနိုင္ပါတယ္။

၅။အေအးမိ၊ေခ်ာင္းဆိုးေ၀ဒနာမ်ားကိုသက္သာေစျခင္း

Penn State College ကေန ျပဳလုပ္တဲ႔သုေတသနအရ ေခ်ာင္းဆိုးေနတဲ႔သူကို ညအိပ္ခါနီးပ်ားရည္တဇြန္းတိုက္ျခင္းျဖင္႔ ညဘက္အိပ္မရေအာင္ ေခ်ာင္းဆိုးျခင္းကိုသက္သာေစနိုင္ျပီး အာသီးေရာင္တာ လည္ေခ်ာင္းနာတာေတြကိုသက္သာေစနိုင္တယ္လို႔သိရပါတယ္။

၆။အသားအေရကို၀င္းပစိုေျပေစျခင္း

ပ်ားရည္ဟာ အေရျပားေပၚက ၀က္ျခံ၊တင္းတိပ္၊အမဲစက္ေတြကိုေပ်ာက္ကင္းသက္သာေစျပီး အသားအေရကို ၀င္းပစိုေျပေစနိုင္ပါတယ္။ပ်ားရည္ကိုစားသံုးတာအျပင္ သံလြင္ဆီ သို႔မဟုတ္ အုန္းဆီတို႔နဲ႔ေရာျပီး အေရျပားေပၚကိုလိမ္းေပးနိုင္ပါတယ္။

၇။အနာက်က္ျမန္ေစျခင္း

ပ်ားရည္မွာဘက္တီးရီးယားပိုးမႊားေတြ၊မႈိပိုးေတြကိုေသေစနိုင္တဲ႔အစြမ္းသတၱိရွိတဲ႔အတြက္ အေရျပားမွာအနာျဖစ္ပါက ပ်ားရည္လိမ္းေပးျခင္းျဖင္႔ ပိုး၀င္ေရာက္နိုင္ေျခနည္းျပီး အနာက်က္ျမန္ေစနိုင္ပါတယ္။

ဒါေတြကေတာ႔ သိသေလာက္ပ်ားရည္ရဲ႕က်န္းမာေရးအက်ိဳးေက်းဇူးေတြပါ။

တခုသတိထားရမွာကေတာ႔ တနွစ္ေအာက္ကေလးေတြကိုေတာ႔ ပ်ားရည္လံုး၀မတိုက္သင္႔ပါ။

ဘာျဖစ္လို႔လဲဆိုေတာ႔ ပ်ားရည္ထဲမွာ တခါတရံ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင္႔ Clostridium botulinum လို႔ေခၚတဲ႔ အဆိပ္ထုတ္နိုင္တဲ႔ ဘက္တီးရီးယားတမိ်ဳးရဲ႕မ်ိဳးဥမ်ားပါလာတတ္လို႔ပါ။

ထိုမ်ိဳးဥေတြက တနွစ္အထက္နဲ႔လူၾကီးေတြမွာဆိုရင္ အစာအိမ္အက္စစ္နဲ႔ထိျပီးပ်က္စီးသြားနိုင္ပါတယ္။

သို႔ေသာ္ တနွစ္ေအာက္ကေလးေတြမွာေတာ႔ သူတို႔ရဲ႕အစာအိမ္အက္စစ္ပမာဏက နည္းေသးတဲ႔အတြက္ ဘက္တီးရီးယားမ်ိဳးဥေတြက မပ်က္စီးဘဲ အူလမ္းေၾကာင္းမွာအေကာင္ေပါက္လာပါတယ္။

အဲ႔အခါမွာ ေပါက္လာတဲ႔ဘက္တီးရီးယားအေကာင္ေတြက အဆိပ္ထုတ္တဲ႔အတြက္ ကေလးငယ္ဟာၾကြက္သားေတြအားနည္းလာျပီး နို႔မစို႔နိုင္တာ၊အသက္ရႈၾကပ္လာတာ ေတြျဖစ္လာကာ အသက္အႏၱရာယ္စိုးရိမ္ရနိုင္ပါတယ္။အခ်ိန္မွီေဆးရံုတက္ကုသမႈမခံယူပါက အသက္ဆံုးရႈံးသည္အထိျဖစ္နိုင္ပါတယ္။

ဒါေၾကာင္႔တနွစ္ေအာက္ကေလးေတြဆိုရင္ပ်ားရည္မတိုက္တာအေကာင္းဆံုးပါ။

Dr သီတာႏြယ္(အမရပူရ)

Unicode Version

အနာမြန်မြန်ကျက်စေမဲ့ ပျားရည်

ပျားရည်ဆိုတာဟာ ပျားလုပ်သားတွေ စုပ်ယူစုဆောင်းတဲ့ပန်းဝတ်ရည်တွေကနေဖြစ်လာတာပါ။

ဝတ်ရည်စုပ်တဲ့လုပ်သားပျားတွေဟာ ပန်းပွင့်အမျိုးမျိုးကနေ ပန်းဝတ်ရည်တွေကို လိုက်လံစုပ်ယူပါတယ်။

ပျားအုံဆီရောက်တဲ့အခါမှာ ပန်းဝတ်ရည်စုပ်လာတဲ့ လုပ်သားပျားတွေဟာ သူတို့ စုပ်ယူရရှိတဲ့ပန်းဝတ်ရည်တွေကို ပျားအုံမှာစောင့်နေတဲ့ တခြားလုပ်သားပျားတွေရဲ့ပါးစပ်ထဲကိုအန်ထုတ်ပါတယ်။

ထိုပျားအုံစောင့်လုပ်သားပျားတွေဟာ သူတို့ ဗိုက်ထဲမှာရှိတဲ့အင်ဇိုင်းတွေနဲ့ပန်းဝတ်ရည်တွေကို ရောသွားအောင်လုပ်ပြီးနောက်မှာ ပျားအုံမှာရှိတဲ့ပျားသလက်အကန့်လေးတွေထဲကို ပြန်အန်ထုတ်ပါတယ်။

ထိုပျားသလက်အကန့်လေးတွေထဲကို ပျားအုံစောင့်လုပ်သားပျားတွေ သူတို့ရဲ့အစာခြေအင်ဇိုင်းတွေနဲ့ရောပြီး အန်ထုတ်လိုက်တဲ့ပျားရည်ဟာ ရေဓါတ်အများကြီးပါနေသေးတဲ့အတွက် ကျွန်တော်တို့ အခုမြင်တွေ့နေရတဲ့ပျားရည်လို မပျစ်သေးပါဘူး။

ထိုပါနေသေးတဲ့ရေဓါတ်ကိုဖယ်ထုတ်ဖို့ရန်အတွက် လုပ်သားပျားတွေဟာ သူတို့ရဲ့အတောင်ပံတွေကိုခတ်ကာပျားသလက်အကန့်လေးတွေနားမှာပျံ့သန်းကြရပါတယ်။

အဲ့လိုနဲ့ရေဓါတ်တွေကိုဖယ်ထုတ်ပြီးလို့ ပျားရည်ရတဲ့အခါမှာတော့ လုပ်သားပျားတွေဟာ ပျားရည်အစိုပြန်ခြင်း၊အချဉ်ပေါက်ခြင်းမဖြစ်ရန်နဲ့ပြင်ပပိုးမွှားတွေမဝင်နိုင်စေရန်အတွက်ပျားရည်ရှိတဲ့ပျားသလက်အကန့်လေးတွေကို ဖယောင်းကဲ့သို့ပစ္စည်းလေးတွေထုတ်ပြီးလိုက်ဖုံးပါတယ်။

ပျားရည်ရဖို့ဆိုရင် ပျားဖွတ်တဲ့သူတွေဟာ ပျားအုံရဲ့ပျားသလက်လေးတွေထဲမှာ ပျားရည်ပြည့်တဲ့အချိန်ကိုမှန်းပြီး ပျားဖွတ်ရပါတယ်။

ပျားဖွတ်တယ်ဆိုတာဟာ သစ်ပင်တွေမှာသူ့ဘဘာဝအတိုင်းစွဲနေတဲ့ပျားအုံကို မီးခိုးမှိုင်းတိုက်ပြီး ပျားအုံမှာရှိတဲ့ပျားတွေကိုထွက်ပြေးအောင်လုပ်ကာ ကျန်တဲ့ပျားအုံ(ပျားလပို့)က ပျားသလက်တွေကို အရည်ညှစ်ပြီး ပျားရည်ယူတာပါ။

ပျားဖွတ်တာက အန္တရာယ်များပြီး အကုသိုလ်လည်းများပါတယ်။

အခုခေတ်မှာတော့ ပျားမွေးမြူရေးလုပ်ငန်းတွေလည်းပေါ်လာတဲ့အတွက် မွေးမြူရေးပျားရည်တွေလည်းရနိုင်ပါပြီ။

ပျားရည်ကို အရင်ရှေးခေတ်ကတည်းက အစားအစာဖြစ်သော်လည်းကောင်း ဆေးဝါးအဖြစ်သော်လည်းကောင်း အသုံးပြုခဲ့ကြပါတယ်။ခုနောက်ပိုင်းသုတေသနတွေအရလည်း ပျားရည်ဟာ အာဟာရဓါတ်တွေစုံလင်ပြီး ကျန်းမာရေးအတွက်အထောက်အကူပြုကြောင်းသိရပါတယ်။

ပျားရည်ရဲ့ သိသလောက် ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ကင်ဆာရောဂါနဲ့နှလုံးရောဂါတွေဖြစ်ပွားနိုင်ခြေကိုလျော့နည်းစေခြင်း

ပျားရည်မှာ အင်တီအောက်ဆီးဒန့်ခေါ် ဓါတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ Flavonoids ပါဝင်တာကြောင့် ကင်ဆာရောဂါနဲ့နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။

၂။သွေးသွင်းသကြားဓါတ်ပမာဏာကိုထိန်းညှိပေးနိုင်ခြင်း

ပျားရည်မှာ Glucose နဲ့ Fructose သကြားဓါတ်နှစ်မျိုးပါဝင်တာကြောင့် သွေးသွင်းသကြားဓါတ်ပမာဏာ တက်ခြင်း ကျခြင်းမဖြစ်အောင်ထိန်းညှိပေးနိုင်ပါတယ်။

၃။ကိုယ်အလေးချိန်ကိုထိန်းညှိပေးခြင်း

ပျားရည်ဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့အဆီဓါတ်ဖြစ်တဲ့ ကိုလက်စထရောဓါတ်ကိုကျစေနိုင်တာကြောင့် ကိုယ်အလေးချိန်များနေသူများအနေနဲ့ ပျားရည်ပုံမှန်စားသုံးရင် ရေရှည်မှာ အနေတော်ကိုယ်အလေးချိန်ဖြစ်လာနိုင်ပါတယ်။

၄။အစာခြေစနစ်နဲ့အူလမ်းကြောင်းကိုကောင်းမွန်စေခြင်း

ပျားရည်ဟာ စားချင့်ပြန်တာ(အစာခြေရည်တွေအထက်ဆန်တာ)၊ရင်ပူတာ၊အစာအိမ်ရောင်တာတွေကိုသက်သာစေပါတယ်။

ဒါ့အပြင် ပျားရည်မှာ အူလမ်းကြောင်းအကျိုးပြုဘက်တီးရီးယား(Lactobacilli)တွေပါဝင်တဲ့အတွက်ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းကိုလည်းလျော့ပါးသက်သာစေနိုင်ပါတယ်။

၅။အအေးမိ၊ချောင်းဆိုးဝေဒနာများကိုသက်သာစေခြင်း

Penn State College ကနေ ပြုလုပ်တဲ့သုတေသနအရ ချောင်းဆိုးနေတဲ့သူကို ညအိပ်ခါနီးပျားရည်တဇွန်းတိုက်ခြင်းဖြင့် ညဘက်အိပ်မရအောင် ချောင်းဆိုးခြင်းကိုသက်သာစေနိုင်ပြီး အာသီးရောင်တာ လည်ချောင်းနာတာတွေကိုသက်သာစေနိုင်တယ်လို့သိရပါတယ်။

၆။အသားအရေကိုဝင်းပစိုပြေစေခြင်း

ပျားရည်ဟာ အရေပြားပေါ်က ဝက်ခြံ၊တင်းတိပ်၊အမဲစက်တွေကိုပျောက်ကင်းသက်သာစေပြီး အသားအရေကို ဝင်းပစိုပြေစေနိုင်ပါတယ်။ပျားရည်ကိုစားသုံးတာအပြင် သံလွင်ဆီ သို့မဟုတ် အုန်းဆီတို့နဲ့ရောပြီး အရေပြားပေါ်ကိုလိမ်းပေးနိုင်ပါတယ်။

၇။အနာကျက်မြန်စေခြင်း

ပျားရည်မှာဘက်တီးရီးယားပိုးမွှားတွေ၊မှိုပိုးတွေကိုသေစေနိုင်တဲ့အစွမ်းသတ္တိရှိတဲ့အတွက် အရေပြားမှာအနာဖြစ်ပါက ပျားရည်လိမ်းပေးခြင်းဖြင့် ပိုးဝင်ရောက်နိုင်ခြေနည်းပြီး အနာကျက်မြန်စေနိုင်ပါတယ်။

ဒါတွေကတော့ သိသလောက်ပျားရည်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေပါ။

တခုသတိထားရမှာကတော့ တနှစ်အောက်ကလေးတွေကိုတော့ ပျားရည်လုံးဝမတိုက်သင့်ပါ။

ဘာဖြစ်လို့လဲဆိုတော့ ပျားရည်ထဲမှာ တခါတရံ အကြောင်းအမျိုးမျိုးကြောင့် Clostridium botulinum လို့ခေါ်တဲ့ အဆိပ်ထုတ်နိုင်တဲ့ ဘက်တီးရီးယားတမျိုးရဲ့မျိုးဥများပါလာတတ်လို့ပါ။

ထိုမျိုးဥတွေက တနှစ်အထက်နဲ့လူကြီးတွေမှာဆိုရင် အစာအိမ်အက်စစ်နဲ့ထိပြီးပျက်စီးသွားနိုင်ပါတယ်။

သို့သော် တနှစ်အောက်ကလေးတွေမှာတော့ သူတို့ရဲ့အစာအိမ်အက်စစ်ပမာဏက နည်းသေးတဲ့အတွက် ဘက်တီးရီးယားမျိုးဥတွေက မပျက်စီးဘဲ အူလမ်းကြောင်းမှာအကောင်ပေါက်လာပါတယ်။

အဲ့အခါမှာ ပေါက်လာတဲ့ဘက်တီးရီးယားအကောင်တွေက အဆိပ်ထုတ်တဲ့အတွက် ကလေးငယ်ဟာကြွက်သားတွေအားနည်းလာပြီး နို့မစို့နိုင်တာ၊အသက်ရှုကြပ်လာတာ တွေဖြစ်လာကာ အသက်အန္တရာယ်စိုးရိမ်ရနိုင်ပါတယ်။အချိန်မှီဆေးရုံတက်ကုသမှုမခံယူပါက အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်ပါတယ်။

ဒါကြောင့်တနှစ်အောက်ကလေးတွေဆိုရင်ပျားရည်မတိုက်တာအကောင်းဆုံးပါ။

Dr သီတာနွယ်(အမရပူရ)